
"ကျေးရွာစာသင်ကျောင်းမြေအတွင်းဝင်ရောက်ကျူးကျော်မှုများဒေသခံရွာသားများမကျေနပ်ဟုဆို"
=============================
စစ်ကိုင်း ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ကန်ဘလူမြို့နယ်
ချက်သင်းတိုက်နယ် တင်ကျေးရွာ စာသင်
ကျောင်းဝင်းအတွင်းကျူးကျော်ဝင်ရောက်နေ
ထိုင်မှုကိုဖေဖော်ဝါရီလ ၅ ရက်နေ့ကကျေးရွာ၎ရွာအတွင်းဒေသခံအများစုက
ပြောကြားခဲပါသည်။
တင်မော်ကျေးရွာစာသင်းကျောင်းမြေ ပုံစံ
၁၀၅ ရှိသောမြေနေရာကို ကျူးကျော်ဝင်ရောက်အိမ်ဆောက်နေခြင်း မြေဧက၅ကျော်
ပြန်ရရှိရေး မြေပြန်ရမှသာယခုအလယ်တန်း
ကျောင်းနေရာကနေ အထက်တန်းကျောင်းခွဲ
အတွက်တည်ဆောက်ရာမည်မြေနေရာလုံ
လောက်မည်ဖြစ်ကြောင်း ယခင်အစိုးရလက်
ထက်က ကျူးကျော်ဝင်ရောက်နေထိုင်သော
အိမ် ၁၀ အိမ်ကိုလက်ရှိအစိုးရက တရားဝင်
ဖယ်ရှားပေးရန်လိုပ်ကြောင်းဒေသခံရွာသား
များကပြောကြားခဲ့သည်။
"ကျွန်တော်တို့တင်မော်ကျေးရွာအုပ်စုကျေးရွာ
၎ ရွာအုပ်စုပါ ချက်သင်းတိုက်နယ် ဦးကိန်းကြည် ပုဏ္ဏားကြီး မုန့်မောင်း ကျေးရွာလေး
အုပ်စုမှ ကျွန်တော်တို့ကျေးရွာက အိမ်ခြေ
(၁၈၀)ရှိတဲ့ အကြီးဆုံးရွာဖြစ်ပါတယ် စာသင်
ကျောင်းအတွင်း နေအိမ်များကျူးကျော်နေမှုအ
စက ကျွန်တော်တို့မသ်ပါဘူး ကျောင်းအုပ်ဆရာကပြောမှသိရတာ ကျောင်းမြေနေရာက
ပုံစံ(၁၀၅)ထားပြီးသာမြေဖြစ်တယ်ပြောမှ
သိရတာပါ မြေဧက ၅ ဧကရှိပါတယ်
ဇန်နဝါရီလ ၃၁ နေကမှာ ကျောင်းအုပ်ဆရာ
ဆွဲကြိုးချသေးဆုံးသွားပါတယ် သူရွာမှသေတာပါ ဘာကြောင့်ကိုယ်ကိုသတ်သေဆုံး
သွားတယ်ဆိုတာမသိရဘူးဗျာ ဆရာကငယ်
သေတယ်အသက်က ၂၆ နှစ်ဘဲရှိသေတယ်
ဆရာမသေခင်ကပြောပြလို စာသင်ကျောင်း
မြေနေရာကိုကန့်ကွက်ကြောင်းကျွန်တော်
သက်ဆိုင်ရာကိုစာတင်ထားပါတယ်ဟုဒေသ
ခံတင်မော်ကျေးရွာက ဦးသိန်းဇော်ဝင်းကပြောသည်။
"ယခင်အစိုးလက်ထက်က နှစ်တွေကြာခဲပါပြီး ပွင့်လင်းလာသည့်အစိုးရလက်
ထက်မှ ပြီးခဲသည့် လက ဆွဲကြိုးချသေးဆုံး
သွားသည့်ဒီကျောင်းရဲကျောင်းအုပ်ဆရာလေး ကိုဇင်မျိုးဦး ၂၀၁၅ခု နှစ်က ဒီကျောင်း
မြေနေရာ ၅ဧက ကျော်ဟာ ပုံစံ ၁၀၅ ကျထားကြောင်း အထက်တန်းကျောင်းနေရာ
အတွက် အဲဒီမြေနေရာလိုအပ်ကြောင်းအဘတို့ ရပ်မိရပ်ဘတွေကိုတိုင်ပင်မှသိရတာ ကျောင်းမြေနေရာ ဝင်ရောက်ကျူး
နေတာ ၁၀ အိမ်ရှိတယ် အထောက်အထား
တွေတော့အဘထံပေးထားပါတယ် ဘာကြောင့်ရဲတော့မသိရဘူး ကျောင်းဆရာလေး
ဇင်မျိုးဦးက ငယ်ပါသေတယ် အသက် ၂၆ နှစ်
ကန်ဘလူနယ်ထဲ့က သူရွာနေအိမ်မှ ဆွဲကြိုး
ချသေဆုံးသွားတာ ဇန်နဝါရီလ ၃၁ နေကမှ
ဘယ်လိုဖိအားတွေကြောင့်ဆရာ သူကိုယ်သူ
သေကြောင်းကြံသွာတယ်ဆိုတာမသိရဘူး
အဘတို့ကလည်း ကိုယ်ရွာ အဏာဂတ်ကလေးတွေပညာရေးအတွက် အထက်တန်း
ကျောင်းနေရာ ပြန်ရရှိရေး ကျူးကျော်နေထိုင်
သူတွေကို တရားဖယ်ရှားပေးရန်အတွက်
ပြောပြရတာပါဟု တင်မော်ကျေးရွာရပ်မိရပ်ဖ
ဦးပွေးတင်ကပြောပါတယ်။
တင်မော်ကျေးရွာ လက်ရှိ အလယ်တန်းကျောင်းနေရာတင် ယခင်ကျောင်းမြေဧရိယာ
၅ ဧက ကျော်ရှိသော ပုံစံ ၁၀၅ ရှိခဲ့ပြီး ၂၀၁၅
ခုနှစ်က ကျောင်းအုပ်ဆရာက ရောင်းစားခဲ့
တာလား အုပ်ချုပ်ရေးပိုင်က လုပ်သွားတာလားမသိရကြောင်း လက်ရှိကျောင်း
၏မြေနေရာမှ ၂ ဧကသာရှိကြောင်း ၅ ဧက
အတွင်း လူနေအိမ် ၁၀ အထိကျူးကျော်နေခြင်း နှင့် အုပ်ရွာလေးရွာဖြစ်သော ပုဏ္ဏား
ကြီးကျေးရွား ဦးကိန်းကြည်ကျေးရွာ မှုံမောင်း
ကျေးရွာ တင်မော်ကျေးရွားများက ကျောင်းသားကျောင်းသူ ၂၀၀ ကျော် ထက်ရောက်
ပညာသက်းကြားလျှက်ရှိပြီး ကျောင်းဆရာ
ဆရာမ ၉ ဦးရှိကြောင်း ဒေသခံရွာသူရွားသားများ၏ ပြောပြချက်အရ
သိရသည်။
စိုင်းလင်းအောင် (မန်း)
