"တရုတ်သံအမတ မြစ်ဆုံစီမံကိန်းဆက်လက်အကောင်အထည်ဖေါ်ရန် လာရောက်လေ့လာစဉ် ဒေသခံအဖွဲ့များဆန္ဒပြ"
ကချင်ပြည်နယ်ဖွံ့ဖြိုးရေးနှင့်မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဆက်လက်အကောင်အထည်ဖေါ်ရန်ရည်ရွယ်ချက်ဖြင့် တရုတ်သံအမတ် မစ္စတာဟုန်လျန် နှင့်အဖွဲ့အားဇွန် ၄ရက်နံနက် က မြစ်ကြီး
မြို့ရှိ တရုတ်သံအမတ်တည်းခိုနေထိုင်ရာ
Palm Spring Resort ဟိုတယ်ရှေ့၌ စီမံကိန်ကိုမလိုလားသည့်ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ကချင်နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များက မြစ်ဆုံစီမံကိန်းအပြီးတိုင်ထွင်သွားရန်ယခင်CPI ယခုSPIC ကုမ္ပဏီ အမြန်ဆုံးရုတ်သိမ်းသွားရန် ပိုစတာများကိုင်ဆောင်ကါ အော်ဟစ်ကြွေးကြော်ဆန္ဒပြခဲ့သည်။
ယင်းသို့ဆန္ဒပြနေချိန်၌ တရုတ်သံအမတ်က ကချင်တိုင်းရင်းသားခေါင်းဆောင်များနှင့်ဟိုတယ်တွင်း၌မြစ်ဆုံကိစ္စကိုဆွေးနွေးနေချိန်ဖြစ်သည်။
တရုတ်သံအမတ်က မြစ်ဆုံစီမံကိန်းကိုဆက်လက်အကေါင်အထည်မဖေါ်ပါက နှင်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို များစွာထိခိုက်လိမ့်မည်ဟု ၎င်းနှင့်အတူ
လိုက်ပါသွားသည့် သတင်းသမားများကို
ဇွန် ၂ ရက်ကပြောကြားခဲ့သည်။
နေနိုင်သူ

posted from Bloggeroid
No comments:
Post a Comment