Wednesday, May 25, 2016

ရေပူဆရာတော်သတင်း


"လက်ရှိအစိုးရလက်ထက် တရားရေးမဏ္ဍိုင်ပြုပြင်ဖို့လိုအပ်ဟု မိုးကုတ်ရေပူဆရာတော် မိန့်ကြား"

မန္တလေး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျောင်ရပ်ကွက် ဒက္ခိဏရာမ ဘုရားကြီးတိုက် အလယ်တိုက်ကြီးပေါ်တွင် မေလ ၂၀ ရက်နေ့က မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ လက်ရှိအစိုးလက်ထက်တွင် တရားရေးမဏ္ဍိုင်ကို
ပြုပြင်ဖို့လိုအပ်ကြောင်း ပြောသည်။

"ဘုန်းကြီးကို ဝန်းရံပေးခဲ့တဲ့သတင်းမီဒီယာများ ဒါယက ဒါယိကာမများအားလုံးကို အထူးကျေးဇူတင်ပါတယ်။ ထောင်ကျခံနေချိန်တွင် လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖြစ်မှန်သိရှိဖို့ မိုးကုတ်က ကျောင်းတိုက်ကို သွားရောက်လေ့လာတာကို မန္တလေးအိုးဘိုအတွင်းက အကျဉ်းသားတွေက ပြောလို့ သိရတယ်။ ဝန်ကြီးချုပ်တော့ ဆရာတော့်ကျောင်းကို သွားတယ် ဆရာတော်လွတ်တော့မယ်လို့ပြောကြပါတယ်။ ဘုန်ကြီးက အကျဉ်းသားတွေကိုပြန်ပြောခဲ့ပါတယ် ဒီလိုစနစ်တွေ မကြိုက်လို နိင်ငံရေးလုပ်လာတာ အုပ်ချုပ်ရေမဏ္ဍိုင်ဟာ တရားရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူး။
ဘုန်ကြီးအနေနဲ့လက်မခံကြောင်း အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ တရားရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ အရပ်သားအစိုးရသစ်လက်ထက် မတရားမှုတွေ ပပျောက်ဖို့ဆို တရားရေးမဏ္ဍိုင်ကြီးကို ပြုပြင်ဖို့လိုအပ်တယ်"ဟု ဆရာတော်က
မိန့်ကြားခဲ့သည်။

စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment