မာန်အောင်ရတနာဓာတုဃရ ဝါခင်းကုန်းစေတီ ပန်းမွေ့ယာခင်း
ပူဇော်ပွဲကျင်းပ
(မန္တလေး၊ ဖေဖော်ဝါရီလ ၁၃)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၂×
၃၄လမ်းကြား၊ ၅၆×၅၇လမ်းကြားရှိ မာန်အောင်ရတနာဓာတုဃရ
ဝါခင်းကုန်းစေတီ ပန်းမွေ့ယာခင်းပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၃
ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပူဇော်ပွဲတွင် ကန်ကောက်ကြီး၊ ကန်ကောက်သစ်၊ ကန်ကောက်
ဟောင်း၊ ရွှေယဉ်မွန်၊ ယာဉ်ပျံ၊ ကျန်းမာရေး၊ ရွှေဂဲပွား၊ ကွေ့ကြီး
ကုန်း စသည့် ရပ်ကွက်များမှ ပန်းအလှ အမျိုးမျိုးပုံဖော်၍ အတီးအ
မှုတ် အကအခုန်များဖြင့် ပျော်ရွှင်စွာ လှည့်လည် လှူဒါန်းပူဇော် ခဲ့
ကြောင်း သိရသည်။
ဆေးတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂမှ ဦးစီး၍
ဗိုလ်ချုပ်အောင်ဆန်း (၁၀၂)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်
အမှတ်တရ ခင်းကျင်းပြသ

အမှတ်တရ ခင်းကျင်းပြသပွဲကို ဖေဖော်ဝါရီလ ၁၃ရက်နေ့
နံနက် ၈နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါ
တက္ကသိုလ် ပင်မဆောင်အောက်ထပ်တွင် ကျင်းပပြုလုပ်သည်။

အဆိုပါအမှတ်တရပြသပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့သည့်
စာပေနှင့် မိန့်ခွန်း ကောက်နှုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံညီလာခံ ဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများ၊ အမှတ်တရ
ဓာတ်ပုံ၊ ပန်းချီ၊ ကဗျာများ ပြသထားပြီး တက်ရောက်လာကြသူများ
ကို ပဲပြုတ်၊ နံပြားနှင့် ကော်ဖီများဖြင့် ဧည့်ခံခဲ့သည်။
အမှတ်တရပြသပွဲသို့ ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါက်
တာ ခင်မောင်လွင်၊ ပါမောက္ခ/ဋ္ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊
ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဟိန်းဝင့်ဝါနှင့် အဖွဲ့ဝင်များ၊ ကျောင်း
သား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကလေးများနေ့ အထိမ်းအမှတ် အာဟာရကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး ကလေးများနေ့ အထိမ်းအမှတ် အာဟာရကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ရက် နံနက် ၉နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆လမ်းနှင့် ၂၇လမ်းကြား ၇၁လမ်းရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိမ်းသိန်းရေးဝန်ကြီး ဦးမျိုးသစ်မှ အဖွင့်အမှာစကားပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ကလေးများနေ့အထိမ်းအမှတ် အာဟာရကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာယုမေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူမျာ၊ NGO INGO များမှ တာဝန်ရှိသူများ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တတ်ရောက်ကြသည်။
အခမ်းအနားတွင် ကလေးငယ်များက တိုင်းရင်းသားအကအလှများ
ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး ကလေး
များနေ့ အထိမ်းအမှတ် ဆုပေးပွဲနှင့် အာဟာရကျွေးမွေးခြင်းများ ပြုလုပ်ကြောင်းသိရသည်။
ကျော်ထူး( Mdy; News Journal)
>> Ah Lin Nge >>

No comments:
Post a Comment