မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ ပညာရပ်
များဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ သတ်မှတ်နိုင်ရေး တွေ့
ဆုံဆွေးနွေးပွဲ ကျင်းပ
မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ ဦးဆောင်
ပြီး မြန်မာ့ဆိုင်းပညာရှင်များ၊ ဇာတ်သဘင်ပညာရှင်များ၊ တည်
ထောင်သူများ၊ ပွဲစီစဉ်သူများနှင့် တွေ့ဆုံ၍ ပညာရပ်များဆိုင်
ရာ စည်းမျဉ်း စည်းကမ်းများ သတ်မှတ်နိုင်ရေး ဆွေးနွေးပွဲကို
မေလ ၂၅ရက်နေ့ မွန်းလွဲ ၁နာရီက မန္တလေးမြို့၊ ချမ်းအေးသာ
စံမြို့နယ်၊ ၂၆×၆၈လမ်းထောင့်ရှိ စွမ်းဟိုတယ်၊ မင်္ဂလာခန်းမ
တွင် ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသဘင်ပညာရှင်များအ
စည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဇာတ်မင်းသားဦးဖိုးချစ်က အဖွင့်အမှာ
စကားပြောကြားပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို) ဒုဥက္ကဌ ၂ ဆိုင်းပညာရှင် ဦးစိန်မြအောင်နှင့် နာယက စည်သူဦးစိန်ဘမော်တို့က ပညာရပ်များဆိုင်ရာ
စည်းမျဉ်း စည်းကမ်းများ သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေး
ပြောကြား၍ တက်ရောက်လာသည့် မြန်မာ့ဆိုင်းပညာရှင်
များက မြန်မာ့ဆိုင်းဖျော်ဖြေရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာများကို အကြံပြုတင်ပြကြသည်။
မြန်မာ့ဆိုင်းဖျော်ဖြေတင်ဆက်မှုနှင့်ပတ်သက်၍ ဆိုင်းပညာရှင်ကြီးများက မြန်မာ့ရိုးရာဆိုင်းဝိုင်း၌ အနောက်တိုင်းတူရိယာများ၊ ဖျော်ဖြေတင်ဆက်မှုများ ရောယှက်ထည့်သွင်းလာခြင်းများ မပြုလုပ်ရန်၊ မြန်မာ့ဆိုင်း ပညာနှင့် မြန်မာ့ဆိုင်းဖျော်ဖြေတင်ဆက်မှု မတိမ်မြှုပ် မပျောက်ကွယ်စေရန်၊ ရိုးရာ
ယဉ်ကျေးမှုကို အရိုးပေါ် အရွက်မဖုံးစေရန်အတွက် ပညာရပ်
များဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ သတ်မှတ်ရခြင်း ဖြစ်
ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)နှင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်းဒေသကြီး၊ ကချင်၊ ရှမ်း၊ ကယားပြည်နယ်တို့ရှိ မြန်မာ့ဆိုင်းပညာရှင်များ၊ ဇာတ်သဘင်ပညာရှင်များ၊ တည်ထောင်သူများ၊ ပွဲစီစဉ်သူများ
တက်ရောက်ဆွေးနွေး၍ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်
၁၃၇၉-၁၃၈၀ သဘင်ရာသီတွင် ပထမပညာပေးကာလ အဖြစ်
သတ်မှတ်ပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း သိရသည်။
စိုင်းထူးခန်

No comments:
Post a Comment