Monday, February 13, 2017

(၁၀၂)နှစ်​​မြောက်​ဗိုလ်​ချုပ်​​မွေး​နေ့သတင်းများ

မန္တလေးတိုင်းဒေသကြီး ကလေးများနေ့ အထိမ်းအမှတ် အာဟာရကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကလေးများနေ့ အထိမ်းအမှတ် အာဟာရကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ရက် နံနက် ၉နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆လမ်းနှင့် ၂၇လမ်းကြား ၇၁လမ်းရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိမ်းသိန်းရေးဝန်ကြီး ဦးမျိုးသစ်မှ အဖွင့်အမှာစကားပြောကြားသည်။


မန္တလေးတိုင်းဒေသကြီး ကလေးများနေ့အထိမ်းအမှတ် အာဟာရ​ကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်​၏ဇနီး ​ဒေါက်​တာယု​မေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးများနှင့်​ ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူမျာ၊ NGO INGO များမှ တာဝန်ရှိသူများ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တတ်ရောက်ကြသည်။

အခမ်းအနားတွင် ကလေးငယ်များက တိုင်းရင်းသားအကအလှများ
ဖြင့်​ ဖျော်ဖြေတင်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး ကလေး
များနေ့ အထိမ်းအမှတ် ဆုပေးပွဲနှင့် အာဟာရကျွေးမွေးခြင်းများ ပြုလုပ်ကြောင်းသိရသည်။

ကျော်​ထူး( Mdy; News Journal)
>> Ah Lin Nge >>

No comments:

Post a Comment