*ဥပဒေစိုမိုးမှု-ထပ်မံနှိုင်းယှဉ်ကြည့်ကြစို့*
*
လူသတ်မှုအများဆုံးမှာ ရန်ကုန်၊ရှမ်းပြည်နယ်နှင့်
မန္တလေးမှာ အများဆုံးဖြစ်ပြီး
မုဒိန်းမှုအများဆုံးကတော့ ရန်ကုန်၊ဧရာဝတီနှင့်
မန္တလေးတို့ဖြစ်ကြောင်းလေ့လာသိရှိရပါတယ်..။
ယခင် အစိုးရနဲ့ ယခု အစိုးရသစ်လက်ထက်
တာဝန်ယူချိန်
ပထမ(၉)လတာ-ကာလအတွင်း
မှုခင်းဖြစ်ပွားမှု နှိုင်းယှဉ်ကြည်လျှင်-
နိုင်ငံတစ်ဝန်း-
၂၀၁၅ခုနှစ်-ဧပြီမှ ဒီဇင်ဘာအထိ လူသတ်မှုပေါင်း(၉၈၈)မှု၊
၂၀၁၆ခုနှစ်-ဧပြီမှ ဒီဇင်ဘာအထိ လူသတ်မှုပေါင်း(၁၀၂၃)မှု၊
ကာလတူ(၉)လအတွင်း (၃၅)မှု ပိုမိုတိုးပွား ပြောင်းလဲ။
၂၀၁၅ခုနှစ်ဧပြီမှဒီဇင်ဘာအထိ မုဒိန်းမှုပေါင်း(၅၁၃)မှု၊
၂၀၁၆ခုနှစ်ဧပြီမှ ဒီဇင်ဘာအထိ မုဒိန်းမှုပေါင်း(၉၁၀)မှု၊
ကာလတူ(၉)လအတွင်း မုဒိန်းမှု(၃၉၇)မှု
နှစ်ဆနီးပါးပိုမိုတိုးပွားပြောင်းလဲ။
၂၀၁၅ခုနှစ်ဧပြီမှဒီဇင်ဘာအထိ လုယက်မှုပေါင်း(၁၁၀)မှု၊
၂၀၁၆ခုနှစ်ဧပြီမှဒီဇင်ဘာအထိ လုယက်မှုပေါင်း(၁၂၄)မှု၊
ကာလတူ(၉)လအတွင်းလုယက်မှု(၁၄)မှုတိုးပွားပြောင်းလဲ။
၂၀၁၅ခုနှစ်ဧပြီမှဒီဇင်ဘာအထိ ခိုးမှုပေါင်း(၄၄၂၇)မှု၊
၂၀၁၆ခုနှစ်ဧပြီမှဒီဇင်ဘာအထိ ခိုးမှုပေါင်း(၄၈၄၅)မှု၊
ကာလတူ(၉)လအတွင်း ခိုးမှုပေါင်း(၄၁၈)မှု
တိုးပွားပြောင်းလဲ။လာကြောင်းလေ့လာတွေ့ရှိရပါတယ်။
လက်ရှိအခြေအနေဟာ ရာဇ၀တ်မှုတွေ ပိုမိုတိုးပွားပြောင်းလဲပြီး
နယ်မြေအေးချမ်းမှုယုတ်လျော့ ကျဆင်းနေသည်ဟု
ဆိုရမှာဖြစ်ပါတယ်..။

၂၀၁၁မှ၂၀၁၆ထိ (၆)နှစ်တာကာလအတွင်း
အမှုကြီး(၁၀)မျိုးအနေနဲ့ ၂၀၁၁ခုနှစ်မှာ၂၂၉၀မှု
၂၀၁၂ခုနှစ်မှာ-(၂၃၁၃)မှု၊၂၀၁၃မှာ-(၂၃၂၇)မှု
၂၀၁၄ခုနှစ်မှာ-(၂၃၆၂)မှု၊၂၀၁၅မှာ-(၂၂၉၇)မှု
၂၀၁၆ခုနှစ်မှာ-(၂၈၄၃)မှုရှိတဲ့အတွက်
ယခင်အစိုးရလက်ထက်(၅)နှစ်တာကာလအတွင်း
အမှုကြီးများကျဆင်းအောင် ဆောင်ရွက်နိုင်ပြီး
ယခုကာလမှာ ရုတ်တရက် တိုးမြှင့် ပြောင်းလဲနေကြောင်း
လေ့လာတွေ့ရှိရပါတယ်ခင်ဗျာ..
ဒါ့ကြောင့် အမျိုးသားအကျိုးစီးပွားအတွက်
ဥပဒေစိုးမိုးမှုရှိလာအောင် နောင်ရွေးကောက်ပွဲများမှာ
အသိနဲ့သတိယှဉ်ကာ သုံးသပ်ဆုံးဖြတ်မဲပေးကြဘို့
တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ...။
(ဆက်လက်ဖေါ်ပြပါအုံးမည်ခင်ဗျာ)
အမျိုးသားအကျိုးစီးပွားအတွက်ရည်ရွယ်လျှက်-
လေးစားစွာဖြင့်-
ဦးသိန်းထွန်းဦး
ဥက္ကဋ္ဌ
ပြည်ခိုင်ဖြိုးပါတီ
အမရပူရမြို့နယ်။

No comments:
Post a Comment