Wednesday, February 1, 2017

ကြော်​ငြာသတင်း




၂၀၁၇ခုနှစ်အတွက် Colgate၏ (၅) ကြိမ်မြောက် သွားနှင့် ခံတွင်းကျန်းမာရေး အစီအစဉ်တွင် မြန်မာနိုင်ငံ အနှံအပြားမှ လူပေါင်း ၇သောင်းကျော်အား ရည်ရွယ်ထား။

မြန်မာ၊ ဇန်န၀ါရီ ၃၀၊ ၂၀၁၇။ ။ မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူလူထူအား သွားနှင့် ခံတွင်း ကျန်းမာရေး၏ အရေးပါမှု ပညာပေးလအစီအစဉ်နှင့် မိတ်ဆက်ပေးရန်အတွက် ယနေ့တွင် Colgate-Palmolive နှင့် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆရာဝန်အသင်းတို့ ၏ (၅) ကြိမ်မြောက် သွားနှင့်ခံတွင်း ကျန်းမာရေး အစီအစဉ်ကို စတင်မည် ဖြစ်သည်။ ယခုနှစ် အစီအစဉ်ကို ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ယခင်နှစ်များထက် ပိုမိုများပြားသော ပြည်သူတို့၏ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အသိပညာများ တိုးတက်လာစေဖို့ ကူညီပေးသွားရန် Colgate မှ ကတိက၀တ်ပြုပါသည်။ မိတ်ဆက်ခြင်း အစီအစဉ်ကိုလည်း ရန်ကုန်မြို့ Hleedon Shopping Center တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ကြွရောက်လာမည့် ဧည်သည်များအား အခမဲ့ သွားကျန်းမာရေး စစ်ဆေးခြင်း နှင့် သိရှိလိုသူများအတွက် အမေး၊ အဖြေ ဖြေကြားခြင်းကဏ္ဍလည်း ပါဝင်မည် ဖြစ်သည်။
သွားနှင့်ခံတွင်း ကျန်းမာရေးတစ်လတာ အစီအစဉ်သည် ဖေဖော်ဝါရီလ တစ်လအတွင်း မြန်မာပြည်တွင်းရှိ သုံးစွဲသူများအတွက် သွားနှင့်ခံတွင်း ကျန်းမာရေး၏ အရေးပါပုံ ကိုနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ရန်ကုန်မြို့အတွင်းရှိ သွားကျန်းမာရေးဌာနပေါင်း ( ၄၄)ခုအပါအ၀င်၊ သွားဆေးခန်း (၄၃၀) နှင့် ဆေးရုံများတွင် ကလေးများနှင့် ၎င်းတို့၏ မိသားစု ၀င်များအတွက် သွားနှင့်ခံတွင်း ကျန်းမာရေး ပညာပေး အထောက်အကူပြု ပစ္စ္စ္စည်းများနှင့် အခမဲ့ သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ Colgate ၏ သွားနှင့်ခံတွင်း ကျန်းမာရေး တစ်လတာ လှုပ်ရှားမှု အစီအစဉ်မှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သွားဆေးခန်း (၄၁၄) ခုမှ၊ လူပေါင်း ၆ သောင်းကျော်အား သွားကျန်းမာရေး ၀န်ဆောင်မှုများပေးခဲ့သည်။ တစ်လတာ လှုပ်ရှားမှု အစီအစဉ်၏ တိုးတက်လာမှုကြောင့် နိုင်ငံတစ်ဝန်းရှိ သွားဆေးခန်းများ၏ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လာခဲ့ပြီး ယခုနှစ်တွင် လူဦးရေ ၇ သောင်းကျော်ကို သွားကျန်းမာရေး စစ်ဆေးပေးနိုင်ရန် မျှော်လင့်သည်။
Colgate ၏ Senior Professional Relation Manager ဖြစ်သူ Dr. Sompong က “Colgate အနေနဲ့ လူကြီး၊ လူငယ်မရွေး၊ လူတိုင်းဟာ ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ရဲ့အကျိုးရလဒ်ကို နားလည်းသဘောပေါက်စေချင်တယ်။ ဒါမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်းတွေကို ရရှိမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကစတင်ပြီး မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်း နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းက ပြည်သူတွေရဲ့ သွားကျန်းမာရေးအတွက် ၀န်ဆောင်မှုတွေ ပေးခဲ့ပါတယ်။ Colgateရဲ့ သွားနှင့် ခံတွင်းကျန်းမာရေး ပညာပေးလဟာ နှစ်စဉ်ပြုလုပ်တဲ့ လှုပ်ရှားမှု တစ်ခုဖြစ်တယ်။ မြန်မာပြည်သူတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုပါဝင်လာနိုင်ဖို့ အတွက် အစီအစဉ်တွေကို နှစ်စဉ် တိုးမြှင့်ဆောင်ရွက်သွားဖို့ ကတိက၀တ်ပြုပါတယ်။ သွားကျန်းမာရေးဟာ တစ်ကိုယ်ရေ ကျန်းမာရေးအတွက် အဓိက သော့ချက်ပါ။ နေ့စဉ်တစ်နေ နှစ်ကြိမ် သွားတိုက်ခြင်းဖြင့် သွားနာ၊ သွားကိုက်ခြင်း၊ သွားကျိုးခြင်း၊ သွားဖုံးနာရောဂါတွေကို ကာကွယ်ပေးပြီး ကိုယ်ခံအား စနစ်ကို တိုးတက်စေပါတယ်။ ဒါကြောင့် သွားကျန်းမာရေး အသိပညာပေးလုပ်ငန်းဟာ အရေးကြီးပါတယ်။’’ ဟု ပြောကြားသည်။

‘’ ယခု (၅) ကြိမ်မြောက် သွားနှင့် ခံတွင်းကျန်းမာရေး စစ်ဆေးခြင်း အစီအစဉ်မှာ မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်း က Colgate နဲ့အတူ ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ ကလေး၊ လူကြီး အသီအသီးရဲ့ သွားကျန်းမာရေး အသိပညာတွေ တိုးတက်လာစေဖို့ ဆက်လက်လုပ်ဆောင်သွား မှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှု ရဲ့ အကျိုးရလဒ် ကို ယခင်နှစ်များကဲ့သို့ ဆက်လက်ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်း ဥကဌ Professor ဒေါက်တာ သိန်းကြူ က ဆက်ပြောသည်။
Colgate ၏ သွားနှင့်ခံတွင်း ကျန်းမာရေး ပညာပေးလသည် နှစ်စဉ်ပြုလုပ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး Colgate-Palmolive မှ ကမ္ဘာတစ်ဝန်းရှိ ဒေသအတွင်း သွားနှင့်ခံတွင်း ဆိုင်ရာ အရာရှိများနှင့် ပူးပေါင်းကာ သွားနှင့် ခံတွင်း ကျန်းမာရေး၏ အရေးပါမှုကို အများပြည်သူများအား ပညာပေးရန် အကောင်အထည်ဖော် လုပ်ဆောင်နေခြင်းဖြစ်သည်။ Colgate ၏ သွားနှင့် ခံတွင်းကျန်းမာရေး ပညာပေးလ အကြောင်းနှင့် သွားနှင့် ခံတွင်း စစ်ဆေးခြင်းများကို ထပ်မံသိရှိလိုပါက Colgate Myanmar Facebook page တွင်ဝင်ရောက် ဖတ်ရှုနိုင်သည်။
###
Colgate-Palmolive Company အကြောင်း
Colgate-Palmolive သည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျှက်ရှိသည့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ သွားနှင့် ခံတွင်းကျန်းမာရေး တစ်ကိုယ်ရေ ကျန်းမာရေး၊ မိသားစု ကျန်းမာရေး နှင့် အိမ်မွေးတိရိစ္ဆာန် အဟာရ ဖွံဖြိုးရေးတို့တွင် အဓိကထား လုပ်ဆောင်လျှက်ရှိသည်။ Colgate ၏ ထုတ်ကုန်များကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် နယ်မြေပေါင်း ၂၀၀ ကျော်တွင် နိုင်ငံတကာ အသိအမှတ်ပြု အမှတ်တံဆိပ် များဖြစ်သည့် Colgate, Palmolive, Mennen, Softsoap, Irish Spring, Protex, Sorriso, Kolynos, elmex, Tom's of Maine, Sanex, Ajax, Axion, Soupline, and Suavitel, as well as Hill's Science Diet and Hill's Prescription Diet. တို့ကိုရောင်းချလျှက်ရှိသည်။ Colgate ၏ ကမ္ဘာ လုံးဆိုင်ရာ လုပ်ငန်းများအား ထပ်မံသိရှိလိုပါက ကုမ္ပဏီ၏၀က်ဘ်ဆိုက် ဖြစ်သော www.colgatepalmolive.com တွင်ဝင်ရောက် လေ့လာနိုင်သည်။ Colgate Bright Smiles, Bright Futures® နှင့် Colgate ၏ ကမ္ဘာလုံးဆိုင်ရာ သွားနှင့် ခံတွင်းကျန်းမာရေး အစီအစဉ်များ အကြောင်း ထပ်မံသိရှိလိုပါက www.colgatebsbf.com တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

မီဒီယာများ ဆက်သွယ်လိုပါက
ချယ်ရီသိန်း
Zagar Communications (On behalf of Colgate-Palmolive)
Email: cherry@zagarcommunications.com
Tel: +95 (0) 77 9696 439

No comments:

Post a Comment