Friday, May 27, 2016

အခတ်အခဲတွေနဲ့ပညာသင်ရသူများဘဝ





နေ့စဉ် သက်စွန့်ဆံဖျား ကျောင်းသွားရတဲ့ ကလေးငယ်များ

===================
===================

ရွာထဲက ထွက်ဖို့ ပေနှစ်ထောင်မြင့်တဲ့ တောင်ကို အတက်အဆင်း လုပ်ရပါသေးတယ်။

တရုတ်ပြည်အနောက်တောင်ပိုင်းမှာရှိတဲ့ ရွာလေးတစ်ရွာက ကလေးငယ်တွေဟာ နေ့စဉ် အသက်စွန့်ပြီး ကျောင်းတက်ရသူတွေဖြစ်နေတယ်လို့ သိရပါတယ်။ ရွာကလေးက ပေနှစ်ထောင်ကျော် မြင့်တဲ့ တောင်ပေါ်မှာရှိတဲ့ တောင်အောက်မှာရှိတဲ့ ကျောင်းကို နေ့စဉ်သွားတက်ရတာပါ။

ရွာထဲကနေ အပြင်ကထွက်ဖို့ ကြိုးစားတဲ့အခါ တောင်ကမ်းပါးနံရံမှာ ပြုလုပ်ထားတဲ့ ကြိုးလှေခါးကို အသုံးပြုကြရပါတယ်။ လူကြီး၊ ကလေးမရွေးပဲ ကြိုးလှေကားကို အသုံးပြုပြီး ရွာပြင်ကို ထွက်ကြရတာ ဖြစ်ပါတယ်။ တောင်ထိပ်မှာရှိတဲ့ အဆိုပါရွာကလေးကို တောင်ကမ်းပါးရွာလို့ ခေါ်ပြီး ပေပေါင်း ၂၆၂၄ မြင့်တဲ့တောင်ပေါ်မှာ တည်ရှိပါတယ်။

တောင်အောက်ကိုဆင်းဖို့ ကြိုးလှေခါးပေါင်း ၁၇ ခုရှိပြီး အချိန် နှစ်နာရီလောက် ကြာမြင့်လေ့ရှိတယ်လို့ သိရပါတယ်။ ဒီတောင်ကလေးဟာ စီချွမ်ပြည်နယ် ဇိုကျူးစီရင်စုအတွင်းမှာ တည်ရှိတာ ဖြစ်ပါတယ်။

တောင်ထိပ်ရွာကလေးမှာ အိမ်ခြေ ၇၂ အိမ်သာရှိပြီး နေ့စဉ် အသက် ၆ နှစ်ကနေ ၁၅ နှစ်ကြားရှိတဲ့ ကလေးငယ်တွေဟာ စာသင်ကျောင်းကို သွားဖို့ တောင်အောက်ကို ဆင်းရလေ့ရှိပါတယ်။

လူကြီးတွေအတွက်တော့ တောက်အောက်ကိုဆင်းဖို့၊ ဒါမှမဟုတ် တောင်ပေါ်တက်ဖို့ တစ်နာရီလောက်သာ ကြာတယ်လို့ ဆိုပါတယ်။ ဒီတောင်ကို အတက်အဆင်းပြုလုပ်ရင် သေဆုံးခဲ့သူ အနည်းဆုံး ၈ ဦးလောက်ရှိပြီလို့ သိရပါတယ်။

Source : Daily Mail

============

Duwun

posted from Bloggeroid

Wednesday, May 25, 2016

မြွေနဲ့ကား


မြွေနဲ့ လိုင်းကားပေါ် မတက်ဖို့ ပြောတာကြောင့် လိုင်းကားထဲ မြွေပစ်ထည့်ပြီး ထွက်ပြေးသူ

===================
===================

မြွေနဲ့အတူ လိုင်းကားပေါ်တက်လာတဲ့ လူကို မြွေပါရင် မစီးဖို့ပြောတာကြောင့် အဆိုပါ လူဟာ မြွေကိုကားပေါ်ပစ်ထည့်ပြီး ထွက်ပြေးတဲ့ ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံကျန်ကျိုးပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။

အခုလအစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မြွေကိုပလတ်စတစ်ပုံးထဲ ထည့်လာတဲ့လူတစ်ယောက်ဟာ ကားပေါ်တက်လာတာကြောင့် ဒရိုင်ဘာက ကြောက်လန့်ကာ အပေါ်မတက်ဖို့ပြောပါတယ်။ ဒီအခါမှာ အဆိုပါလူက မြွေဟာ သူမွေးထားတဲ့မြွေဖြစ်ကြောင်းနဲ့ အဆိပ်မရှိကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒရိုင်ဘာက လက်မခံတာကြောင့် စိတ်ဆိုးပြီး မြွေကို ဘတ်စ်ကားထဲပစ်ထည့်ကာ ထွက်သွားတာဖြစ်တယ်လို့ တရုတ်ဘာသာ သတင်းဝက်ဆိုက် Net Ease ကဖော်ပြထားပါတယ်။

မြွေကြောင့် တစ်ကားလုံးရုတ်ရုတ်သဲသဲ ဖြစ်ပြီး တစ်ယောက်မကျန် ကားပေါ်က ဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။

============

Duwun

posted from Bloggeroid

မြန်မာနိုင်သားကျူးမဟုတ်

ကျူးကျော် တွေအတွက် ပြည်သူ့အစိုးရ လာပြီလေ
==============================
၂၅..၅..၁၆
-
အရင်အစိုးရ လက်ထက်က မြင်ဖူးနေတာ ကျူးကျော်ဆိုပြီး ဘော်ဒိုဇာနှင့်
ထိုးတယ် ရီုက်နှက်မောင်းထုတ်တယ် ။ ဒီလုပ်ရပ်က ကျူးကျော်
တွေကိုရှင်းတဲ့ နည်းလမ်း အမှန်မဟုတ်ဘူး လေ
-
ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဒီနေ့ပြောသွားတာမှ ကျူးကျော်ပြသနာရဲ့
အဖြေပါဘဲ့ ။ မြန်မာနိုင်ငံသား အားလုံးကို နိုင်ငံတော် အစိုးရက
တာဝန်ယူရ ပါလိမ့်မယ်
-
မရှိဆင်းရဲလို့ တကယ်နေစရာမရှိလို့ ကျူးကျော်တဲ့သူတွေကို နေစရာပေးမယ်
အလကားတော့မရဘူး ( အလုပ်လုပ်ရမယ် )အလုပ်ကိုင် အခွင့်လမ်း အစိုးရကဖန်တီးပေးမယ် ။ ကျောင်းနေအရွှယ်တွေ မှန်သမျကျောင်းတက်
ရမယ် ( ပညာရေးက )အခမဲ့ဆိုတော့ ကောင်းပြီလေ
-
အစိုးရပိုင် မြေကွက်များအပေါ် မင်းမဲ့စရိုက် ထပ်ကျူးကျော်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်တဲ့ ( ဒါဘဲ့လေ )
-
တရားဥပဒေ စိုးမိုးမှုရှိရမယ် နိုင်ငံသားတွေအပေါ် နေဖို့နေစရာမရှိရင် အစိုးရက နေစရာ ဖန်တီးပေပြီးရင် စားစရာ ဖန်တီးပေးနိုင်ရမယ် ပညာမသင် မနေရ ပြည်သူအားလုံး ပညာသင်နိုင်အောင် အစိုးရဖန်တီး ပေးနိုင်ရမယ်
-
ကျန်းမာရေး စောက်ရှောက်မှုတွေ ပေးနိုင်ရတယ် ( ဒါတွေပေးပြီးရင် )
တရားဥပဒေစိုးမိုးမှု ရှိရမယ် ဒါမှ အစိုးရကောင်းလို့ ခေါ်တယ်
===============
ဧပရယ်မောင်မောင်

posted from Bloggeroid

ဖားကန့် မြေစာပုံပိ၍လူများထက်မံသေဆုံး

ဖားကန့်တွေမြေစာပုံ ထပ်မံပြိုကျ လူရာချီပျောက်ဆုံးနေပြီး အလောင်း လေးဆယ်ကျော်ခန့်တူးဖော်ရရှိ

====================
====================

ဖားကန့်မြို့နယ် ဝှေခါမှော်ရတနာကြယ် ကျောက်စိမ်း လုပ်ကွက်အတွင်း ယမန်နေ့ ည ရှစ်နာရီအချိန်ခန့်က မြေစာပြိုကျမူ ဖြစ် ပွားသောကြောင့် ကျောက် ရှာလုပ်သားရာနှင့်ချီ၍ ဖုံးလွှမ်း သွားခဲ့ရကြောင်း ဝှေခါကျေးရွာသားများကပြောကြားသည်။

“ လူနှစ်ရာလောက်တော့ရှိမယ်။ အခုအလောင်းတွေ့တာ လေးဆယ်ကျော် ငါးဆယ်လောက်ရှိပြီ ။” ဟု ကိုမျိုးထွန်းက ပြောကြားသည်။

မြေစာဖုံးလွှမ်းသွားသော နေရာများအား ကုမ္ပဏီနှင့် သက်ဆိုင်ရာက ပြန်လည် တူးဖော်ရှာဖွေခြင်းမျိုးမရှိပဲ နီးစပ်ရာ တူးဖော်နေကြကြောင်းလည်းသိရသည်။

“ ပြိုတဲ့အချိန် မြေသားလိုင်းလုံးကြီး အကြီးကြီးလိမ့်ဆင်းလာပြီးအကုန်လုံးကို ရိုက်ချသွားတယ်လို့ပြောတယ် တစ်ချို့နေရာတွေဆို မြင်တောင်မမြင်လိုက်ရဘူး။ တစ်ချို့လည်းအဝေးကိုလွှင့်သွားပြီးမနက်ကအထိ တစ်ချို့နေရာတွေမှာ သုံလေးလောင်းလောက် ခေါင်းတွေပေါ်နေတာကိုတွေ့ရတယ်။” ဟု အဆိုပါနေရာသို့ ရောက်ရှိခဲ့သော ဝှေခါကျေးရွာသားတစ်ဦးကပြောကြားသည်။

မြေစာပုံပြိုကျသောနေရာသည် အန္တရာယ်ရှိသောအနေအထားဖြစ်ကြောင်း ကြိုတင်သတိပေးဆိုင်းဘုတ်များ စိုက်ထူထားခြင်းမရှိကြောင်းလည်းသိရသည်။

“ ကုမ္ပဏီကတော့ ပြိုမယ်ဆိုတာတော့ သိတာပေါ့။ ဒါပေမယ့် ရေမဆေးတွေကလည်း သူ့လောဘ ကိုယ့်လောဘဆိုတော့ ၀င်တာပေါ့။ ဒီနေရာတွေကနောက်ထပ်လည်းပြိုဦးမှာပဲ။ တစ်ချို့နေရာတွေမှာ အိလို့နေထားတုန်းပဲ။” ဟု အဆိုပါနေရာ သို့ရောက်ရှိခဲ့သည့် ကိုမျိုးထွန်း ကဆိုသည်။

ဖားကန့်ဒေသတွင် ကုမ္ပဏီလုပ်ငန်းလုပ်ကွက်များမှ မြေစာပြို ကျမူကြောင့် နှစ်စဉ် လူသေဆုံးမူများဖြစ်ပွားလျှက်ရှိပြီး လွန်ခဲ့သော နှစ်အတွင်းကလည်း မြေစာပြိုကျမူကြောင့် လူရာချီပျောက်ဆုံးမူ နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့သေးသည်။

The Voice of Sha ni

================

SAW

posted from Bloggeroid

အိမ်သာတက်ရင်မွေအကိုက်ခံရသူ


အိမ်သာတက်ရင်း ဖင်ကို မြွေကိုက်ခံရသူ စိုးရိမ်စရာ အခြေအနေ မရှိကြောင်း
ဆရာဝန်များ သတင်းထုတ်ပြန်

25 May 2015

ယနေ့ မနက် (၆)နာရီအချိန်က ထိုင်းနိုင် ချချိုဆောင်း ပြည်နယ်အတွင်း
အိမ်သာတက်ရင်း စပါးအုံးမြွေ အကိုက်ခံရသူ အထဖွန် အသက် (၃၈)နှစ် ရဲ့ 
အခြေအနေနဲ့  ပါတ်သက်ပြီး စိုးရိမ်ဖွယ်မရှိတော့ကြောင်း ချချိုဆောင်း ဆေးရုံ ဆရာဝန် တွေက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အရှည်(၉)ပေကျော် စပါးအုံးမြွေတကောင်က ရေလောင်း အိမ် သာခွက် အတွင်း ၀င်ခွေနေခဲ့တာပါ။

အမျိုးသားဖြစ်သူရဲ့  အော်သံကြောင့် ဇနီးက အိမ်သာတခါးဖွင့်ဝင်လိုက်တော့
ဖင်ကိုမြွေက အမိအရကိုက်ထားလို့  တန်းလန်းကြီးဖြစ်နေတာတွေ့ ရလို့ 
အိမ်နီးချင်းတွေကို အော်ခေါ်ပြီး အကူညီတောင်းခဲ့ရပါတယ်လို့  ဇနီးဖြစ်သူက
ပြောပါတယ်။

ခုလောက်ကြီးတဲ့ မြွေဟာ ၀င်ခွေနေမယ်လို့ လုံးဝမထင်ခဲ့တဲ့ အပြင် အိမ်သာတက်တိုင်း အောက်က ခွက်ကို ကြည့်လေ့ မရှိကြောင်း၊ "ကျွန်တော်မနက်ပိုင်း အိမ်သာတက်တာ ငါးမိနစ် သာရှိလိမ့်မယ် ဖင်မှာစူး ကနဲ ဖြစ်ပြီး မြွေကြီးက ဖင်မှာကပ်ပါလာ တာပါဘဲ" လို့  မြွေကိုက်ခံရသူ အထဖွန်က ရှင်းပြခဲ့ပါတယ်။

SAW
Credit mthai.com

posted from Bloggeroid

ရေပူဆရာတော်သတင်း


"လက်ရှိအစိုးရလက်ထက် တရားရေးမဏ္ဍိုင်ပြုပြင်ဖို့လိုအပ်ဟု မိုးကုတ်ရေပူဆရာတော် မိန့်ကြား"

မန္တလေး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျောင်ရပ်ကွက် ဒက္ခိဏရာမ ဘုရားကြီးတိုက် အလယ်တိုက်ကြီးပေါ်တွင် မေလ ၂၀ ရက်နေ့က မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ လက်ရှိအစိုးလက်ထက်တွင် တရားရေးမဏ္ဍိုင်ကို
ပြုပြင်ဖို့လိုအပ်ကြောင်း ပြောသည်။

"ဘုန်းကြီးကို ဝန်းရံပေးခဲ့တဲ့သတင်းမီဒီယာများ ဒါယက ဒါယိကာမများအားလုံးကို အထူးကျေးဇူတင်ပါတယ်။ ထောင်ကျခံနေချိန်တွင် လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖြစ်မှန်သိရှိဖို့ မိုးကုတ်က ကျောင်းတိုက်ကို သွားရောက်လေ့လာတာကို မန္တလေးအိုးဘိုအတွင်းက အကျဉ်းသားတွေက ပြောလို့ သိရတယ်။ ဝန်ကြီးချုပ်တော့ ဆရာတော့်ကျောင်းကို သွားတယ် ဆရာတော်လွတ်တော့မယ်လို့ပြောကြပါတယ်။ ဘုန်ကြီးက အကျဉ်းသားတွေကိုပြန်ပြောခဲ့ပါတယ် ဒီလိုစနစ်တွေ မကြိုက်လို နိင်ငံရေးလုပ်လာတာ အုပ်ချုပ်ရေမဏ္ဍိုင်ဟာ တရားရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူး။
ဘုန်ကြီးအနေနဲ့လက်မခံကြောင်း အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ တရားရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။ အရပ်သားအစိုးရသစ်လက်ထက် မတရားမှုတွေ ပပျောက်ဖို့ဆို တရားရေးမဏ္ဍိုင်ကြီးကို ပြုပြင်ဖို့လိုအပ်တယ်"ဟု ဆရာတော်က
မိန့်ကြားခဲ့သည်။

စိုင်းထူးခန့် 

posted from Bloggeroid

လက်ပံထောင်းတစ်ကိုယ်တော်ဆန္ဒပြ

လက်ပံတောင်းတောင်သူများအရေး လက်ရှိအစိုးရသိရှိစေရန် ရန်ကုန်မှ လက်ပံတောင်းအထိ တကိုယ်တော် လမ်းလျောက်သူ မန္တလေးရောက်ရှိ
---- ------ ------ ------ ----
လက်ရှိအစိုးရအနေဖြင့် လက်ပံတောင်းတောင်သူများအရေး ဖြေရှင်းပေးရန်နှင့် ဝမ်ပေါင်ကုမ္ပဏီ ထွက်သွားပေးရန် မေလ ၁၄ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ခန်းမရှေ့မှ လက်ပံတောင်းအရောက် တကိုယ်တော် လမ်းလျောက်ချီတက်ဆန္ဒထုတ်ဖော်သူ ဖိုးစနေ(ခ)ဆန်နီသည် မေလ ၂၂ ညနေအချိန်က မန္တလေးသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။ ၎င်းသည် နိင်ငံရေး အကျဉ်းသားများကွန်ရက်မှဖြစ်ပြီး ယနေ့ မေ ၂၃ တွင် အမရပူရမှ ဆက်လက်ထွက်ခွာလျက်ရှိကြောင်း သိရသည်။

"အခု ကျွန်တော်ဆန္ဒပြတာမဟုတ်ပါဘူး။ လက်ပံထောင်းအရေးကိစ္စ၊ တောင်သူဒေါ်ခင်ဝင်း သေဆုံးမှု၊ ဝမ်ပေါင်ကုမ္ပဏီစာချုပ် ဖျက်သိမ်းပေးဖို့စတာတွေကို လက်ရှိအစိုးရသိအောင် တောင်းဆိုတာဖြစ်ပါတယ်။ ကျွန်တော်သည် တောင်သူတွေနဲ့ တသားတည်ရှိတယ်ဆိုတာပြတဲ့အနေနဲ့ အခုလို တကိုယ်တော် လမ်းလျှောက်ရတာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

စိုင်းထူးခန့်

posted from Bloggeroid

လယ်ယာမြေ

မကွေးတိုင်း အစိုးရအဖွဲ့သို့ လယ်ယာမြေမှုခင်းပေါင်း ၂၀၀၀ ကျော် စံချိန်တင်တိုင်းကြားမှု ဥပဒေသစ်ဖြင့်သာ ဖြေရှင်းနိုင်မည်ဟု လယ်/စိုက်ဝန်ကြီး ပြောကြား
---- ------ ------ ------ ----
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒေသခံများက လယ်ယာမြေတိုင်ကြားစာပေါင်း ၂၀၀၀ကျော် စံချိန်တင် တိုင်ကြားထားမှုကို လက်ရှိ ၂၀၁၂ လယ်ယာမြေဥပဒေအရ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘဲ ၂၀၁၆ ဇန်န၀ါရီလတွင် လွှတ်တော်က အတည်ပြုပေးခဲ့သော အမျိုးသားမြေအသုံးချမှု မူဝါဒအရ အသစ်ထပ်မံထွက်ရှိမည့် လယ်ယာမြေဥပဒေသစ်ဖြင့်သာ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးစိုးမြင့်က ပြောသည်။။

“လက်ရှိလယ်ယာမြေဥပဒေက တောင်သူလယ်သမားတွေကို အကာအကွယ်မပေးနိုင်ပါဘူး ဥပဒေက လယ်သမားတွေကို မလှုပ်နိုင်အောင် ချုပ်ကိုင်ထားတဲ့အချက်တွေပါနေပါတယ်။ အခု၂၀၁၂ လယ်ယာမြေဥပဒေကို အစားထိုးဖို့ အီးယူပညာရှင်တွေ၊ အမေရိကန်ပညာရှင်တွေနဲ့ ဆွစ်ဇာလန်ပညာရှင်တွေ ပူးပေါင်းရေးဆွဲထားတဲ့ လယ်ယာမြေဥပဒေသစ်ကတော့ ဒီကိစ္စတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်”ဟု ယင်းက မေ ၂၃ ရက်တွင် News Watch သို့ ပြောသည်။

အသစ်ထွက်လာမည့် လယ်ယာမြေဥပဒေအရ တောင်သူလယ်သမားများ၏ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို လယ်နီးချင်းတွေက ထောက်ခံရုံဖြင့် ပိုင်ဆိုင်ခွင့်ပေးထားပြီး လယ်ယာမြေကို စိတ်ကြိုက်အသုံးပြုခွင့်လည်း ပေးထားသည်။ ထိုစိတ်ကြိုက် အသုံးပြုခွင့်အရ လယ်သမားများမှာ မိမိလယ်ယာပေါ်တွင် စိတ်ကြိုက်သီးနှံ စိုက်ပျိုးနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်၊ လက်လွှဲရောင်းချခွင့်၊ ပေါင်နှံခွင့်များဖြင့် လယ်သမားများကို အားမခံချက်မျိုးစုံပေးထားသည်ဟု ၎င်းက ပြောသည်။

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေး၏ အစီအစဉ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ခေါင်းစဉ်များဖြင့် လယ်ယာမြေ သိမ်းဆည်းမှုအချို့ရှိနေသည်။ ယင်းသိမ်းဆည်းမြေများမှာ ရပ်ရွာဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် သိမ်းဆည်းမြေ၊ ကျောင်းရန်ပုံငွေအဖြစ် သိမ်းဆည်းမြေများလည်း ရှိသည်။ အချို့သိမ်းဆည်းခံ တောင်သူလယ်သမားများမှာ လယ်ယာမြေပိုင်ဆိုင်ခွင့်အရ လယ်ယာမြေစီမံခန့်ခွဲခွင့်အရ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်တွင် ဖြေရှင်းနေရသည့်အပြင် တရားရုံးတွင်လည်း ရပ်ရွာအဖွဲ့အချို့၏ သီးစားခတောင်းခံခြင်းကိုလည်း နှစ်ပေါင်းများစွာ ခံစားနေရသည့်အတွက် လူမှုဘ၀အခက်အခဲများပင် ဖြစ်နေရသည်ဟု ကိုယ်တိုင်လယ်ယာမြေသိမ်းဆည်းခံထားရပြီး ရုံးနှစ်ရုံးတွင် အမှုရင်ဆိုင်နေရသူ စလင်းမြို့နယ် ကန်တိုင်ကွေ့ကျေးရွာမှ ဦးမောင်မြင့်က ပြောပြသည်။

ထိုလယ်ယာမြေသိမ်းဆည်းခံရခြင်းနှင့် လယ်ယာမြေ အရှုပ်အရှင်းတိုင်ကြားစာပေါင်း ၂၀၀၀ ကျော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှုလက်ခံထားပြီး မကြာမီထွက်ရှိလာမည့် လယ်ယာမြေဥပဒေသစ်အရ အားလုံးဖြေရှင်းပေးသွားမည်ဖြစ်သည်။ ထိုဥပဒေသစ်ထဲတွင် အမျိုးသမီးများ လယ်ယာမြေပိုင်ဆိုင်ခွင့်နှင့် အမွေဆက်ခံပိုင်ခွင့်ကိုလည်း ထည့်သွင်းပေးထားပြီး လယ်သမားများကို အပြည့်အ၀ အကာအကွယ်ပေးမည်ဟု ဆိုသည်။ ထို့ပြင် လယ်ယာမြေအနည်းအကျည်းသာ ပိုင်ဆိုင်သူများအတွက်လည်း စီးပွားရေးအရ အဆင်ပြေနိုင်မည့် အစီအစဉ်ပေါင်းများစွာကိုလည်း စီစဉ်ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

စောကျော်ဝင်း
Photo-Reuters

posted from Bloggeroid

ပြည်တွင်းအခွန်လဘ်စားမှု့

"အခွန်ဦးစီးဌာနကအရာရှိကြီးများ သိန်းပေါင်းများစွာအဂတိလိုက်
စားမှု့ကိုအောက်ခြေဝန်ထမ်းအပေါ်မတရားအမှု့ဖွင့်ခံရသော
ရုံးစာရေးကကျေနပ်မှု့မရှိသဖြင့်စာနယ်ဇင်ရှင်လင်းပွဲပြုလုပ်"

မန္တလေး မေ ၁၇
မန္တလေး ချမ်းအေးသာစံမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနက
အမြတ်ခွန်ဦးစီးအရာရှိများက မြို့နယ်အတွင်းအခွန်များကောက်ခံ
ရာ ကြိုတင်ခွန်အဖြစ်ပေးဆောင်သူတစ်ထံက သိန်းပေါင်း ၁၂၅၀
ကျော်ကိုလဘ်စားထားသောဦးစီးအရာရှိတွေက ရုံးစာရေးကြီးဦး
မြင့်ဇော်ထွေးကို ပုဒ်မ(၄၀၆)တစ်ဦးတည်တရားစွဲခံရသဖြင့်၎င်း
ကနစ်နာမှု့များစွာရှိသဖြင့်မန္တလေးမီဒီယာစင်တာ ၃၃လမ်း၃၄လမ်း ၇၁လမ်း၇၂ကြားချမ်းအေးသာစံမြို့နယ်တွင်မေ
လ ၁၇ နေ့ နံနက် ၁၀ နာရီအချိန်က စာနယ်ဇင်ရှင်းလင်းပွဲပြုလုပ်
၍ပြောသည်။

"ကျွန်တော်ဒီနေ့ သတင်းစာရှင်းပွဲပြုလုပ်ရတာဟာ မြန်မာနိုင်ငံ
အတွင်း လဘ်ပေးလဘ်ယူမှု့တွေ မရှိစေရန်နဲ့မတရားမှု့တွေပ
ပျောက်ဖို့အတွက်က အဓိကပါ ငွေကြေးခဝါချမှု့တွေ တစ်နိုင်ငံလုံး
အတိုင်အတာနဲ့ ဖြစ်ပွားခဲ့တာတွေဟာ ရှေ့နေ အခွန်ဝန်ထမ်း
တွေအများဆုံးစားတာ တစ်နှစ်ကို တိုင်ပြည်ရဲ့ဘဏ္ဍာငွေ မီလျှံ
ပေါင်း သောင်းနဲ့ချီ စားနေကြတာ ဒီလိုတွေမဖြစ်ပွားအောင် ယခင်
အစိုးရလင်ထက်က ဖွဲ့ထားသည့် အိမ်ခြံမြေတန်ဖိုးဖြက်အဖွဲ့မရှိ
သင့်တော့ဘူး ၆ ဦးကော်မတီနဲ့ဖွဲ့ထားသော အဖွဲ့မှာဆို မြေတစ်
ကွက် သိန်းတစ်သောင်နဲ့ဝယ်ရင် သိန်းတစ်ထောင်အခွန်ပေးဆောင်ရတယ် ဒါတွေသက်သာအောင်ဆိုပြီ မြေမရှိဘဲ မြေအရောင်းစာချုပ်အတု
တွေလုပ်ပေးကာ အရောင်းစာချုပ်တင်၍အဂတီလိုက်စားနေတာ
မြန်မာနိုင်ငံ အတွင်းအများကြီးရှိနေပါတယ်ဟု အထက်လူကြီး
အရာရှိများစားထား၍တရားရုံတွင်လက်ရှိအမှု့ရင်ဆိုင်နေရသော
ဦးမြင့်ဇော်ထွေးကပြောသည်။

"ထီမပေါက်ဘဲ ထီလက်မှတ်တွေလအမြတ်ပေးဝယ်ကာငွေကြေး
ခဝါချမှု့တွေနှင့် ပြည်တွင်းအမြတ်ခွန်ဌာက ညွန်ကြားရေးမှူး
က သူလက်အောက်က အရာရှိတွေကို အကိုကြီးညီးလေးလုပ်
ကာ အခွန်ဝန်ထမ်းအဖြစ်က ထုတ်ပယ်ပြီး ကျွန်တော်ကိုကြတော့
ယနေ့အချိန်အထိ ဝန်ထမ်းအဖြစ်မှာ ထုတ်ပယ်ခြင်းမရှိဘဲ အခွန်
လက်ထောက်ညွန့်ကြားမှူးနှင့်ဦးစီးတွေ စားထားပြီး လဘ်ပေး
လဘ်ယူ ကော်မရှင်ကို ကျွန်တော်တိုင်ကြားခဲလို့  ၁၃ .၁၁ .၂၀၁၅
နေ့ကကျွန်တော် သူတို့သတင်းတွေအပြင်ပေါက်ကြားမှဆိုရင်ပြီး
ပုဒ်မ (၄၀၆)တပ်ကာ ဖမ်းဆီးခဲပြီး မန္တလေးအိုးဘိုထောင်ပို့ခံခဲ့ရ
ပါတယ် ၁၈ . ၂ . ၂၀၁၆ နေ့က မှ အာမခံဖြင့် အခုလိုအပြင်မှာ
နေခွင့်ရှိတာ ဘာကြောင့် ကျွန်တော်ကို ဒီလိုအမှု့စင်တယ်ဆိုရင်
(၆) ဦး ကော်မတီဖွဲ့စည်းထားတာက ရဲ တပ်ဖွဲ့ပါတယ် စည်ပင်ပါတယ် မြေစာရင်းဌာန အမြတ်ခွန် ထွေအုပ် စီမံကိန်
အဖွဲတို့က အရာရှိတွေက နိုင်ငံတော်ရဲ ဘဏ္ဍာငွေ ကိုခိုးစားနေသူ
တွေအကြောင်း လဘ်ပေးလဘ်ယူကို တိုင်းကြားခဲသဖြင့်  ကျွန်
တော် အခွန်ဝန်ထမ်း ရုံးစာရေးထွက်စာတင်ထားတာ ယနေ့အထိ
ဝန်ထမ်း မှာ ထုတ်မပယ်ထားဘဲ ကျွန်တော်၏အထက်အရာရှိဖြစ်
သူ လက်ထောက်ညွန့်ကြားရေးမှူး ဦးညီညီနိုင်နှင့်ဦးစီးအရာရှိ
ဦးမြတ်သူနိုင်တို့က ဒေါ်သင်သင်နိုင်ထံက ငွေ သိန်း ၁၂၅၀ကို
ကြိုတင်ခွန်အဖြစ်ကျွန်တော်ထံကနေ ၎င်းတို့နှစ်ဦးထံပေးသည်ငွေ
များအပြင် တစ်ခြားသောကြိုတင်ငွေ ပေးသွင်းထားများကိစ္စကို
ကျွန်တော်ရုံးစာရေးထံပုံချထားသဖြင့်အကြွေးများတင်ခံကာစိုက်
လျော်ထားတာရှိလဲ သိန်း ၂၀၀ ကျော်ရှိပါတယ် အခွန်ညွန်ကြာရေ
းမှူးချုပ်က အရာရှိနှစ်ကို ဝန်ထမ်းအဖြစ်မှထုတ်ပယ်ပြီး ကျွန်တော်
ကို မထုတ်ပယ်ဘဲ ဒေါ်သင်သက်နိုင်ကို တရားလိုပြုလုပ်ကား
သူတို့လဘ်စားထာူတာတွေ တိုင်ကြားသဖြင့် မေ လ ၁၃ ရက်နေ့
က ယခင်အမှု့အပြင် တရားမမှု့ဖြင့်ထက်မံတရားစွဲခံရသဖြင့်
အများပြည်သူအားလုံး အခွန်ဝန်ထမ်းတွေ လဘ်စားထားတွေနင့်
၆ ဦးကော်မတီရဲ မီလျှံပေါင်းများစွာစားနေတာတွေသတင်းစာရှင်း
လင်းပွဲလုပ်၍ပြောရသည်ဟု၎င်း ကပြောသည်။

ထူးအောင်ခန့် 


posted from Bloggeroid

မန္တလေး ကုန်စည်ဒိုင်သတင်း

ကုန်စည်ဒိုင်(မန္တလေး)တွင် မကြာခဏဖြစ်ပေါ်နေသည့် ငွေကြေးလိမ်လည်မှုများကို
အစိုးရမှ ချမှတ်ပေးမည့် ဥပဒေတစ်နည်းနည်းဖြင့်
ဟန့်တားထိန်းချုပ်ပေးရန်လိုအပ်နေ



မန္တလေးမြို့၏
ပွဲစားကုန်သည်စက်ပိုင်များကထိန်တော်အသင်း(ကုန်စည်ဒိုင်)တွင်
မကြာခဏဖြစ်ပေါ်လျက်ရှိသည့် ငွေကြေးလိမ်လည်မှုများသည် အစိုးရမှ
ချမှတ်ပေးမည့် ဥပဒေတစ်နည်းနည်းဖြင့်
ဟန့်တားထိန်းချုပ်ပေးရန်လိုပ်နေကြောင်း မန္တလေးကုန်စည်ဒိုင်အသင်းသားများ၏
ပြောကြားချက်အရ သိရသည်။

“ကုန်စည်ဒိုင်အသင်းဝင်အများစုက နိုင်ငံခြားပို့ကုန်ပဲမျိုးစုံကို
ငွေလက်ငင်းမချေဘဲ ကုန်ပစ္စည်းကိုလက်ခံယူထားတာက တစ်ကြောင်း၊
ကုန်ပစ္စည်းကိုအကြောင်းပြုပြီးတော့ ငွေကို ကြိုတင်ယူထားခြင်းကတစ်ကြောင်း၊
ယုံကြည်မှုအရ အရောင်းအ၀ယ်ပြုလုပ်နေတဲ့အပေါ် ဖြစ်ပေါ်လာတဲ့
ငွေကြေးပြဿနာတွေကို တောင်သူတွေနဲ့ပွဲရုံငယ်တွေသာ အဓိကနစ်နာဆုံးရှုံး
နေတာကတစ်ကြောင်း အကြောင်းအမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတယ်။
ငွေကြေးပြဿနာဖြစ်တိုင်းမှာ အရပ်သဘောနဲ့ပြေလည်နိုင်သလောက်
ပေးချေညှိနှိုင်းပြီးတော့ ကြေအေးခဲ့ ကြတာပဲ။ ဖြေရှင်းတဲ့နည်းလမ်းမဟုတ်တော့
ဒီလိုပြဿနာတွေက အကြိမ်ကြိမ်ဖြစ်ပေါ်နေတယ်။ အဲဒီအတွက်
ငွေကြေးပြဿနာဖန်တီးလိုသူတွေကို နိုင်ငံတော်ကထိရောက်တဲ့ဥပဒေတစ်ရပ်ရပ် နဲ့
ဝင်ရောက်ဟန့်တားထိန်းချုပ်ပေးဖို့
အသင်းသားတွေကတောင်းဆိုနေကြတယ်။”မန္တလေးကုန်စည်ဒိုင်အသင်းဝင်ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်)ပွဲရုံကပြော
သည်။

မန္တလေးကုန်စည်ဒိုင်တွင် ကြိုရောင်းကြိုဝယ်ကိစ္စရပ်များကို မပြုလုပ်ကြရန်
စည်းကမ်းချက်များ ထုတ်ပြန်ကြေညာထားသော်လည်း လိုက်နာမှုမရှိကြဘဲ

အသင်းသားတစ်ချို့မှ လုပ်ဆောင်ခဲ့ကြရာ
ဈေးနှုန်းကွာဟချက်ကြီးမားသွားခြင်းကြောင့်
ယခုကဲ့သို့ငွေကြေးပြဿနာများဖြစ်ပေါ်နေသည်။

ယခုအချိန်တွင် အသင်းသားများအနေဖြင့် ယင်းပြဿနာများဖြစ်ပေါ်မှုနှင့်ပတ်သက်၍
ဟန့်တားထိန်းချုပ်နိုင်ရန်အတွက် ကြိုရောင်းကြိုဝယ်ပြုလုပ်ပါက
အသင်းရုံးတွင် အရောင်းအ၀ယ်စာချုပ်ချုပ်ဆို၍ရောင်းသူရော/၀ယ်သူနှစ်ဦးမှာ
ပစ္စည်းတန်ဖိုး၏ ၁၀ရာခိုင်နှုန်းကိုကြိုတင်ပေးသွင်း၍ ရက်ပေါင်း(၃၀)အတွင်း
အပြီးပေး ချေနိုင်ရန်စည်းကမ်းချက်များထုတ်ပြန်ထားသည်။

“အဓိကဖြစ်ရတာကကြိုရောင်းတဲ့အချိန်မှာဈေးကနိမ့်ပြီးငွေရှင်းရမယ့်အချိန်လဲရောက်ရော
ဈေးမြင့် သွားတော့ မရှင်းနိုင်ကြဘဲ အခုလိုပြဿနာတွေဖြစ်နေတာ။
ဒီလိုဖြစ်လာတဲ့အခါ
အသင်းကထုတ်ပြန်ထားတဲ့စည်းကမ်းအရအသင်းသားအဖြစ်ကနေထုတ်ပယ်တာမျိုးပဲ
လုပ်လို့ရမယ်။ဒါကိုမကျေနပ်ရင်လည်း
ပြင်ပကနေတရားဥပဒေအရတရားစွဲဆိုလို့ရပါတယ်။”ဟု
မန္တလေးကုန်စည်ဒိုင်ဒုဥက္ကဌဦးကျော်သွင်ကထပ်လောင်းပြောကြားသည်။

မန္တလေးကုန်စည်ဒိုင်တွင်ယခုမေလအတွင်းကြိုရောင်းကြိုဝယ်ကိစ္စရပ်များကြောင့်
ငွေကျပ် သိန်းပေါင်း၁၀၀၀၀ကျော် ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ပြီး
မန္တလေးကုန်စည်ဒိုင်တွင်၅နှစ် အတွင်းလေးကြိမ်တိတိဖြစ်ပေါ်ခဲ့ကြောင်း၊
၂၀၁၄ခုနှစ်နှင့် ၂၀၁၅ခုနှစ်များတွင်လည်း ယင်းသို့သောဖြစ်စဉ်များ
ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထူးအောင်ခန့် 

posted from Bloggeroid

အခွန်သတင်း

မန္တလေးတိုင်းဒေသကြီးတွင် အခွန်ကြွေးကျန်(၅)ဘီလီယံခန့်ရှိနေ၍
အကြေရရှိရေး ပြည်တွင်းအခွန်မှတွန်းအားပေးဆောင်ရွက်



မန္တလေးတိုင်းဒေသကြီးတွင် စီးပွားရေးလုပ်ငန်းရှင်များကပေးသွင်းရန်
အခွန်ငွေကြွေးကျန် ကျပ်ငွေ (၅)ဘီလီယံခန့်ကျန်ရှိနေသဖြင့်
အကြေအလည်ရရှိရေးအတွက် တိုင်းဒေသကြီးပြည်တွင်းအခွန်ဦးစီး ဌာနက
တွန်းအားပေးဆောင်ရွက်နေပြီး
ယခုနှစ်မတ်(၃၁)ရက်နောက်ဆုံးထားပေးဆောင်ရန်လိုအပ်နေ ကြောင်း အဆိုပါဌာနမှ
ဒုညွှန်ကြားရေးမှူးဦးတင်ထွေးက ဒီမိုကရေစီတူဒေးသို့ပြောကြားခဲ့သည်။

“အခွန်ကြွေးကျန်တွေကို စီမံချက်နဲ့ ကောက်ခံနေတယ်။ အကြွေးကျန်မရှိခြင်တာက
မြို့နယ်အခွန်မှူး တွေပဲ။ အခွန်ထမ်းတွေက အရင်လိပ်စာမှာမရှိဘဲ
နေရပ်ပြောင်းနဲ့လုပ်ငန်းပြောင်းသွားတာမျိုးတွေ ကြောင့်
အကြွေးကျန်တွေရှိလာတယ်။ အခွန်ဆောင်တဲ့ အလေ့အကျင့်တွေကနည်းလို့ ကောက်ခံရ
တာခက်ခဲတာလည်းပါတာပေါ့။”ဟု ၎င်းကပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဘဏ္ဍာနှစ်အလိုက် အခွန်ငွေလျာထားချက်မှာ
၂၀၁၁-၁၂ဘဏ္ဍာနှစ်တွင် ကျပ်(၄၂)ဘီလီယံ၊ ၂၀၁၂-၁၃ဘဏ္ဍာနှစ်တွင် ကျပ်(၅၃)ဘီလီယံ၊
၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် ကျပ်
(၄၀)ဘီလီယံ၊ ၂၀၁၄-၁၅ဘဏ္ဍာနှစ်တွင် ကျပ်(၅၂)ဘီလီယံမှ ၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင်
ကျပ် (၁၁၅) ဘီလီယံအထိရှိခဲ့သည်။

“၂၀၁၅-ခု ဇူလိုင်လပိုင်းက အခွန်ကြွေးကျန်တွေကောက်ဖို့
ရုံးချုပ်ကမန္တလေးကိုကွင်းဆင်းလာတယ်။ ရပ်ကွက်ရုံးတွေကပဲ
အခွန်ထမ်းကိုအသိဆုံးဖြစ်လို့ သူတို့နဲ့ ပူးပေါင်းပြီး
အခွန်ကြွေးကျန်မရှိစေရေး
ဆောင်ရွက်ခဲ့တယ်။ ကြွေးကျန်ကို အရစ်ကျနဲ့လည်း ပေးသွင်းဖို့စီစဉ်ပေးခဲ့တယ်။”ဟု
ဒုတိယညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားသည်။

အခွန်ငွေကြွေးကျန်ရှိပါက ၀င်ငွေခွန်ဥပဒေအရ
ကောက်ခံသည့်အမှုတွဲဖွင့်ဆောင်ရွက်ပြီး သတ်မှတ် ကာလကျော်လွန်ပါက
ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း၊ အခွန်ဆိုင်ရာဥပဒေများတွင် အခွန်
ထမ်းပြည်သူများ ရယူနိုင်သည့် အခွင့်အရေးများပါရှိ၍
လိုက်နာဆောင်ရွက်ရမည့်တာဝန်များလည်း ပြဋ္ဌာန်းထားကြောင်းသိရသည်။

“ကျွန်တော်တို့တော့ အခွန်ကြေအောင်သွင်းပါတယ်။ ပြီးခဲ့တဲ့နှစ်အတွက်
အခွန်ဆောင်ဖို့လည်း လုပ်ထားပြီးပြီ။ အခွန်မကြေရင်
လုပ်ငန်းကြီးတွေလုပ်တဲ့အခါအဆင်မပြေဘူးလေ။ အခွန်ဆိုတာက
နိုင်ငံတိုင်းမှာရှိနေတာပဲ။
အခွန်ဆောင်ဖို့ကကိုယ့်တာဝန်ဖြစ်ပါတယ်။”ထက်စိန်ကုမ္ပဏီမှဒါရိုက်တာအဖွဲ့ ၀င်
ကိုအောင်ကလည်း ဒီမိုကရေစီတူဒေးသို့ ပြောကြားခဲ့သည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းများ ပေးဆောင်ရန်ရှိသည့်
ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်များကို
သုံးလတစ်ကြိမ်ပေးသွင်းကြရန် သတင်းစာများတွင် အသိပေးကြော်ငြာထား ပြီး
အခွန်ထမ်းပြည်သူများအနေဖြင့် ကြွေးကျန်မရှိပေးဆောင်ကြရန်လိုအပ်နေကြောင်း
သိရသည်။
ထူးအောင်ခန့် 

posted from Bloggeroid

နိုင်ငံတကာ

ကမ္ဘာ့ပထမဆုံး ရုပ်ကြွင်းလောင်စာကင်းမဲ့နိုင်ငံဖြစ်လာရန် ဆွီဒင် ကြိုးပမ်း
---- ------ ------ ------ ----
ဆွီဒင်အစိုးရသည် စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာအပေါ်မှီခိုမှု လုံးဝကင်းသည့်နိုင်ငံဖြစ်လာရန် ရည်ရွယ်၍ ဓါတ်ဆီ၊ ဒီဇယ်လောင်စာများအပေါ် အခွန်တိုးမြှင့်ကောက်ခံကြောင်း သိရသည်။ ရုပ်ကြွင်းလောင်စာမှီခိုမှုကင်းသည့် နိုင်ငံဖြစ်လာရေးအစီအစဉ်များကို အကောင်အထည်ဖော်ရန် ယခု ဘတ်ဂျက်နှစ်တွင် ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုနည်းပညာများအတွက် ဒေါ်လာ ၅၄၆ သန်း သီးသန့်လျာထားပေးသည်။

ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုနည်းပညာများတွင် အဆင့်မြင့် မဟာဓါတ်အားလိုင်းများ၊ ပြည့်ဖြိုးမြဲစွမ်းအင် သိုလှောင်မှုနည်းပညာ၊ လျှပ်စစ်ကားထုတ်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင်းထိခိုက်မှု နည်းပါးသည့် မော်တော်ယာဉ်များအတွက် ထောက်ပံ့ကြေးများ ပေးခြင်း၊ ဆိုလာပြားထုတ်လုပ်မှုနည်းပညာ၊ လူနေအိမ်ခန်းတိုက်ခန်းများ စွမ်းအင်ကို စနစ်တကျ သုံးစွဲနိုင်ရေး အစီအစဉ်များ ပါဝင်သည်။ အဆိုပါ ချထားဘက်ဂျက်ငွေမှ ဒေါ်လာ ၅၈ ဒဿမ ၄ သန်းကို နေရောင်ခြည်စွမ်းအင်နည်းပညာအတွက် သုံးစွဲမည်ဖြစ်ပြီး ၂၀၁၇ နှင့် ၂၀၁၉ အတွင်း လက်ရှိပမာဏထက် ရှစ်ဆ တိုးမြှင့်ချထားပေးမည်ဖြစ်ကြောင်လည်း သိရသည်။

လက်ရှိ ဆွီဒင်နိုင်ငံတွင် တနိုင်ငံလုံး၏ သုံးပုံနှစ်ပုံခန့်သည် လေစွမ်းအင်၊ နျူကလီးယားစွမ်းအင်များမှ ရရှိသော လျှပ်စစ်ဓါတ်အားကို သုံးစွဲနေခြင်းဖြစ်သည်။ လေစွမ်းအင်ထုတ်လုပ်မှုကို တိုးမြှင့်နေချိန်တွင် အိုဟောင်းနေသော နျူကလီးယားစွမ်အင်စက်ရုံများကို ပြင်ဆင်အစားထိုးမည်မဟုတ်ဘဲ အပြီးသတ် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

“ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းက အားလုံးအကျိုးရှိမယ့်လမ်းကြောင်းဖြစ်ပြီး အခြားနိုင်ငံတွေနဲ့လည်း ဆွေးနွေးတိုင်ပင်နေတာတွေ ရှိပါတယ်။ ကမ္ဘာမြေကြီးကို တူးဖော်စားသုံးခြင်းမဟုတ်ဘဲ ကမ္ဘာကြီးနဲ့အတူ ပူးပေါင်းပါဝင်ခြင်းဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်၏ အဓိကအကြံပေးဖြစ်သူ ဂျိုဟန်ရော့ခ်စထရောင်းက ပြောသည်။

“ဆွီဒင်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံး ရုပ်ကြွင်းလောင်စာ သုံးစွဲမှု လုံးဝမရှိတဲ့နိုင်ငံ ဖြစ်လာမှာပါ။ ဒီကိစ္စရပ်မှာ ဆွီဒင်နိုင်ငံက ဦးဆောင်သွားမှာဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ် စတီဖင်လော့ဖန်က ပြောသည်။

Ref;Minds

posted from Bloggeroid

လူသားလား

အာဖရိကသို့ လူအသားများ တင်ပို့သည်ဆိုခြင်းမှာ မဟုတ်မှန်ဟု တရုတ် ငြင်းဆို
---- ------ ------ ------ ----
အာဖရိကနိုင်ငံများမှ ကုန်ဆိုင်များသို့ လူအသားများကို အမဲသားတံဆိပ်ကပ်၍ စည်သွပ်တင်သွင်းသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း တရုတ်အစိုးရက အပြင်းအထန် ငြင်းဆိုလိုက်သည်။ ထိတ်လန့်ဖွယ်ရာ ဓါတ်ပုံများနှင့်တကွ လူအသားများ ပြုပြင်နေပုံဟုဆိုသော ဖေ့စ်ဘုတ်သတင်းတပုဒ် ယခုလအစောပိုင်းက တက်လာပြီးနောက် ကြိမ်ရေ နှစ်သောင်းခြောက်ထောင်ကျော် ထပ်ဆင့်ဝေငှခဲ့ကြသည်။

ယင်းစွပ်စွဲချက်ကို အာဖရိကန်သတင်းစာများကလည်း ရေးသားဖော်ပြခဲ့ကြသည်။

“အားလုံး သိကြတဲ့အတိုင်း အာရှတိုက်ဆိုတာ ကမ္ဘာပေါ်မှာ လူဦးရေ အထူပြောဆုံးနေရာ ဖြစ်တဲ့အတွက် ဒီသတင်း မမှန်ဘူးလို့ ငြင်းဖို့ခက်ပါတယ်။ တရုတ်နိုင်ငံဆိုတာ လူဦးရေ အလွန်အကျွံ ထူထပ်တဲ့နိုင်ငံဖြစ်တော့ လူသေအလောင်းတွေကို သူတို့ ဘာလုပ်မလဲ။ အဖြေကတော့ ဒီလူအသားတွေကို စည်သွပ်ဘူးသွင်းပြီး အာဖရိကကို တင်ပို့လိုက်တာပေါ့။ ဒီလိုလုပ်လိုက်တော့ အမြတ်အစွန်းလည်း ရတာပေါ့”ဟု The Daily Post ဇန်ဘီယာသတင်းစာက ရေးသားသည်။

အခြားသော အာဖရိက သတင်းဌာနများကလည်း အလားတူ သတင်းများ ရေးသားဖော်ပြခဲ့ကြသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဇန်ဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ယူမင်းက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

“တရုတ်မှ အာဖရိကသို့ လူအသားများ တင်သွင်းသည်ဆိုတဲ့သတင်းကို ပြည်တွင်းသတင်းစာတစောင်က ဖော်ပြခဲ့တယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သေးသိမ်ရုပ်ဆိုးအောင် လုပ်ဆောင်တာပဲဖြစ်တယ်။ ကျွန်တော်တို့ လုံးဝ လက်မခံဘူး”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဇန်ဘီယာ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးကမူ“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အင်မတန်ဒေါသထွက်မိတယ်။ အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်။ ဇန်ဘီယာနဲ့ တရုတ် နှစ်နိုင်ငံရင်းနှီးမှုရှိပြီ အခုဖြစ်ရပ်အပေါ် ဇန်ဘီယာအစိုးရက စိတ်မကောင်းဖြစ်ရပါတယ်။ သက်ဆိုင်ရာအစိုးရများက ဒီဖြစ်ရပ်ကို သေချာစွာစုံစမ်းစစ်ဆေးပြီး သေချာစေ့ငှတဲ့ ထုတ်ပြန်ချက် ထုတ်ပေးဖို့ တိုက်တွန်းပါတယ်”ဟု ဆိုသည်။

ယင်းသတင်းကြောင့် အာဖရိကတိုက်ရှိ တရုတ်စီးပွားရေးလုပ်ငန်းများ ထိခိုက်မည်ကိုလည်း အစိုးရအရာရှိများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

Ref;The Straits Times

posted from Bloggeroid

Monday, May 16, 2016

လမ်းဘေးဈေးသည် တွေရှင်းနေတယ်

"ထုံးဘိုးလမ်းခွဲလမ်းဘေးဝဲယာရှိ ဆိုင်ခန်းပေါင်း(၉၀)ကျော်ကို
မေလ ၂၀ ရက်နေ့ နောက်ဆုံးအနေဖြင့်ဖယ်ရှားပေးရန်ပထမ
အကြိမ် အကြောင်းကြားစာများပို့သွားသည်ဟုဆို"
===========================================
မန္တလေး မေ ၁၇
မန္တလေးတိုင်း အမရပှုရမြို့နယ် ပြင်ဦးလွင် လမ်းခွဲ အတက်အဆင်း
လမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ ကျူးဆိုင်ခန်းပေါင်း ၉၆ဆိုင်
ကိုမေလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီးပထမအကြိမ်ဖယ်ရှား
ပေးရန်အတွက်အကြောင်းကြားစာပို့ထားသဖြင့်ဈေးသည်များ
အခတ်အခဲများစွာရှိကြောင်းသိရသည်။

"ကျွန်တော်တို့က လုပ်စားစရာ အလုပ်မရှိလို့ ထုံးဘိုလမ်းခွဲ မှာ
ဈေးရောင်းစားပြီး မိသားစု စားဝတ်နေရေးအတွက်ဖြေရှင်းနေရ
တာ မေလ ၁၃ နေ့က လမ်းဘေး ဆိုင်တွေ ဖယ်ရှားပေးရန်အတွက် ဆိုင်တွေအားလုံးကို အကြောင်းကြားစာ
တွေ တာဝန်ရှိသူတွေက လာပို့သွားပါတယ် မေလ ၂၀ ရက်နေ့
နောက်ဆုံးထားဖယ်ရှားပေးရမယ်ဆိုတော့ အခတ်အခဲတွေရှိနေ
တယ်ဟု ထုံးဘိုလမ်းခွဲဈေးရောင်းသူတစ်ဦးကပြော"သည်။

"ကျွန်မကဒီလမ်းဘေးကိုတဲ့ထိုးပြီး အဝေးပြေးကားသမားတွေကို
ထမင်းဟင်ရောင်တာ ကားသမားတွေက ကားအနားပေးရင်
အရက်ဘီယာ သောက်ကြလို ဝယ်ပေးထားတာလေးတွေသိမ်း
သွားတယ် ဈေးရောင်လို့ရတာလေးတွေ အကုန်ပါသွားတယ်
ဆိုင်လဲ ဖျက်ပေးရမယ်လိုပြောသွားတယ် စိတ်ညစ်တယ်ဟု
လမ်းဘေးဈေးရောင်အမကြီးကပြောသည်။

အဆိုထုံးဘိုလမ်းဘေးရှိ ဈေးဆိုင်ပေါင်း ၉၆ ဆိုင်ကိုမေ၂၀နေ့
နောက်ဆုံးထားဖယ်ရှားရန်စီမံချက်ဖြင့် မှူးရစ်သေစာအရက်ဘီ
ယာရောင်ချသူများကို ဒဏ်ငွေ ၁ သိန်းကနေ ၁၀ သိန်းအထိ
ဆောင်ရသူများရှိသလို အရက် ဘီယာပုလင်းများသိမ်းဆည်ခံရ
သူများရှိကြောင်းလမ်းဘေးဈေးသည်များထံကနေသိရပါတယ်။
၎င်းဘေးဈေးသည်တွေဟာ စွယ်တော်ဘုရားအရှေ့ဘက် ကုန်
တင် ကုန်ချ ကားကြီးကွင်းကိုအမှီပြုကာ ရောင်ချလာသည်မှာ
၁၀ ခန့် ရှိပြီဖြစ်ပြီး စီမံချက် လူကြီးလမ်းကြောင်းရှိတိုင် ဆိုင်များ
မကြာခဏာ ဖယ်ရှားပေးပြီး ရက်အနည်းငယ်အတွင်းသူနေရာနဲ့
ပြန်လည်ရောင်ချလျှက်ရှိကြောင်း ဒေသခံတွေ၏ပြောပြချက်အရ
သိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

Wednesday, May 11, 2016

သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

 

မြန်မာလူငယ် စွန့်ဦးတီထွင်သူများ Telenor Youth Forum Asia 2016 တွင် မြန်မာ နိုင်ငံ ကိုယ်စားပြု တက်ရောက်မည်

·         တယ်လီနော၏ Global Thought Leadership Forum အာရှဒေသသို့ ပထမဦးဆုံး အကြိမ်ရောက်ရှိ 

ရန်ကုန်၊ မေလ ၁၁၊ ၂၀၁၆ - ထိုင်းနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် Telenor Youth Forum Asia ကို မေလ ၂၅၊ ၂၆ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြု၍ စွန့်ဦးတီထွင်သူ လူငယ် လေးဦး တက်ရောက်ကြမည် ဖြစ်သည်။ ဒစ်ဂျစ်တယ် ခေတ်၏မျိုးဆက်တစ်ခုကို စွမ်းရည်မြှင့်တင်ပေးနိုင်ရန် ရည်သန်ချက်ဖြင့် ဘန်ကောက်မြို့တွင် အနာဂတ်ခေါင်းဆောင်များ ၂ ရက်ကြာ တွေ့ဆုံပွဲကို ကျင်းပသွားမည် ဖြစ်ပြီး ဒေသတွင်းရှိ လူငယ်များအတွက် စိန်ခေါ်မှုများကို ဆွေးနွေးသွားမည် ဖြစ်သည်။

 

နှစ်စဉ် ကျင်းပသော Telenor Youth Forum ကို နိုဘယ်ငြိမ်းချမ်းရေးစင်တာနှင့် ပူးပေါင်းကာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပပြီး တယ်လီနော ဈေးကွက်ဖြန့်ကျက်ထားသော ဒေသများမှ ထူးချွန်သော လူငယ်များကို ဖိတ်ကြားကာ ငြိမ်းချမ်းရေးနှင့် ဆွေးနွေးမှု လုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်ရန် နည်းလမ်းများ ရှာဖွေစေပါသည်။ ထိုသို့ နည်းလမ်းများရှာဖွေရာတွင် နည်းပညာ၊ လက်တွေ့ဆောင်ရွက်မှုနှင့် ထောက်ပံ့မှုတို့ကို ပူးပေါင်းအသုံးပြုနိုင်သည့် နည်းလမ်းများကို အဓိကထားပြီး တက်ရောက်လာသော နိုင်ငံ အသီးသီးက ထူးချွန်လူငယ်များ၏ ခေါင်းဆောင်များက လူငယ်အချင်းချင်းချိတ်ဆက်ကာ အသိပညာနှင့် အတွေးအခေါ်များကို ဖလှယ်ကြသည်။

 

ယခုနှစ်တွင်မူ အော်စလိုမြို့တွင် ပြုလုပ်နေကြဖြစ်သည့် ဖိုရမ်သည် အာရှဒေသသို့ ပထမဦးဆုံးအကြိမ်အဖြစ် တိုးချဲ့လာခြင်းဖြစ်ပြီး ဒေသတွင်းအခြေပြုသည့်ဖိုရမ်တစ်ခုအဖြစ် လူငယ်များ၏ အဓိကကျသော အခက်အအခဲများကို ဖြေရှင်းနိုင်ရန် ဆွေးနွေးမည် ဖြစ်သည်။ လူငယ်များအတွက် အဓိကကျသည့် အချက် ၅ ချက်မှာ လူငယ်များအလုပ်လက်မဲ့ဖြစ်မှုကို တိုက်ဖျက်ခြင်း၊ အမျိုးသမီးငယ်များ ကျောင်းတက်ခွင့် ပိုမိုရရှိစေခြင်း၊ လူငယ်အလုပ်သမားများအား ပညာရေးမြှင့်တင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်စေသည့် အလေ့အထများကိုတိုက်ဖျက်ခြင်းနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲများတွင် လူငယ်များပါဝင်လာစေခြင်း စသည်တို့ ဖြစ်သည်။

 

ပွဲသို့ တက်ရောက်ဆွေးနွေးမည့် လူငယ် ၂၈ ဦးသည် လွန်ခဲ့သည့် ၃ နှစ်အတွင်း Global Telenor Youth Forum တွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ ဖြစ်ပြီး တယ်လီနော၏ အာရှဒေသရှိ ဈေးကွက် ၆ ခုကို ကိုယ်စားပြုတက်ရောက်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ အပြင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ပါကစ္စတန် နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။ ဒစ်ဂျစ်တယ်ခေတ်တွင် မွေးဖွားလာပြီး ဤလူငယ်များသည် လူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားမှုရှိပြီး နည်းပညာ၏ စွမ်းအားသည် လုပ်ငန်းဆောင်ရွက်မှု နှင့် စစ်မှန်သော ပြောင်းလဲမှုတို့ကို ဖန်တီးပေးနိုင်မည် ဟုယုံကြည်ကြသည်။

 

မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် တက်ရောက်မည့်သူများ -

ဆုဝေစိုး - ဒစ်ဂျစ်တယ်နည်းလမ်းများကို အသုံးပြုကာ အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို အသိပညာပေးနိုင်မည် ဟု ယုံကြည်ပြီး ထိုကိစ္စများကို တိုက်ဖျက်နိုင်မည့် အိုင်ဒီယာများလည်း ရှိသည်။
ဖြိုးသူရဌေး - ပါဝင်သောအကြောင်းအရာများနှင့် အမှန်တကယ်နားလည်မှုတို့သည် စာသင်ကြားမှု ပိုမိုတိုးတက်စေမည့် အချက်များဖြစ်ကြောင်း ယုံကြည်ပြီး မြန်မာနိုင်ငံတွင် ကျောင်းသားဘဝ ပြန်လည်စိုပြေလာစေရန် ဆောင်ရွက်လျက်ရှိသည်။
အာကာမင်းအောင် - မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို အကောင်းဆုံးဖြစ်လာစေမည့် ဆောင်ရွက်မှုများကို ပြုလုပ်နိုင်ရန် အိပ်မက်တစ်ခုရှိသည်။
ဝေယံမင်းဌေး - တယ်လီနော၏ အကူအညီဖြင့် မိုဘိုင်းနည်းပညာကို အသုံးပြုကာ ကူးစက်ရောဂါများအကြောင်း လူအများသိစေဖို့ရာ ဆောင်ရွက်သွားရန် ဆန္ဒရှိသည်။

တက်ရောက်သူများကို အဖွဲ့များဖွဲ့စေမည် ဖြစ်ပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၊ UNICEF Global Innovation Centre နှင့် နိုဘယ် ငြိမ်းချမ်းရေးစင်တာတို့မှ သင်ပြပေးမည့်သူများ၊ ဟောပြောသူများ၏ ဦးဆောင်မှုဖြင့် နည်းဗျူဟာတည်ဆောက်ပုံ၊ အစီအစဉ် ရေးဆွဲမှု နှင့် ဖြေရှင်းမှု ပေးအပ်ချက် စသည့် အကြောင်းအရာများကို နည်းလမ်းပြပေးမည် ဖြစ်သည်။ တယ်လီနောအဖွဲ့၏ ဥက္ကဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Sigve Brekkeနှင့် နိုဘယ်ငြိမ်းချမ်းရေးစင်တာမှ အမှုဆောင် ဒါရိုက်တာ Liv Tørres တို့က အမှာစကားများ ပြောကြားသွားကြမည် ဖြစ်သည်။

 

“ကျွန်တော်တို့ရဲ့ ဈေးကွက်အတွင်းက အတော်ဆုံး၊ အထက်မြက်ဆုံး၊ နည်းပညာကျွမ်းကျင်လူငယ်တွေကို အာရှဒေသက လူငယ်တွေ ကြား ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးဖို့ ပြန်လည် တွေ့ဆုံပေးနိုင်တဲ့အတွက် ဒေသတွင်း လူငယ်တွေအတွက် စွမ်းရည် မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေ၊ ဖြေရှင်းမှုတွေကို တွေ့ရမယ်လို့ မျှော်လင့်ထားပါတယ်။”  ဟု Brekke က ပြောကြားသည်။ “Telenor Youth Forum ကို အာရှဒေသမှာ စတင်လိုက်တာကြောင့် ကျွန်တော်တို့ဟာ ဒစ်ဂျစ်တယ် အနာဂတ်အတွက် ရည်သန်ချက်ကို ဆက်လက်အကောင်အထည်ဖော်ခြင်းပဲ ဖြစ်ပြီး အော်စလိုမှာပဲ ပြုလုပ်ခဲ့တဲ့ အစီအစဉ်ကို တစ်နှစ်ပတ်လုံးတွေ့ဆုံ ဆွေးနွေးတဲ့ အစီအစဉ်အဖြစ် တိုးချဲ့လိုက်တာပဲ ဖြစ်ပါတယ်။”

 

နိုဘယ်ငြိမ်းချမ်းရေးစင်တာမှ အမှုဆောင်ဒါရိုက်တာ Liv Tørres က “ကျွန်မတို့လုပ်ငန်း ဦးတည်ချက်က ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ဖြစ်ပါတယ်၊ ပြီးတော့ ကျွန်မတို့အနေနဲ့ Telenor Youth Forum နဲ့ လက်တွဲရတာကလည်း ငြိမ်းချမ်းရေးလမ်းကို တည်ဆောက်တဲ့အခါမှာ အရေးအကြီးဆုံးဖြစ်တဲ့ အကြောင်းအရာတွေကို ဒီလူငယ်လေးတွေရဲ့ အိုင်ဒီယာတွေ၊ စိတ်အားထက်သန်မှုတွေကို ဖော်ပြနိုင်ဖို့ တစ်နေရာပေးလိုက်သလို ဖြစ်နေလို့ပါ။ အာရှဒေသမှာ ပြောင်းလဲမှုဖြစ်ပေါ်စေဖို့ ဆောင်ရွက်ရာမှာ အထိရောက်ဆုံး ဆောင်ရွက်နိုင်မယ့်သူတွေက ဆွေးနွေးမှုတွေပြုလုပ်မယ့် ဒီအစီအစဉ်မှာ ပါဝင်ရမယ့်အတွက်လည်း ရင်ခုန်မိပါတယ်။” ဟု ပြောကြားခဲ့သည်။

 

အဖွဲ့ ၅ ဖွဲ့၏ ဆွေးနွေးဖြေရှင်းချက်များတွင် ထင်ရှားသော အချက်ကို အော်စလိုတွင် ပြုလုပ်မည့် Telenor Youth Forum တွင် feature အနေဖြင့် ပါဝင်ဆွေးနွေးစေမည် ဖြစ်သည်။

 

တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg ကလည်း ယခုလို ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင် ၄ ယောက်က ပြောင်းလဲမှု မြန်ဆန်တဲ့ ကမ္ဘာပေါ်မှာ လူငယ်တွေအပေါ်သက်ရောက်မှု အဓိကကျတဲ့ အချက်တွေကို ကူညီဆွေးနွေးခွင့်ရမှာ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။လလက်တွေ့ဆောင်ရွက်မှု၊ စွန့်ဦးတီထွင်မှုနဲ့ လုပ်ငန်း ဆောင်ရွက်မှုတို့မှာ မြန်မာနိုင်ငံတဝန်း အားကျလာအောင် သူတို့ တင်ပြလာမယ့် ဖြေရှင်းချက်တွေကိုလည်း ပြသသွားဖို့ မျှော်မှန်းထားပါတယ်။”

 

Telenor Youth Forum Asia 2016 ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မေလ ၂၅-၂၆ တွင် ကျင်းပသွားမည် ဖြစ်သည်။ Global Telenor Youth Forum ကို စတုတ္ထမြောက်နှစ်အဖြစ် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၊ ဒီဇင်ဘာလ၊ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်သောအပတ်တွင် ကျင်းပသွားမည် ဖြစ်သည်။ ၂၀၁၆ ခုနှစ် အစီအစဉ်နှင့် ပတ်သက်သော အချက်အလက်များကို ပိုမို သိရှိလိုပြီး ပါဝင်ခွင့်ရရန် မည်သို့ ဆောင်ရွက်ရမည်ကို လေ့လာနိုင်ရန် https://www.telenor.com/youthforum/ တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

Press Release

 

Talented Myanmar Youth Innovators to Represent Myanmar at Telenor Youth Forum Asia 2016

·         Telenor’s Global Thought Leadership Forum comes to Asia for the first time 

Yangon, 11 MAY 2016 – Talented youth innovators including four delegates from Myanmar will join the first Telenor Youth Forum Asia to be held in Thailand on 25-26 May. Part of a commitment to empowering a generation of digital natives, the event will bring together the leaders of tomorrow in Bangkok for a two-day session to address challenges for youth in the region.

 

The annual Telenor Youth Forum is organized in partnership with the Nobel Peace Center in Oslo, Norway and invites talented youth from Telenor’s markets around the world to find paths to dialogue and peace. Focusing on solutions that combine technology, engagement and advocacy, the participating opinion leaders build bridges across borders and exchange knowledge and ideas.

 

This year, the Oslo-based forum is expanding to Asia for the first time, for a regionally-focused Forum that centers on solving some of the most pressing youth issues in Asia. The five issues outlined for youth include fighting youth joblessness, getting more girls in schools, educating young laborers, breaking the taboo of mental health, and engaging youth in nation dialogue.

 

The participating 28 delegates are all alumni of the global Telenor Youth Forum from the past three years and represent Telenor’s six markets in Asia. In addition to Myanmar, these include Bangladesh, India, Malaysia, Pakistan and Thailand. Born into a digital age, these young innovators are passionate about social causes and believe that the power of technology can create action and real change.

 

Representing Myanmar are:

Hsu Wai Soe, believes in using digital tools to build knowledge about domestic violence, and has ideas to counter such issues.
Phyo Thura Htay, believes better learning relies on context and true understanding, and works to revitalize student life in Myanmar.
Arkar Min Aung, have dreamt of making the education system in Myanmar the best I can be. 
Wai Yan Min Htay, want to raise awareness about communicable diseases in Myanmar through mobile technology with the help of Telenor.

The delegates will be organized into teams and be guided by world-class mentors and speakers from organizations such as the United Nations Development Programme, UNICEF Global Innovation Centre and the Nobel Peace Center, who will provide expert resources for strategy building, design planning and solution delivery.  The event will also include keynotes by Sigve Brekke, President and CEO of Telenor Group, and Liv Tørres, Executive Director of the Nobel Peace Center.

 

“By reconnecting our markets’ brightest, most engaged and tech-savvy youth to address challenges facing their peers in Asia, we hope to see creative solutions that inspire scalable programs that will empower youth in the region,” said Brekke. “As we pilot the Telenor Youth Forum in Asia, we are not only furthering our commitment to an inclusive digital future, but also expanding this formerly Oslo-based programme into a year-round cycle of dialogue and production.”

 

Liv Tørres, Executive Director, Nobel Peace Center, said, “Our mission is to inspire peace, and we have partnered with the Telenor Youth Forum because it provides an arena for young people with ideas and passion to address the issues that matter most in building a path to peace. We are excited to take part in this program in Asia as it sources real solutions from the people best equipped to make the biggest difference in their region.”

 

The standout solution presented by the five teams will be featured at the Telenor Youth Forum in Oslo.

 

“We are thrilled that four of Myanmar’s future leaders will have this opportunity to help address the most pressing issues affecting youth in today’s rapidly changing world,” said Petter Furberg, CEO of Telenor Myanmar.  “We look forward to showcasing their proposed solutions to inspire others across Myanmar to engage, innovate and take action.”

 

Telenor Youth Forum Asia 2016 will take place from May 25-26 in Bangkok, Thailand. The global Telenor Youth Forum is in its fourth year and will be held in Oslo, Norway during the Nobel Peace Prize week in December. For more information on the upcoming 2016 program, and to learn more about how to apply for it, visit: https://www.telenor.com/youthforum/. 

-- 



Soe Thu Tun

Account Manager

Mangosteen Public Relations

51C Golden Valley Street | Bahan Township | Yangon, Myanmar

M +95 9 45000 10 87 | T +95 1 523 338 | F +95 1 512 884

www.mangoadagency.com

This email may contain confidential information and it is intended solely for the use of the addressee. Any unauthorized use such as printing, dissemination, distribution, disclosure, forwarding or copying of the email or attachments is strictly prohibited.  If you have received this email in error, please notify the sender immediately by return e-mail, and destroy this email and all copies thereof, including all attachments. We do not accept any responsibility for viruses or harmful matter that may be contained in this email or attachments.  Thank you.

posted from Bloggeroid

Friday, May 6, 2016

ချက်နိုင်ငံစီးပွားရေးဓါက်ပုံပိုစတာပြပွဲ


ချက်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးကမန္တလေးမြို့တွင် နှစ်နိုင်ငံ
ချစ်ကြည်ရေးအဖြစ် ကမ္ဘာကျော်ပိုစတာပြပွဲကျင်းပ

==============================================
မန္တလေး မေ ၆
မန္တလေး ချမ်းမြသာစည်မြို့နယ် ၇၃လမ်း ငုရွှေဝါလမ်းနှင့်ခိုင်ရွှေဝါလမ်းကြားရှိ မင်္ဂလာမန္တလေး အိမ်ရာအတွင်း
ရှိ သိရိပန်ချီခန်းမဆောင် အပေါ်ထက်တွင် ချက်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီး H.E Mr.jaroslav Dolecekနှင့် ဇနီး Ms. Renata Brandstatterova ပါ အဖွဲ့တို့က ချက်နိုင်ငံ၏နံမည်ကြီး တံဆိပ်များ
နှင့်ကမ္ဘာကျော်ပိုစတားပြပွဲကို မန္တလေးတိုင်းအစိုးရအဖွဲ့နှင့်ဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင် ကာ မေလ ၆ ရက်နေ့  နံနက် ၉ နာရီ အချိန်
ကစတင်ဖွင့်လစ်ကာ နေ့ခင် ၁၂ နာရီအထိ ပြသခဲကြောင်းသိရသည်။

"ကျွန်တော်တို့နိုင်ငံရဲ့ ရတနာလို့ တင်စားထားသည့် ဒီပိုစတာတွေ
ဟာ နိုင်ငံတကာအသိအမှတ်ပြုခံရသော တံဆိပ်တွေဖြစ်ပါတယ်
ရတနာလို့ကြားလိုက်တာနဲ့ စိန်နှင့်နီလာများကိုသာပြေးမြင်မိကြမည်
ဟု ကျွန်တော်ထင်မိပါတယ် ရတနာဆိုသောစကားဟာ တန်ဖိုးထား
ထူးခြားသော အရည်အသွေးများရှိနေတဲ့ တစ်စုံတစ်ဦးသို့တစ်စုံတစ်ခု
ဟုလည်းအဓိပ္ပါယ် သက်ရောက်ပါတယ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ
တစ်ဝှမ်းရှိ နိုင်ငံတိုင်းတွင် ယခုကဲသို့ ရတနာများပိုင်ဆိုင်ကြရန်
ချက်နိုင်ငံ၏ ရတနာများလို့အမည်ပေးထားတဲ့ နာမည်ကျော် ချက်
နိုင်ငံ၏ကမ္ဘာနိုင်ငံပေါင်းစုံကအသိအမှတ်ပြုခံရသည့်အမှတ်တံဆိပ်
အကောင်းဆုံးများအား လူကြီးမင်းတို့အားမိတ်ဆက်ပြတာဟု
ချက်နိုင်ငံ သံအမတ်ကြီး H.E Mr. jaroslav Dolecekက စကားပြန်
ကတစ်ဆင့်ပြောသည်" ။

အဆိုပါချက် ပြည်သူ့သမ္မတနိုင်ငံရဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်များ
ကိုရတနာဟုအမည်ပေးကာ နံမည်ကြီးတံဆိပ်များ လူအသုံးဆောင်
ပစ္စည်းများကို ဓါက်ပုံ ပိုစတာအဖြစ် နယ်လှည့်ပြပွဲ့ဖွင့်ပွဲအခမ်းအနား
ကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
တိုင်းရင်းသားရေးရာဝန်ကြီး စိုင်းကျော်ဇော သယံဇတနှင့်သဘာဝ
ပတ်ဝန်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် မန္တလေးတိုင်းဆဒသကြီး
ဥပဒေချုပ် ဦးအောင်ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်
အစိုးအဖွဲ့များနှင့် ဖိတ်ကြားထားသည့်ဧည်သည်တော် တရုတ်ကောင်
စစ်ဝန် အိန္နီယာ ကောင်စစ်ဝန်ရုံများကတာရှိသူများတက်ရောက်ခဲကြ
သည်။
စိုင်းထူးခန့် 


posted from Bloggeroid

Thursday, May 5, 2016

ကျောက်မဲမြို့ နတ်စလင်းကျောင်းတိုက်စစ်ဘေးရှောင် ရွာသားများရောက်ရှိ


ကျောက်မဲမြို့ နတ်စလင်းကျောင်းတိုက်တွင်စစ်ဘေးရှောင်ရွာသားများရောက်ရှိ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောက်မဲမြို့ နတ်စလင်းကျောင်းတိုက်တွင် ကျောက်မဲမြို့နယ် ပုံးလုံကျေးရွာအုပ်စု မန်ပေါက်ကျေးရွာမှစစ်ဘေးရှောင်ပြည်သူများရောက်ရှိနေကြောင်း ကျောက်မဲမြို့ခံတစ်ဦးကပြောသည်။ ယခုအခါကျောက်မဲမြို့နယ် ပုံလုံကျေ

းရွာအုပ်စု မန်ပေါက်ကျေးရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၂၃ စု ကျေးရွာသူ/ရွာသား ၅၁ ဦးတို့ မေလ ၄ ရက်နေ့ည ၁၁ နာရီအချိန်က နစ်စလင်းကျောင်းတိုက်တွင်ရောက်ရှိလာကြောင်း နတ်စလင်းကျောင်းတိုက်ဆရာတော် ဥုးသုမနလင်္ကာရကပြောသည်။ ဆက်လက်၍ဆရာတော်က
" စစ်ဘေးရှောင်ရွာသားတွေမနေ့ည ၁၁ နာရီလောက်ကရောက်တယ် မန်ပေါက်ရွာကချည့်ဘဲ လောလောဆည်တော့စစ်ဘေးရှောင်ရွာသားတွေကိုကျောင်းကဘဲကျွေးမွေးထားပါတယ် သက်ဆိုင်ရာကလည်းနေထိုင်စားသောက်ရေးအတွက်စီစဉ်ဆောင်ရွက်နေပါပြီ ဒီနေ့လည်းနောက်ထပ်ဘေးရောက်လာအုံးမယ်လို့ကြားတယ် အောင်ဆုပန်ဆရာတော်ဦးစီးပြီးသွားရောက်ကြိုဖို့လုပ်နေပါတယ် "
ဟုပြောသည်။
မင်္ဂလာထွန်း ( ကျောက်မဲ )

posted from Bloggeroid

Wednesday, May 4, 2016

ဆောင်ပါး

"ယနေ့ရှေးဟောင်းပုဂံနယ်မြေ"

==============================================
"ယနေ့ရှေးဟောင်းနယ်မြေ တစ်ခုဖြစ်သော ပုဂံဒေသကိုမမျော်လင့်
ဘဲ စာရေးသူ ကျွန်တော်အိမ်ကို မန္တလေးအခြေစိုက်သတင်းဆရာ
နှစ်ယောက် ကိုယ်ပိုင် ဆလွန်ကား အဖြူကလေးဖြင့် ရောက်လာကာ
စိုင်းထူးခန့်ရေ ဦးပိန်တံတားကြီး ပြုပြင်နေတာကြားလို ဓါက်ပုံသွား
ရိုက်မယ် လိုက်ခဲ့ဟုခေါ်သဖြင့် ကာမရာအိပ်ကိုယူကာ ဆရာနှစ်ယောက်ဖြင့် တောင်သမန်ဦးပိန်တံတားကြီးပြုပြင်နေသော
နေရာကိုရောက်ခဲပါတော့တယ်."..?

သတင်းထောက်တွေပီပီ ဦးပိန်တံတား ရောက်တော့ စာရေသူကျွန်
တော်ကဘဲ ဆရာ မနက်ဖြန်ဘာတွေထူးလည်ဟု စတင်မေးခဲရာ
ကျွန်ဆတ်ာဆရာဖြစ်သူ ကိုဘဦးက ထူးတယ်ဗျာ မနက်ဖြန်မေဒေး
၁ ရက်နေ့ အလုပ်သမားနေ့ အခု ရေနံချောင်သွားမယ်လို ခင်ဗျာကို
ဝင်ခေါ်တာဟုကားပေါ်အရောက်တွင် ပြောသဖြင့် ဆရာနှစ်ယောက်
နဲ့အတူ မကွေးတိုင်းရေနံချောင်းမြို့တွင် ၁၂၆ ကြိမ်မြောက်အလုပ်
သမားနေ့အခမ်းအနားကြီးကို မမျော်လင့်ဘဲ တစ်ညအိပ်ခရီဖြင့်ရောက်သွားခဲ့ပါတယ်"?

သတင်းသမားတွေပီပီ ဘဲ ရေနံတူဖေါ်ရေးလုပ်ငန်းတွေ လိုက်ကြည်
တယ် စပ်စုတယ် နောက် ညနေခင် ၃ နာရီအချိန်လောက်ရောက်
တော့ ဆရာကိုဘဦးနဲ့ ကိုရွှေမန်က ဒီဘက်ရောက်တုံး ပုဂံဘက်သွား
ရအောင်လိုပြောသဖြင့် ရေနံချောင်းမြို့ အတက်အဆင်းအကွေ့အကောက် လမ်းကလေးများအတိုင် ကျောက်
ပထောင်မြို့အထိ ကားလေးကိုပုံမှန်မောင်းကာ ပုဂံမြေကိုခရီဆက်ခဲ
ပါတော့တယ်ဗျာ...?

ရေနံချောင်းမြိုကနေ ၂ နာရီ ခွဲလောက် ခရီဆက်ခဲရာ ညနေ ၅း၃၀
အချိန် ရှေးဟောင်းနယ်မြေ ပုဂံမြို့တော်ကြီးကို ရောက်ခဲပါတော့တယ်။

ကျွန်တော် မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နိုင်ငံလို အများသိကြသည့်
ရှေးဟောင်းပုဂံ နယ်မြေတစ်ခုလုံး ဟာ စေတီပုထိုးတွေ နေရာအနှံ
ရှိနေတာကိုတွေ့ရ တော့ နိုင်ငံခြားသား ခရီသွားဧည်သည်တွေဆိုမ
ထားနဲ့ စာရေးသူကျွန်တော်ကိုယ်တိုင် ပုဂံနယ်မြေဟာ ဗုဒ္ဓဘာသာ
မြန်မာလူမျိုးတွေအားလုံးအတွက် သမိုင်သက်သေတစ်ခုအဖြစ်ယနေ့
တိုင်တည်ရှိနေသလို့  ကမ္ဘာသမိုင်းတစ်ခုအဖြစ်လည် သက်သေအဖြစ်တည်ရှိနေသော ရှေးဟောင်းနယ်မြေတစ်ခုဆိုတာ
ရောက်သွားတော့မှသတိထားမိတာဖြစ်ပါတယ်။

ပုဂံရှေးဟောင်းဒေသရှိ စေတီတစ်ချို့ကို လိုက်လံ ဓါက်ပုံမှတ်တမ်း
ရိုက်ကူနေစဉ် ရာသီဥတုက မကောင်း မိုးကရွာလာတာနဲ့ ဆရာနှစ်
ယောက်နဲ့အတူ ညောင်ဦးမြိုက ရှုံခင်းသာဟိုတယ်ကို တစ်ညအိပ်
ဖြစ်ခဲပါတော့တယ်။

မေလ ၂ ရက်နေ့ နံနက်ခင်းအိပ်ယာကထတာနဲ့ ဆရာတပည်သုံး
ယောက် ယနေ့ပုဂံညောင်ဦးဒေသက ရှေးဟောင်းစေတီတော်များရှိ
ရာကို ကာမရာတစ်လုံးစီနဲ့အတူ သွားရောက်ဘုရားဖူးမျော်ခြင်း
အမှတ်တရဓါက်ပုံများရိုက်ကူးခြင်းများသွားခဲ့ကြရာ အယ်နီညိုရာသီ
ဥတုကြောင့်လား မသိဘူး နိုင်ငံခြားသားခရီသွားဧည်သည်တွေလာ
ရောက်မှု့အခုရာသိမှနည်းပါးလျှက်ရှိကြောင်းဒေသခံတွေ၏ပြောပြ
ချက်များအရသိရပါတယ် လာတော့လာကြတယ် အရင်လတွေ
လောက်မရှိဘူး ညနေ နေဝင်ဆည်ဆာကြည့်မယ်သူတွေလောက်
ဘဲရှိတယ်ဟုသိရပါတယ်"

မြန်မာနိုင်ငံရဲ့ရှေးဟောင်းနယ်မြေရှိ စေတီတွေကိုနေရာ အနှံကို
ရောက်တုံး ယနေ့ရှေးဟောင်းပုဂံအလှဓါက်ပုံများရိုက်ကူကာ မန္တလေးကို ညနေပိုင်အချိန်တွင်ပြန်ခဲ့ပါတောတယ် ...?
လေးစားစွာဖြင့် စိုင်းထူးခန့် 

posted from Bloggeroid

Monday, May 2, 2016

ရေနံချောင်းသတင်း မေဒေးနေ့



မေဒေးနေ့ သမ္မတသ၀ဏ်လွှာနှင့် ရေနံချောင်း မေဒေးအခမ်းအနား

01.05.2016 18:08



ရေနံချောင်း မေဒေးနေ့အခမ်းအနား မှတ်တမ်းဓါတ်ပုံများ (ဓါတ်ပုံ-အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ )



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ မြန်မာအလုပ်သမားထု တရပ်လုံး အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိနိုင်ဖို့ တရားမျှတမှုအပေါ် အခြေခံတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သမ္မတဦးထင်ကျော်က မေလ ၁ရက်နေ့ မေဒေးနေ့မှာ အလုပ်သမားထုကို သဝဏ်လွှာပေးပို့ ပြောဆိုလိုက်ပါတယ်။ ရေနံမြေ အလုပ်သမားကြီးတွေ အလုပ်သမားအခွင့်အရေး တိုက်ပွဲဝင်ခဲ့ရာ ရေနံချောင်းမြို့မှာလည်း အလုပ်သမား နေ့ အခမ်းအနားကို အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအဖွဲ့ပေါင်းစုံက စုပေါင်း ကျင်းပပြီး အလုပ်သမားထုအရေး ဆွေးနွေး ဖလှယ်ခဲ့ကြပါတယ်။ အကြောင်းစုံ မဆုမွန် စုစည်းတင်ဆက်ထားပါတယ်။

ဒီကနေ့ဟာဖြင့် မေဒေးနေ့လို့ သိကြတဲ့ ၁၂၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ်က အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုမြို့မှာ အလုပ်သမားတွေက အလုပ်ချိန် အဆမတန် များလွန်းတာကို ကန့်ကွက် ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့အလုပ်သမားနေ့ ကို သတ်မှတ်ခဲ့တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း ပထမဆုံး ကျရောက်တဲ့ မေဒေးနေ့လည်းဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ အလုပ်သမားကြီးများနဲ့ လက်တွဲပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမှာဖြစ်သလို အလုပ်သမားတွေ အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိရေး၊ အလုပ်သမား အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ခိုင်မာ တဲ့အလုပ်သမားဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆက်ဆံရေးကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းတဲ့ လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး ဆောင်ရွက်သွားမယ်လို့ မေဒေးနေ့အထိမ်းအမှတ် သမ္မတဦးထင်ကျော် ပေးပို့တဲ့ သ၀ဏ်လွှာထဲ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ပြည်ပရောက်မြန်မာအလုပ်သမားတွေအတွက်ကိုလည်း သူတို့သွားရောက်ပြီးတော့ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေက အလုပ်သမားဥပဒေအတိုင်း အလုပ်သမားအခွင့်အရေး အပြည့်အဝ ရပိုင်ခွင့်ရှိရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်နိုင်ရေး ဆောင်ရွက်သွားမယ် ဆိုတာကိုလည်း သမ္မတဦးထင်ကျော်ရဲ့ သ၀ဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

အခု အစိုးရသစ် လက်ထက်မှာ အလုပ်သမားအခွင့်အရေး ဒီ့ထက်ပိုပြီး တရားမျှတစွာ ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း အလုပ်သမားအရေး ဥပဒေပိုင်းအရ အကြံပေးကူညီနေသူ အလုပ်သမားရေးကျွမ်းကျင်သူ ဦးအောင်လင်းက ပြောပါတယ်။

“လက်တလောအခြေအနေကတော့ လုပ်ခလစာကိစ္စပေါ့နော်။ ဒီအနည်းဆုံးကြေးငွေသတ်မှတ်ထားတဲ့ကိစ္စကိုလည်း ကျနော်တို့ပြင်ရမှာပေါ့နော်။ ဒါလက်တလောလုပ်ရမယ့်ကိစ္စ။ ရေရှည်အတွက်ကိုတော့ ယခင်အစိုးရလက်ထက်မှာသွားခဲ့တဲ့ အလုပ်သမားရေးရာ policy ပေါ့နော် ။ ဒီအစိုးရသစ်လက်ထက်မှာ အလုပ်သမားဝန်ကြီးဌာန အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင်ဖွဲ့စည်းထားတဲ့ အမျိုးသားကော်မတီရဲ့ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့အစိုးရသက်တမ်း ၅ နှစ်မှာ အမျိုးသားကော်မတီဖွဲ့စည်းပုံနဲ့ ဒီအလုပ်သမားရေးရာ policy ပေါ့နော် ဒါကို ချမှတ် ပြီးတော့ လုပ်ဆောင်ခဲ့တဲ့အခါမှာ အောင်မြင်သင့်သလောက်မအောင်မြင်ခဲ့တဲ့ရလဒ်တွေပေါ့နော်၊ ဒါတွေကို ပြန်လည်သုံးသပ်ပြီးတော့ဒီ အမျိုးသားကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းစေချင်ပါတယ်။”

ရေနံချောင်းမြို့မှာ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားအဖွဲ့ပေါင်းစုံက ဦးစီးပြီး မေဒေးနေ့အခမ်းအနား ကျင်းပပြီးတော့ အလုပ်သမားအရေး ဆွေးနွေးကြပါတယ်။ အဲဒီဆွေးနွေးချက်တွေနဲ့ ပတ်သတ်ပြီး ဒီပွဲကို ကိုယ်တိုင် တက်ရောက်တဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ကိုနေဝင်းဦးကပြန်ပြောပြပါတယ်။

“ဒီနေ့ ရေနံချောင်းမှာကျင်းပတဲ့ မေဒေးဟာ ကျနော်ဖြတ်သန်းခဲ့တဲ့၊ ကျနော်တက်ရောက်ခဲ့တဲ့ မေဒေးနေ့တွေနဲ့ အလုပ်သမားနေ့တွေနဲ့စာလို့ရှိရင် အနှစ်အရသာပိုမိုပြည့်စုံတဲ့ပွဲလို့ ကျနော်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၁၃၀၀ ပြည့်ရေနံမြေ အလုပ်သမားသပိတ်ကိုလည်း ဒီနေရာမှာပဲစပြီးတော့ အကောင်အထည်ဖော်ခဲ့တယ်ပေါ့နော်။ ဒီနေ့ဟာ ကျနော်တို့အလုပ်သမားတွေရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ ကိုယ်ပိုင်ခံစားချက်တွေကို ချပြပြီးတော့ ရင်ဖွင့်ရတဲ့နေ့ဖြစ်နေလို့ပါ။ သမ္မတကြီးကတော့ ပြောသွားတာပေါ့နော် သမ္မတကြီးပြောတဲ့အတိုင်းကို အကောင်အထည်မဖြစ်မနေဖော်ပေးမယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေအတွက်အခွင့်အရေးတွေပိုရလာမှာပေါ့။ အလုပ်သမားတွေ ရဲ့ လူနေမှုဘ၀ မြင့်မားတိုးတက်ရေးအချက်တွေကို အကောင်အထည် ဖော်ပေးနိုင်ရင်တော့ ပိုပြီးတော့ အဆင်ပြေမှာပေါ့ဗျာ။”

အစိုးရသစ်လက်ထက် ခိုင်မာတဲ့အလုပ်သမားဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေးအပါအဝင် အလုပ်သမားတွေ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးနဲ့ ပြည်တွင်း၊ ပြည်ပမှာ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိစေရေး လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ လူမှုဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ အလေးအနက်ထားဆောင်ရွက်ပေးဖို့ကိုလည်း အလုပ်သမားရေး ဆောင်ရွက်ပေးနေသူ ဦးအောင်လင်းက တိုက်တွန်းပါတယ်။

“အရင်အစိုးရလက်ထက်မှာတော့ ကျွမ်းကျင်အလုပ်သားစီမံကိန်းဆိုပြီးတော့ ပြည်ထောင်စုအဆင့်အနေနဲ့ သီးခြား ဘတ်ဂျက်ထားရှိခဲ့တာမတွေ့ဘူးပေါ့နော်။ အခုအစိုးရသစ်ပေါ့ ဒီပြည်သူ့အစိုးရသစ်လက်ထက်မှာတော့ ကျွမ်းကျင်အလုပ်သားမွေးထုတ်ရေးအစီအစဉ်မှာပြည်ထောင်စုအဆင့်ကို သီးခြား ဘတ်ဂျက်ထားရှိဖို့လိုအပ်ပြီလို့ ကျနော်တို့မြင်ပါတယ်။ ဒါမှ လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်မယ်။ ပမာဏများများ လေ့ကျင့်မွေးထုတ်နိုင်မယ်လို့ ကျနော်မြင်ပါတယ်ဗျ။”

ဒီကနေ့ မေဒေးနေ့ အခမ်းအနားတွေကိုတော့ ရေနံချောင်းမြို့၊ နေပြည်တော်၊ ရန်ကုန်နဲ့ မြန်မာနိုင်ငံတွင်း နေရာအနှံ့အပြားမှာ အခမ်းအနားတွေ ကျင်းပကြပါတယ်။

ဒီအတောအတွင်းမှာပဲ အလုပ်ထုတ်ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ပတ္တမြားစက်မှုဇုံ Myanmar Veneer Plywood Private Co ltd သစ်အချောထည်စက်ရုံက ဆန္ဒပြအလုပ်သမား ၁၀၀ ကျော်ဟာ နေပြည်တော်ကို ချီတက်နေကြတာမှာ ဒီကနေ့ညနေပိုင်းက တော့ ကျောက်ဆည်မြို့ အ၀င်နားရောက်ပြီး စခန်းချ နားနေတယ်လို့ အလုပ်သမားခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါ တယ်။

ကျောက်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးက အလုပ်သမားတွေကိုလာတွေ့ပြီး ကျောက်ဆည်မြို့ကို ဆန္ဒပြ ဖြတ်သန်းမယ် ဆိုရင် ၇ ရက် ကြိုတင်ခွင့်တောင်းဖို့ပြောပြီး တားဆီးဖို့ ကြိုးစားပေမဲ့ အလုပ်သမားတွေကတော့ သူတို့မူလဦးတည်ချက်အတိုင်း ဆက်ပြီး ချီတက်ကြမယ်လို့ ပြောပါတယ်။

အလုပ်သမားတွေဟာ အလုပ်ထုတ်ခံရပြီး နှစ်လကြာတဲ့အထိ အလုပ်သမားဝန်ကြီးဌာနနဲ့ အလုပ်ရှင်ဘက်က ညှိနှိုင်းဖြေရှင်းပေး တာမရှိတဲ့အတွက် သူတို့အခက်အခဲကိုဖြေရှင်းပေးရေး တင်ပြဖို့ နေပြည်တော်၊ သမ္မတရုံးကို ချီတက်နေကြတာလို့ဆိုပါ တယ်။ဒါဟာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့အစိုးရ တက်လာပြီးကတည်းကဆိုရင် ပထမဆုံး အလုပ်သမားဆန္ဒပြပွဲလည်းဖြစ်ပါတယ်။

အခုလိုမျိုး မကြာခဏ ဆန္ဒပြမှုတွေဖြစ်ပေါ်စေတဲ့ လုပ်အားခလစာ နဲ့အလုပ်ချိန်၊ အချိန်ပို သတ်မှတ်ရေး အလုပ်ရှင်-အလုပ်သမားကြား အငြင်းပွားမှုများကို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ အလုပ်ရှင်၊ အလုပ်သမား၊ တာဝန်ရှိသူတွေကြား သုံးပွင့်ဆိုင်စနစ်နဲ့ ညှိနှိုင်းဖြန်ဖြေဆုံးဖြတ်ပေးဖို့ကိုလည်း အလုပ်သမားထုဘက်က လိုလားနေတာဖြစ်ပါတယ်။

posted from Bloggeroid

အလယ်ပိုင်းဒေသ လေတိုက်မှု့ဖြစ်ပွား



ပဲခူး၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ စနေ၊ တနင်္ဂနွေနေ့က ထပ်ပြီးမိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေရာအတော်များများ ပျက်စီးဆုံးရှုံးမှုအတော်များများရှိခဲ့ပါတယ်။ မန္တလေးမြို့ပေါ်မှာ တော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပြိုလဲကျနေတဲ့ သစ်ပင်ကြီးတွေ လိုက်လံရှင်းလင်းရေးတွေကို မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ လျှပ်စစ်ဌာန၀န်ထမ်းတွေနဲ့အတူ ပြည်သူတွေကပူးပေါင်းဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

စနေနဲ့ တနင်္ဂနွေနေ့က ကျရောက်ခဲ့တဲ့ လေပြင်းမုန်တိုင်းကြောင့် ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ် တ၀ိုက်၊ မကွေးတိုင်းက စလင်းမြို့နယ်အပါဝင်၊ မန္တလေးတိုင်းဘက်မှာတော့ ကျောက်ဆည်၊ စဥ့်ကိုင်၊ ပျော်ဘွယ်၊ ၀မ်းတွင်း၊ လယ်ဝေး၊ မိတ္ထီလာ၊ မန္တလေး စတဲ့မြို့နယ်တွေနဲ့ စစ်ကိုင်းတိုင်း ပုလဲနဲ့ ရွှေဘိုမြို့နယ်တို့မှာ ပျက်စီးထိခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။

မန္တလေးမြို့မှာတော့ ထိခိုက်ပျက်စီးမှုအဆိုးဆုံးဖြစ်တဲ့မြို့နယ်တွေကို အဓိကထားပြီး ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“သစ်ပင်တွေလဲပြီးတော့ အိမ် ပိတာတို့၊ သစ်ကိုင်းတွေကျိုးပြီးတော့ ပိတ်မိနေတာတို့ အဲလိုမျိုးအရမ်းဆိုးတဲ့နေရာပဲ ဦးစားပေးပြီးတော့ မကွေးတိုင်းအတွင်းပေါ့နော် ။ ချမ်းအေးသာစံ တို့၊ ချမ်းမြသာစည်လိုမျိုး မြို့ပေါ်မှာရှိတဲ့ မြို့နယ်တွေကတော့ သူ့မြို့နယ်နဲ့အတူ တာဝန်ကျေအောင်ထမ်းဆောင်တာတွေ့ရပါတယ်။

မေး။ ။ မနေ့ညကဖြစ်တဲ့ သစ်ပင်ကျိုးတဲ့အခြေအနေတို့၊ အိမ်ပိတဲ့ အခြေအနေတွေရောတော်တော်များလားရှင့်။ ဒီမြို့နယ်အလိုက်ကြည့်မယ်ဆိုရင်။

ဖြေ။ ။ သစ်ပင်လဲပြီးတော့ လမ်းပေါ်မှာပိတ်တာလောက်ပဲရှိတယ်ဗျ၊ သစ်ပင်လဲပြီးတော့ အိမ်တွေဘာတွေပိတာတို့တော့ ၁ ခု၊ ၂ ခုလောက်ပဲရှိတယ်ဗျ။ သစ်ပင်လဲတာတော့ တော်တော်များနေတယ်။

မေး။ ။ အဲတော့ မနေ့က စဥ့်ကိုင်ဘက်မှာတော့ ဘယ်လိုအခြေအနေကြားသေးသလဲရှင့်။

ဖြေ။ ။စဥ့်ကိုင်ဘက်မှာတော့ကျနော်တို့သိသလောက်ကတော့ စဥ့်ကိုင်ဘက်မှာ အရင်သက်တမ်းကြာပြီဖြစ်တဲ့ သစ်ပင်ကြီးတွေ ခြောက်ပြီးတော့ ၊ သစ်ပင် အရမ်းကြီးတွေဖြစ်နေတာတွေ လဲတယ်။ အိမ်ခေါင်မိုးတွေလှန်တယ် ဒီလောက်ပါပဲ။ လူထိခိုက်မှုတော့မရှိပါဘူး။

မေး။ ။ အခု တညလုံးရော လူကြီးမင်းတို့ဘက်က လိုက်ရှင်းလင်းနေတဲ့ အခြေအနေတွေ၊ ကူညီရေးလုပ်ပေးနေတဲ့အခြေအနေတွေဘယ်လိုရှိသလဲရှင့်။

ဖြေ။ ။ပြီးခဲ့တဲ့ ၁ နာရီလောက်မှ အကုန်လုံး သူ့စခန်းအသီးသီးကို ကျနော်တို့လွှတ်ထားတဲ့နေရာကနေ ရှင်းလင်းပြီးသွားပြီ သတင်းပို့ပြီးသွားပြီလို့ ပြီးခဲ့တဲ့ ၁ နာရီလောက်ကမှပဲ သူတို့ စခန်းကိုပြန်ကြတာဗျ။

မန္တလေးမြို့နဲ့ နီးစပ်နေတဲ့နေရာတွေမှာ လဲတဲ့နေရာတွေအကုန်လုံး EPC၊ စည်ပင်ရယ်၊ မီးသတ်ရယ်၊ ရဲရယ် ။ ရဲက ကျတော့ သူတို့လဲတဲ့နေရာတွေမှာ လိုက်စုံစမ်းပေးတယ်။ EPC ကကျတော့ ပျက်ကျနေတဲ့ ဓါတ်အားလှိုင်းတွေ ၊ဖုန်း ကြိုးတွေကို ကျနော်တို့ ဒီ မီးသတ်ကား operator ကနေ လှမ်းအကြောင်းကြားပေးတယ်။ အဲဒါမှ မီးသတ်နဲ့ စည်ပင်နဲ့ လုပ်လို့ရတယ်ဗျ။ အဲလိုမျိုးဝိုင်းပြီးတော့လုပ်ကြတယ်။ တချိန်တည်းမှာပဲ ပြည်သူကလည်း ဘယ်နားမှာတွေ ပိတ်မိနေပါတယ်ပေါ့ လှမ်းပြီးတော့ ဆက်သွယ်တဲ့အတွက် ကျနော်တို့လည်း လုပ်ငန်း လုပ်ရတာထိရောက်တယ်ပေါ့နော်။”

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ဘက်မှာလည်း လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် သစ်ပင်တွေပြိုလဲပြီး အိမ်တချို့ ထိခိုက်ခဲ့သလို အဆောက်အဦးတချို့ကသွပ်ခေါင်းမိုး တွေလည်းပျက်စီးသွားခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ညနေ ၅ နာရီခွဲ ကနေ ၆ နာရီခွဲ အဲဒီအတွင်းမှာ ဆက်တိုက်တိုက်သွားတယ်ခင်ဗျ။ လူအသေအပျောက်တို့၊ ထိခိုက်မှုတွေတော့မရှိဘူးပေါ့နော်။ ဒီတိုင်းလေပြင်းတိုက်တယ်ပေါ့။ ခဏနေကျတော့ မိုးပါရွာပြီးတော့ မိုးသက်လေပြင်းတိုက်တယ်ပေါ့။ နောက်အပင်တွေကျိုးကျတယ်လေ။ သက်တမ်းရင့်အပင်ကြီးတွေ အပင်နဲ့နီးတဲ့နေရာတွေ တချို့ပေါ့နော် ။ ၂ အိမ်၊ ၃ အိမ်လောက်ပါပဲ။ ပင်စည်ကြီးတွေ၊ ညောင်ပင်ကြီးတွေ ပျတ်ကျပြီးတော့ အိမ်တွေကိုပိတာတွေရှိတယ်ပေါ့။ လူတွေကတော့ ဘာမှမဖြစ်ဘူးပေါ့။ နောက်တခြား အဆောက်အဦးအကြီးတွေရှိတယ် အဲဒါတွေက သွတ်မိုးလှန်သွားတယ်ပေါ့။ သွတ်မိုးတွေပြတ်ထွက်သွားတာတွေရှိတယ်ပေါ့။”

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာလည်း မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အဦတွေ၊ ကျန်းမာရေး အဆောက်အဦတွေ၊ စာသင်ကျောင်း အဆောက်အဦတွေနဲ့ လူနေအိမ်ခြေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

စနေနေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်းကြောင့်လည်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကျေးရွာနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သလို လူအနည်းဆုံး (၃) ဦးသေဆုံးခဲ့တယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် မုန်တိုင်းကြောင့် သေဆုံးခဲ့တဲ့ ကျွဲ၊ နွား တိရစ္ဆာန်အတော်များ တယ်လို့ ဆိုပေမယ့် အရေအတွက်အတိအကျကိုတော့ သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့သတင်းပတ်အတွင်း ပြင်းထန်တဲ့ အန်လ်နီညိုရာသီဥတုဖေါက်ပြန်တဲ့ဒဏ်ကိုခံရတဲ့အတွက် မိုးထစ်ချုန်းရွာပြီး၊ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေကျတာနဲပ မိုးကြိုးပစ်တာ စတဲ့ ဘေးအန္တရာယ်တွေကြောင့် နိုင်ငံတ၀ှမ်းလူပေါင်း (၁၆) ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံတ၀ှမ်း ရာသီဥတုဆိုးရွားမှုကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

posted from Bloggeroid