"အာမခံလျှောက်ထားလိုရလျှက်နဲ့အာမခံမပေးဘဲ
တရားရုံလည်းအမှုမတင် ကျွန်တော်ကို ဖမ်းထား
ခြင်းအတွက် ကျွန်တော်ဆုံးရှုံးနစ်နာမှုတွေအတွက် ဘာတွေ လုပ်ရမှလည်းဗျာ တရားဥပဒေဆို
တာ ပြည်သူအတွက်လား လက်ရှိ အာဏာရ
အစိုးရနဲ့ ဥပဒေအတွင်းက လူတွေအတွက်လား
မသိလိုမေးပါစေ"
အခန်းငယ်တစ်ခုတည်းမှလူအယောက်၄၀
ကျော်ပြည်ညပ်နေလျှက်ရှိတဲအချုပ်ခန်းထဲကို
မထင်မှတ်ဘဲ အဲဒီအခန်းထဲ့ကိုရောက်သွား
တာ ။ သွားဖို့လည်း ရည်ရွယ်မထားဘူး
မသွားဘဲနဲ့ဘာကြောင့်ရောက်သလည်းဆို
မတရားမှု စွပ်စွဲခံရမှု ဖိအားတွေကြောင့်
ဘဝတစ်ခုလုံး ပျက်စီးသွားသလိုခံစားရတာ။
မြို့နယ်အုပ်ချုပ်ရေးမှူးနဲဒုဦးစီးတို့နှစ်ဦးကို
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင်က တရားစွဲတင်ထားသောအမှု
တွင်ပါဝင်ပါတ်သက်နေသော အကြီးတန်း
စာရေးကြီးကို ရုံးထုတ်စစ်ဆေးခဲ့ရာ အစိုးရ
လိုပြသက်သေအဖြစ် ပြင်ဦးလွင်မြို့နယ်
တရားရုံးတော်တွင် အစိုးရလိုပြသက်သေအဖြစ် ထွက်ဆိုပြီး ရုံးအတွင်းမှပြန်အထွက် ညနေ ၃း၃၀
အချိန်ခန့်မှာ အစ်ကို ကျွန်တော်တို့ထံကို စစ်ကိုင်း
ရဲတပ်ဖွဲ့က သတင်းပို့ထားလိုပါ စစ်ဆေးစရာ
လေးရှိလို ပြင်ဦးလွင်မြို့မရဲစခန်းကို ခဏ
လိုက်ခဲ့ပါဦး။ ဒုရဲအုပ်တစ်ယောက်လာခေါ်
သဖြင့် လူကြီးလူကောင်းဆန်ဆန် လိုက်ပါ
သွားခဲ့ပါတယ်။
စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုး မင်းဝံ
တောင်နယ်မြေတွင် လွန်ခဲ့သော ၃ နှစ်ခန့်က
ဒေသခံ လက်ပံကျေးရွားသားများက လာရောက်ရောင်းချခဲ့သဖြင့် မြေဧက
၂၄ .၄ဧကကို ဝယ်ယူကာ တရားဝင်စစ်ကိုင်းမြို့နယ် မြေစာရင်းဦးစီးဌာနတွင် ကျွန်တော်
၏အမည်ဖြင့် မြေယာပိုင်ဆိုင်ခွင့် ပုံစံ(၇)၁၀၅
ဖောက်ပြီး ၎င်းမြေယာအတွင်းမှ မင်းကွန်းတိပိဋကဓမ္မနဒရွှေစင်ကျောင်းတိုက်ဆရာ
တော်ဖြစ်သော ဦးဂန္ဓမာလင်္ကာရထံ မြေ ၁၀
ဧက ရိပ်သာတည်ဆောက်ရန်လှူဒါန်းဖြစ်ခဲ့
ပါတယ်။ အဲဒီမြေနေရာများကို ဆရာတော်အတွက် မြေညှိပေးနေစဉ် မြေရောင်းချသူ
ရွားသားတစ်ချို့က ၎င်းမြေနေရာမပါရှိဘူးဟု
ဆိုကာ ငွေကျပ် ၁၅ သိန်းတိတိ ကျွန်တော်ထံသို့ လာတောင်းခံခဲ့ပါတယ်။ ကျွန်တော်ဝယ်စဉ်အခါက ယင်းတို့ပြောဆျုနေသောမြေနေရာမှာ မူလကတည်းကပါရှိသောကြောင့် ၄င်းတို့ထပ်မံတောင်းဆိုခဲ့သောငွေကိုမပေးရာကနေ ယခုကျွန်တော်ရင်ဆိုင်ဖြေရှင်းနေရသောအမှု စတင်ပြသာနာဖြစ်ပွားခဲ့ပါတယ်ဗျာ.....။
သူတို့ကျွန်တော်ထံကိုမတရားညစ်ပြီးတောင်းသည့်ငွေ ၁၅ သိန်းမပေးသဖြင့် စစ်ကိုင်တိုင်းဒေသ
ကြီး မဲဆန္ဒနယ် အမှတ် ၂ မှ လွတ်တော်ကိုယ်
စားလှယ်ဖြစ်သူဦးစိုးဦးထံတိုင်ကြားတယ် ၎င်း
မြေနေရာကို လွတ်တော်ကိုယ်စားလှယ်ဦးစိုးဦး
ကလာရောက်ကြည့်တယ် ဆက်မလုပ်ရန်တား
တယ် ရွာသားတွေနဲ့ဖြေရှင်ပေးမယ်ဆိုကာ
ငွေ သိန်း ၂၀ တောင်းပါတယ် ကျွန်တော်မပေး
ခဲ့ဘူး ကျွန်တော်ဝယ်စဉ်က အဲဒီမြေနေရာတွေ
ပါနေလိုပါ အဲဒီလိုလွတ်တော်ကိုယ်စားလှယ်
ဘဝက တားခဲ့သဖြင့် ယနေ့အချိန်ထိ ၎င်းမြေ
နေရာတွေကိုဆက်၍လုပ်ကိုင်ခြင်းမပြုခဲ့တာကို
ကျွန်တော်ကို ၂၀၁၆ ခုနှစ်က ပထမဆုံးအကြိမ်
သစ်တောဥပဒေပုဒ်မ ၄၀(ဂ)ဖြင့်တရားစွဲခံခဲ့ရ
ပါတယ် အဲဒီအမှုမှ စစ်ကိုင်မြို့နယ် သစ်တော
ဦးစီးဦးညွန့်လှိုင်က တရားလိုပြုကာ တရားစွဲခဲ့
တာပါ ယာမြေတွေက ကျွန်တော်အမည်ဖြစ်
စစ်ကိုင်မြို့နယ် မြေစာရင်းဌာနက တရားဝင်
ထုတ်ပေးထားသဖြင့် ကျွန်တော်ကိုတရားရုံက
ငွေ ၅၀၀၀ ဒဏ်ကြေးဆောင်ခိုင်ပါတယ်
ကျွန်တော်မဆောင်ခဲ့ဘူး တရားဝင်ဝယ်ယူထား
သည့်ကျွန်တေည်မြေတွေဖြစ်လိုပါ ၂၀၁၇ ခုနှစ်
အရောက်မှတော့ သစ်တောကဘဲဒုတိယအကြိမ် ပုဒ်မ ၃၆(ဂ) တောရိုင်းတိရိတ္ဆန်သာဘဝကာ
ကွယ်ဥပဒေနဲ့ ထပ်မံတရားစွဲတယ် ကျွန်တော်ကို
ဂုဏ်သိက္ခကျဆင်းစေမှုနဲ့ သစ်တောဦးစီးကို
ကျွန်တော်ပြန်တရားစွဲတယ် နှစ်မူလုံးတရားရုံက
ပလပ်လိုက်တယ် အဲဒီနောက် ခရိုင်ကို သစ်တောဦးစီးက တတိယအကြိမ်ထပ်မံတရားစွဲတာ
ကျွန်တော်ကိုယ်ပိုင်စီးပွားအလုပ်တွေဘာတစ်ခု
မှလုပ်လိုမရ ဝယ်ယူထားသည့်မြေတွေက
တားမြစ်ခံရတရားစွဲခံရတွေ အပြင် တရားရုံမှ
အမှုရင်ဆိုင်ဖြေရှင်ပြီးသားအမှု အခုအဲဒီပုဒ်မ
တွေနဲ့ ရဲတပ်ဖွဲ့ကိုအဖမ်းခိုင်းသဖြင့် အပြစ်မရှိဘဲ
အချုပ်ထဲ ရက်အကန့်အသတ်မရှိ လူအင်အား
၄၂ ယောက်နဲ့အတူ စစ်ကိုင်မြိုနယ် မြို့မ ရဲစခန်း
အတွင်းချုပ်နှေင်ခံနေရကြောင်း မတရားအမှုဆင်
ကာအဖမ်းခံရသူကမ္ဘာမြေအောင်မြေအကျိုးဆောင်ကုမ္ပဏီပိုင်ရှင်ဦးထွန်းနိုင်ကပြောပြသွားပါတယ်။
ကျွန်တော်ထောင်ထဲရောက်သွားတာအကြောင်း
မဟုတ်ပါဘူး လွန်ခဲသော ၁၀ ရက်ကျော်ကမှ
ကလေးမွေးထားသော ကျွန်တော်အမျိုးသမီးနဲ့
သမီးငယ်က အိမ်မှနှစ်ယောက်ထဲ ကျွန်တော်ကို
လာဖမ်းမယ် ပြောတော့လည်း ရဲတွေဘဲဗျား
ရှောင်နေပါပြောတောလည်း ရဲတွေဗျာ မရှိကြောင်းထောက်ခံစာ ကျွန်တော်မြို့နယ် ရဲစခန်းနဲ့ရပ်
ကွက်အုပ်ချုပ်ရေးမှူးထံ လာယူတော့လည်း ရဲတွေဘဲဗျား အခု ပြင်ဦးလွင်ရဲက တစ်ဆင့်အဖမ်း
ခိုင်ပြီး လာခေါ်တောလည်း ဒီရဲတွေဘဲဗျာ
အမူက ဘာအမူလည်းမသိ တရားလိုက ဘယ်သူဘယ်ဝါ မပြသောအမှု ဖိအားတွေ အညိုးတွေ
အပြည့်ထား မထင်မှတ်ဘဲ အဖမ်းခံရ ရဲခဏ
ဆို ကြောက်စရားဖြစ်နေပါပြီ ငွေတောင်ယူပြီ
ရှောင်းခိုင်တော့လည်း သူတို့ပါဘဲဗျာ.....?
ပြစ်မှုဆိုင်ရာလည်းဘာတစ်ခုမှလုပ်မထား ရာဇတ်ကြီးပုဒ်မနဲ့လည်းမညိစွန် သစ်တော်ဥပဒေလည်းမမြောက် တောရိုင်တိရိတ္ဆန်သာဘဝကာကွယ်တောလဲ မဟုတ် ယာမြေအဖြစ်တရားဝင် ပုစံ
၇ လက်ဝယ်အမည်ပေါက် တရားဝင်ကိုင်ဆောင်
ထားသူကိုတရားစွဲတာ ဒီအစိုရလက်ထက်မှခံရ
တာဘဲဗျာ သစ်တောအနေနဲ့ မြေစာရင်းကယာမြေအဖြစ်ချပေးစဉ်က သူတို့ခွင့်ပြုမိန်ပါရှိထားပါလျှက်နဲ့တရားစွဲခြင်း ရဲများက သူတို့ကိုနောက်က
အမည်မသိ လမ်းညွန်မှုနဲ့ အမည်မဖော် အဖမ်း
ခိုင်တာ လက်ရှိပြည်သူတင်မြောက်ထားသည့်
အစိုးရလက်ထက်ရှိနေပါသေတယ်ဗျာ....?
"အာမခံလျှောက်ထားလိုရလျှက်နဲ့အာမခံမပေးဘဲ
တရားရုံလည်းအမှုမတင် ကျွန်တော်ကို ဖမ်းထား
ခြင်းအတွက် ကျွန်တော်ဆုံးရှုံးနစ်နာမှုတွေအတွက် ဘာတွေ လုပ်ရမှလည်းဗျာ တရားဥပဒေဆို
တာ ပြည်သူအတွက်လား လက်ရှိ အာဏာရ
အစိုးရနဲ့ ဥပဒေအတွင်းက လူတွေအတွက်လား
မသိလိုမေးပါစေ" အမှုအတွက်ရှေနေတွေငှားရ
ပထမရှေ့နေ ဒုတိယရှေ့နေ အခုနောက်တစ်
ယောက် ရှေ့တစ်ပတ် အာမခံရမယ် အမှုက
ကြီးတော့ အမှုလိုက်ခ ငွေကျပ် သိန်း ၃၀ဆယ်
ပိုက်ဆံသာယူသွားတယ် အာမခံမရသေဘူး
ကျွန်တော်စတင်ဖမ်းချုပ်တာ မေ လ ၄ ရက်နေ့
က ပြင်ဦးလွင်မှစတင်ဖမ်းတယ် ပထမရှေ့နေ
မကောင်းလို သူငှားဆိုကာ မခုရှေ့နေ ရောက်
လာတယ် တနင်းလာနေ့ အာမခံရစေရမယ်
ငွေ သိန်း ၃၀ ချပေးလိုက်ရတယ် မရခဲဘူး
အခြေအနေ ကောင်းပါတယ်ဘဲ ပြောတုန်းဗျာ
အချုပ်ထဲနေရတာ ကြာလာရင်ကျွန်တော်သေ
တောမယ် ရတောမှပြောတုန်းပါဘဲ ဝတ်ကြွေး
ရှိလိုခံရတယ်လိုဘဲ မှတ်ယူပါတယ်။
မတရားမှုတွေရဲ့နောက်ကွယ်မှဘယ်သူတွေက
ခိုင်တာလည်း အရမ်းသိလိုပါတယ် လက်ရှိ
ကျွန်တော်ကိုဖမ်းထားသည့်ပုဒ်မတွေဟာ
တရားရုံက ၂ ကြိမ်တိတိ အမိန့်ချပြီး ပလပ်ခဲ့
သောအမှုတွေဖြစ်ပြီး ဘာကြောင့် ရဲကဖမ်းတာ
လည်း ဘယ်သူတွေကဖမ်းတာလည်း ဘာကြောင့်ဖမ်းတာလည်းကျွန်တော်မသိဘူး အချုပ်ထဲ
နေရတာ ၂ပတ်ပြည့်ပြီ တောရိုင်တိရိတ္ဆန်ကာ
ကွယ်တောဥပဒေ ပုဒ်မ ၃၆(ဂ) နဲ့ရဲကဖမ်းထား
တာဖြစ်ကြောင်း၎င်း၏ပြောပြချက်များအရသိရပါတယ်။
No comments:
Post a Comment