"နိုင်ငံသားအခွင့်အရေးဆုံးရှုံးသဖြင့်ပြင်ဦးလွင်
မြို့တော်ခန်းမမှတာဝန်ရှိသူများတရားစွဲသွားမည်
ဟုဆို"
=========================မန္တလေး မေ ၁၆
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံတက္ကသိုလ်လမ်း ရန်ကုန် မန္တလေး ဒေါင့်ရှိ မြန်မာ
နိုင်ငံတံခွန်တောင်သူလယ်သမားအဖွဲ့ချုပ်ရုံတွင်
မေလ ၁၆ ရက်နေ့က ပြင်ဦးလွင် မြို့တော်ခန်းမ
တွင် တောင်သူလယ်သမားများတွေ့ဆုံညှိနိုင်း
ရေးအတွက် ခန်းမ ငှားထားပြီး ဖိတ်ကြားထား
သူများလာရောက်ရာ ခန်းမမှတာဝန်ရှိသူများက
ခွင့်မပြုသဖြင့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုများ
ရှိကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်၍ပြော
သည်။
"ပြင်ဦးလွင်မြို့တော်ခန်းမ၌ ဒေသခံတောင်သူများနှင့် တောင်သူလယ်သမားရေးရာစိစပ်ညှိနိုင်းရေးအဖွဲ့မန္တလေးတိုင်းတို့တွေ့ဆုံဆွေးနွေးပွဲကို
မေလ ၁၆ ရက်နေ့တွင် ကျင်းပနိုင်ရန် မြို့တော်
ခန်းမကို တောင်သူများက ငွေတွေ အစားအသောက်တွေအကုန်ခံပြီး ငှားရန်ခဲ့ပါတယ် ကျင်းပ
မည်နေ့အရောက် တွင် ပြင်ဦးလွင်မြို့စည်ပင်သာ
ယာရေးအဖွဲ့နှင့်မန္တလေးတိုင်းစည်ပင်သာယာရေးအဖွဲ့တို့က ကျင်းပခွင့်မပေးသဖြင့် တောင်သူ
လယ်သမားများအနေဖြင့် နိုင်ငံသားအခွင့်အရေး
များ ဆုံးရှုံးနစ်နာခဲ့ရပါတယ် အဲဒီအခမ်းအနား
ဖြစ်မြောက်ရေးအတွက် ငွေကျပ် သိန်း (၁၀၀)ခန့် အကုန်ကျခံပြီး ပြုလုပ်ကြတာပါ
ငွေကြေးဆုံးရှုံးမှုကို အဓိကမထားဘဲတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခွင့် မပေးသည့်အတွက် ကျေနပ်မှုမရှိခြင်း ခန်းမတာဝန်ရှိသူများမှ နိုင်ငံတော်ပိုင်
ခန်းမဟုပြောဆိုသော်လည်း ကျွန်တော်တို့တောင်သူလယ်သမားအများစုမှာ နိုင်ငံသားများဖြစ်ပါ
တယ် နိုင်ငံသားတွေဖြစ်ပါလျှက်နဲ့ ကျင်းပခွင့်
မပေးသဖြင့် မြို့တော်ခန်းမတာဝန်ရှိသူများ စည်ပင်သာယာရေးအဖွဲ့ အထွေထွေအုပ်ရေးမှူးတို့
အား ဒေသခံတောင်သူများစုပေါင်ကာ နိုင်ငံသားများ အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးဥပ
ဒေပုဒ်မ -၁၇အရ ပြင်ဦးလွင်မြို့နယ်တရားရုံးသို့
ဦးတိုက်လျှောက်ထားကာ တရာစွဲဆိုသွားမည်
ဖြစ်ကြောင်း တောင်သူလယ်သမားများဖွံဖြိုးတိုး
တက်ရေးနှင့်စေ့စပ်ညှိနိုင်းရေးပူးပေါင်းကော်မတီ
ဝင်ဖြစ်သူဦးလင်းထင်စိုးကပြောသည်။
"ကျွန်တော်တို့ တောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးနှင့်စေ့စပ်ညှိနိုင်းရေးကော်မတီနှင့် တောင်
သူလယ်သမားများတွေဆုံဆွေးနွေးပွဲကို မေလ
၁၆ ရက်နေ့နံနက်ကျင်းပနိုင်ရန် မြို့တော်ခန်းမ
ကြီးကိုငှားခြင်း ရပ်ဝေးမှ လာရောက်ကြမည်
တောင်သူလယ်သမားကို ဖိတ်စာ ၅၀၀ ထိ ဖိတ်
ကြားထားပြီးကာမှ မေလ ၁၅ ရက်နေ့ည အချိန်
ကြမှ မြို့တော်ခန်းမတွင် ခွင့်မပြုနိုင်ကြောင်း
ပြောသဖြင့် ဒေသခံတောင်သူတွေ ဖိတ်ကြား
ထားသူတွေ အားလုံးဆုံးရှုံနစ်နာခဲ့သလို နိုင်ငံ
တော်ပိုင် ခန်းမဖြစ်ပါလျှာက်နဲ့ နိုင်ငံသားဖြစ်သောတောင်သူများ နိုင်ငံသားအခွင့်အရေးတွေ
အများကြီးဆုံးရှုံးနစ်နာခဲ့ရသဖြင့် တောင်သူစု
ပေါင်းကာ စာနယ်ဇင်ရှင်းလင်းပွဲပြုလုပ်ရကြောင်း
ပြင်ဦးလွင်မြို့နယ်အတွင်းက တရားလိုပြုလုပ်မည် ဒေသခံတောင်သူများကရှင်းလင်းပြောကြား
ခဲ့သည်။
အဆိုပါကိစ္စနှင့်ပါတ်သက်၍ပြင်ဦးလွင်မြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူးထံဆက်သွယ်မေးမြန်
ခဲရာ
ကျွန်တော်တို့အနေဖြင့်မြို့တော်ခန်းမကိုခွင့်မပြု
တာမဟုတ်ပါဘူး မြို့တော်ခန်းမက ဌာနတစ်ခု
အပိုင်ဖြစ်ပါတယ် တောင်သူတွေအနေနဲ့က
အလှူပွဲ မင်္ဂလာပွဲလိုမဟုတ်ဘူးဗျာ ငြိမ်းချမ်းစွာ
စည်တန်းလှည့်လှယ်ခြင်း ဟောပြောခြင်းတွေ
ပါသဖြင့် ကျွန်တော်တို့အနေဖြင့်တိုင်းဒေသကြီး
အစိုးရထံတင်ပြရပါတယ် တင်ပြတဲ့အချိန်မှ
ခွင့်ပြုမိန် ယူမထညးသည့်အတွက် တိုင်းဒေသကြီးအစိုးရက မြို့တော်ခန်းမကိုအသုံးပြုခွင့်မပေး
ရန်ညွန်ကြားခဲ့သဖြင့် ကျွန်တော်တို့အနေဖြင့်
မပေးခဲ့တာဖြစ်ပါတယ် သံမှန်ဟောပြောပွဲတို့
မင်္ဂလာပွဲတို့ဆို ခွင့်ပြုပေးမှာပါ ငြိမ်းချမ်းစွာစီတန်း
လှည့်လှယ်ခြင်းပါနေလို ခွင့်မပြုတာပါ တိုင်းဒေသကြီးအစိုးရထံ တရားဝင်စာတင်ခဲ့ရင်ကျွန်တော်တို့အနေဖြင့် မြို့တော်ခန်းမကိုခွင့်ပြုပေးမှ
ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်
ချုပ်ရေးမှူး ဦးအာကာလင်းကပြောသည်။
စိုင်းထူးခန့် 
No comments:
Post a Comment