Wednesday, May 25, 2016

မန္တလေး ကုန်စည်ဒိုင်သတင်း

ကုန်စည်ဒိုင်(မန္တလေး)တွင် မကြာခဏဖြစ်ပေါ်နေသည့် ငွေကြေးလိမ်လည်မှုများကို
အစိုးရမှ ချမှတ်ပေးမည့် ဥပဒေတစ်နည်းနည်းဖြင့်
ဟန့်တားထိန်းချုပ်ပေးရန်လိုအပ်နေ



မန္တလေးမြို့၏
ပွဲစားကုန်သည်စက်ပိုင်များကထိန်တော်အသင်း(ကုန်စည်ဒိုင်)တွင်
မကြာခဏဖြစ်ပေါ်လျက်ရှိသည့် ငွေကြေးလိမ်လည်မှုများသည် အစိုးရမှ
ချမှတ်ပေးမည့် ဥပဒေတစ်နည်းနည်းဖြင့်
ဟန့်တားထိန်းချုပ်ပေးရန်လိုပ်နေကြောင်း မန္တလေးကုန်စည်ဒိုင်အသင်းသားများ၏
ပြောကြားချက်အရ သိရသည်။

“ကုန်စည်ဒိုင်အသင်းဝင်အများစုက နိုင်ငံခြားပို့ကုန်ပဲမျိုးစုံကို
ငွေလက်ငင်းမချေဘဲ ကုန်ပစ္စည်းကိုလက်ခံယူထားတာက တစ်ကြောင်း၊
ကုန်ပစ္စည်းကိုအကြောင်းပြုပြီးတော့ ငွေကို ကြိုတင်ယူထားခြင်းကတစ်ကြောင်း၊
ယုံကြည်မှုအရ အရောင်းအ၀ယ်ပြုလုပ်နေတဲ့အပေါ် ဖြစ်ပေါ်လာတဲ့
ငွေကြေးပြဿနာတွေကို တောင်သူတွေနဲ့ပွဲရုံငယ်တွေသာ အဓိကနစ်နာဆုံးရှုံး
နေတာကတစ်ကြောင်း အကြောင်းအမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတယ်။
ငွေကြေးပြဿနာဖြစ်တိုင်းမှာ အရပ်သဘောနဲ့ပြေလည်နိုင်သလောက်
ပေးချေညှိနှိုင်းပြီးတော့ ကြေအေးခဲ့ ကြတာပဲ။ ဖြေရှင်းတဲ့နည်းလမ်းမဟုတ်တော့
ဒီလိုပြဿနာတွေက အကြိမ်ကြိမ်ဖြစ်ပေါ်နေတယ်။ အဲဒီအတွက်
ငွေကြေးပြဿနာဖန်တီးလိုသူတွေကို နိုင်ငံတော်ကထိရောက်တဲ့ဥပဒေတစ်ရပ်ရပ် နဲ့
ဝင်ရောက်ဟန့်တားထိန်းချုပ်ပေးဖို့
အသင်းသားတွေကတောင်းဆိုနေကြတယ်။”မန္တလေးကုန်စည်ဒိုင်အသင်းဝင်ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်)ပွဲရုံကပြော
သည်။

မန္တလေးကုန်စည်ဒိုင်တွင် ကြိုရောင်းကြိုဝယ်ကိစ္စရပ်များကို မပြုလုပ်ကြရန်
စည်းကမ်းချက်များ ထုတ်ပြန်ကြေညာထားသော်လည်း လိုက်နာမှုမရှိကြဘဲ

အသင်းသားတစ်ချို့မှ လုပ်ဆောင်ခဲ့ကြရာ
ဈေးနှုန်းကွာဟချက်ကြီးမားသွားခြင်းကြောင့်
ယခုကဲ့သို့ငွေကြေးပြဿနာများဖြစ်ပေါ်နေသည်။

ယခုအချိန်တွင် အသင်းသားများအနေဖြင့် ယင်းပြဿနာများဖြစ်ပေါ်မှုနှင့်ပတ်သက်၍
ဟန့်တားထိန်းချုပ်နိုင်ရန်အတွက် ကြိုရောင်းကြိုဝယ်ပြုလုပ်ပါက
အသင်းရုံးတွင် အရောင်းအ၀ယ်စာချုပ်ချုပ်ဆို၍ရောင်းသူရော/၀ယ်သူနှစ်ဦးမှာ
ပစ္စည်းတန်ဖိုး၏ ၁၀ရာခိုင်နှုန်းကိုကြိုတင်ပေးသွင်း၍ ရက်ပေါင်း(၃၀)အတွင်း
အပြီးပေး ချေနိုင်ရန်စည်းကမ်းချက်များထုတ်ပြန်ထားသည်။

“အဓိကဖြစ်ရတာကကြိုရောင်းတဲ့အချိန်မှာဈေးကနိမ့်ပြီးငွေရှင်းရမယ့်အချိန်လဲရောက်ရော
ဈေးမြင့် သွားတော့ မရှင်းနိုင်ကြဘဲ အခုလိုပြဿနာတွေဖြစ်နေတာ။
ဒီလိုဖြစ်လာတဲ့အခါ
အသင်းကထုတ်ပြန်ထားတဲ့စည်းကမ်းအရအသင်းသားအဖြစ်ကနေထုတ်ပယ်တာမျိုးပဲ
လုပ်လို့ရမယ်။ဒါကိုမကျေနပ်ရင်လည်း
ပြင်ပကနေတရားဥပဒေအရတရားစွဲဆိုလို့ရပါတယ်။”ဟု
မန္တလေးကုန်စည်ဒိုင်ဒုဥက္ကဌဦးကျော်သွင်ကထပ်လောင်းပြောကြားသည်။

မန္တလေးကုန်စည်ဒိုင်တွင်ယခုမေလအတွင်းကြိုရောင်းကြိုဝယ်ကိစ္စရပ်များကြောင့်
ငွေကျပ် သိန်းပေါင်း၁၀၀၀၀ကျော် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ပြီး
မန္တလေးကုန်စည်ဒိုင်တွင်၅နှစ် အတွင်းလေးကြိမ်တိတိဖြစ်ပေါ်ခဲ့ကြောင်း၊
၂၀၁၄ခုနှစ်နှင့် ၂၀၁၅ခုနှစ်များတွင်လည်း ယင်းသို့သောဖြစ်စဉ်များ
ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထူးအောင်ခန့် 

posted from Bloggeroid

No comments:

Post a Comment