Monday, May 22, 2017

စစ်​ကိုင်းမြို့မရဲစခန်းအချုပ်​ခန်းအသစ်

"စစ်​ကိုင်းမြို့မရဲစခန်းအတွင်းရှိ နှစ်​​ပေါင်း(၁၂၀)
ကျော်​အချုပ်​ခန်းအစားအသစ်​တည်​​​ဆောက်​​မှု
အောင်​မြင်​စွာပြီးဟုဆို"
=========================
စစ်​ကိုင်း ​မေ ၂၃

စစ်​ကိုင်းတိုင်း​ဒေသကြီး စစ်​ကိုင်းမြို့မရဲစခန်းအတွင်းရှိ ၁၉၀၃ခုနှစ်​ကတည်​​ဆောက်​ထားသည့်
နှစ်​​ပေါင်း ၁၂၀ ​ကျော်​ကြာ အချုပ်​ခန်းကြီး သက်​တမ်းလွန်​အ​ဆောက်​အဦးဖြစ်​သဖြင့်​ အချုပ်​ခန်း
အသစ်​ကို ​ဖေ​ဖော်​ဝါရီလ ၂ ​နေ့ကစတင်​တည်
ဆောက်​ကာ ​မေလအတွင်း ​အောင်​မြင့်​စွာပြီးစီး
ခဲ့​ကြောင်းစစ်​ကိုင်းမြို့မ ရဲစခန်းမှသိရသည်​။

"ကျွန်​​တော်​တို့ မြို့မ ရဲစခန်းရဲ့ အချုပ်​ခန်းကြီးဟာ
လွန်​ခဲ့​သော နှစ်​​ပေါင်း ၁၂၀ ​ကျော်​က ၁၉၀၃ ခုနှစ်​က ကုန်​ကျ​ငွေ ၈၁၀၃ ကျပ်​ဖြင့်​တည်​​ဆောက်​ခဲ့
သည့်​ အ​ဆောက်​အဦးကြီးဖြစ်​ပါတယ်​ ယ​နေ့အချန်​ထိ​တော့ အချုပ်​သား​တွေ ထားရှိလျှက်​ရှိပြီ
သက်​တမ်းလွန်​ အ​ဆောက်​အဦးကြီးဖြစ်​တာ​ကြောင့်​ နိုင်​ငံ​တော်​အစိုးရထံ အချုပ်​ခန်းအသစ်​တည်​​ဆောက်​ခွင့်​တင်​ကာ အချုပ်​ခန်းအသစ်​ကို
ဖေ​ဖော်​ဝါရီလ ၂ ရက်​​နေ့က စတင်​တည်​​ဆောက်​ခဲ့တာ ​မေလ ၂၁ ​နေ့က အချုပ်​သား​တွေကို
အချုပ်​ခန်းအသစ်​မှ စတင်​ပြီး ထားရှိခဲ့ပါတယ်
ကာလတန်​ဖိုး​ငွေ ၆၄၅သိန်းထိကုန်​ကြခဲ့​ကြောင်း
စစ်​ကိုင်းမြို့မ ရဲစခန်းမှူး ဦး​ကျော်​ထွန်းနိုင်​က​ပြော
သည်​။

စစ်​ကိုင်းမြို့ မြို့မ ရဲစခန်း၏အချုပ်​ခန်းအသစ်​မှ
မြေစိုက်​ အ​ဆောက်​အဦးဖြစ်​ပြီး  ​ပေ ၃၀-၄၀
အမြင်​​ပေ ၁၁​ပေ ​လေဝင်​​လေထွက်​​ကောင်းမွန်
သော အ​ပေါက်​များ အချုပ်​ခန်း၏​ဘေးပတ်​လမ်း
တစ်​​လျှောက်​ ပန်​ကားများတပ်​ဆင်​​ပေးထားခြင်း
အိမ်​သာ ​ရေချိုးခန်းသန့်​ရှင်​သက်​ရပ်​စွာတည်​​ဆောက်​​ပေးထားသည်​ကို​တွေ့မြင်​ခဲ့ရပါတယ်​။

"ကျွန်​​တော်​တို့က အချုပ်​ခန်းအ​ဟောင်း​ပေါ်က​နေ
အသစ်​ကို ​ပြောင်းလာသူများဖြစ်​ပါတယ်​ ​မေလ
၂၁ ရက်​​နေ့က ဒီအချုပ်​ခန်းအသစ်​​ပေါ် ​ရောက်
တာ အ​ဟောင်း​ပေါ်မှက ကျင်းတယ်​ ဒီဘက်​က
ကျယ်​တယ်​ အချုပ်​သား​တွေ လမ်း​လျှောက်​လိုရ
တယ်​ အရင်​​ခေတ်​​တွေကလိုမဟုတ်​​တောဘူး
ကြီးနိုင်​ငယ်​ညင်းအမှု​တွေ မရှိ​တောဘူး လူအခွင့်​​ရေး အချုပ်​သားအခွင်​အ​ရေးရလာပါပြီ အစား
အ​သောက်​လည်းအဆင်​​ပြေပါတယ်​ ဆန်​ကအစ
အ​​ကောင်း​တွေ​ကျွေးတယ်​ အသားဟင်​​တွေ​ကျွေး
လာပြီး ကျန်းမာ​ရေးအတွက်​ ​ဆောက်​​လျှောက်​မှု
တွေ​ပေးတယ်​ အချုပ်​ခန်းအတွင်း သန့်​ရှင်းမှုအပြည့်​​ပေးထား​ကြောင်း အချုပ်​သားများထံကသိရပါ
တယ်​။

အဆိုပါသက်​တမ်း(၁၂၀)​ကျော်​ကြာခဲ့​သောအ​ဆောက်​အဦးကြီးဖြစ်​​သော စစ်​ကိုင်းမြို့မရဲစခန်း၏
အချုပ်​ခန်းကြီးဟာ သက်​တမ်းအရ လွန်​ခဲ​သော်​လည်း​ဆွေးခြင်း ချစားခြင်း မရှိခြင်း သက်​တမ်း
လွန်​အ​ဆောက်​အဦးဖြစ်​တာ​ကြောင့်​ အသစ်​တည်​​ဆောက်​​ပေးလျှက်​ရှိကာ အမျိုးသားအချုပ်​သားများကို အချုပ်​ခန်းအသစ်​သို့​ပြောင်း​ရွေ့ထား
ပြီး အမျိုးသမီးအချုပ်​သားများကို ​ရှေး​ဟောင်းသမိုင်​ဝင်​ သက်​တမ်းလွန်​အချုပ်​ခန်း​ပေါ်ထားရှိထားပြီ
မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့အ​နေဖြစ်​မှုခင်းကြဆင်း​ရေး
များအရှိန်​အဟုန်​မြင်​မားစွာ​ဆောင်​ရွက်​လာသဖြင့်​ အချုပ်​ခန်းအတွင်း တစ်​နှစ်​တစ်​နှစ်​အချုပ်​သား
များနည်းပါးလာကာ အချုပ်​ခံရသူများအ​နေဖြင့်
ကျယ်​ဝန်​စွာအချုပ်​အတွင်း​နေထိုင်​လာရခြင်း
သန့်​ရှင်​မူများ​နေစဉ်​​ဆောင်​ရွက်​​ပေးခြင်းများ​ကြောင့်​ ရဲစခန်းများတွင်​ ယခင်​နှစ်​များကလို တရားခံများအချုပ်​သားများဧည့်​​တွေ့ခွင့်​များကိုပိတ်​ထား
ခြင်းမရှိ​တော​သည်​ကို​လေလာ​တွေ့ရှိခဲ့ရ​ကြောင်းတင်​ပြလိုက်​ရပါသည်​။
စိုင်းထူးခန့်

No comments:

Post a Comment