Monday, May 15, 2017

အမျိုးသားတစ်​ဦးဆွဲကြိုးချ​သေဆုံး

15.5.2017ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်ခန့် ပြည်ကြီတံခွန်မြို့နယ်နှင့် အမရပူရ မြို့နယ် အစပ်ကြား ရန်ကုန်မန်းလေးရထားသံလမ်းဘေး ဂိတ်စောင့်တဲနှင့် နှစ်ဖာလုံးကျော်ခန့်အကွာ ကန္တာရပင်ခြုံထဲ၌ ကြိုဆွဲချသေဆုံးနေသော အလောင်းတစ်လောင်းတွေ့ရှိကြောင်း အကြောင်းကြားလာသဖြင့် တံခွန်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှုး ၊ ပြည်ကြီးတံခွန် မြို့နယ် ရဲစခန်း မှ နယ်ထိန်းနှင့်အဖွဲ့ ၊ ပြည်ကြီးတံခွန်ကြက်ခြေနီ တံခွန်တိုင်တပ်ဖွဲ့ တို့မှ သွားရောက်စစ်ဆေးကြည့်ရှုပြီး အမရပူရမြို့နယ် အပိုင်အတွင်းကျရောက်နေသဖြင့် အမရပူရ မြို့နယ် ရဲစခန်းနှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သေဆုံးသူတွင်ပါရှိသော သုံးဆင့်ဂျိုင့်တစ်လုံး လွယ်အိတ်တစ်လုံး တို့အား သက်သေများရှေ့မှောက်တွင် ဖွင့်လှစ်စစ်ဆေးရာ လိမ်စာကဒ်သုံးခု ငွေ သုံးထောင်ခြောက်ရာကျပ်နှင့် ဖုန်းနံပါတ်များရေးမှတ်ထားသော စာရွက်တစ်ရွက်တို့ပါရှိပြီး ၄င်းစာရွက်မှာဖုန်းနံပါတ်များကို ခေါ်ဆိုစုံစမ်းကြည့်ရာ သေဆုံးသူမှာ ထွန်းမင်းလတ် ၊ အသက် (၃၀) နှစ်ခန့် ဥယျာဉ်လေးကျေးရွာ ပုသိမ်ကြီးမြို့နယ် နေသူဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် အလောင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် အမရပူရ မြို့နယ်ဆေးရုံသို့ အမရရွှေကူ နာရေးယာဉ်ဖြင့်တင်ပို့ပေးခဲ့ပြီး သေဆုံးသူ၏မိသားစုအား ကြက်ခြေနီတပ်ဖွဲ့မှ အကြောင်းကြားပေးခဲ့ပါသည် ။

No comments:

Post a Comment