Sunday, June 12, 2016

ဇာတ်မင်းသားဝင်းနောင်

#SHAN_NEWS_AGENCY
မန္တလေးဇာတ်မင်းသား ဝင်းနောင်ရဲ့ တေးဂီတဗီဒီယို MTV မိတ်ဆက်ပွဲပြုလုပ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဇွန်လ ၁၂ ရက်၊
မန္တလေး

"ဇာတ်သဘင်ကပြခဲ့တာ အနုပညာ သက်တမ်း ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အမှတ်တရ အဖြစ် ဒီခွေကို လုပ်ဖြစ်တာပါ။ ပရိသတ်အသိအမှတ်ပြုခံရဖို့ ကြိုးစားခဲ့ရတဲ့ ကျွန်တော့အတွက် ဒီ MTV က ပရိသတ်ကို ထပ်မံအသိအမှတ်ပြုခံရဖို့ အပြင် ကျွန်တော်ချစ်တဲ့ ဇာတ်သဘင်ကို အကောင်းဆုံး တင်ဆက်ထားကြောင်း " မင်းသား ဝင်းနောင်က စာနယ်ဇင်းများကို ရှင်းလင်းပြောကြားပါတယ်။

အဆိုပါ ဝီရိယမင်းသား ဝင်းနောင်၏ သီချင်းဆိုတဲ့ ဇာတ်မင်းသား အမည်ရှိ တစ်ကိုယ်တော် တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲကို မန္တလေးမြို့ ၄၂ လမ်းရှိ လောကနတ် ခန်းမမှာ ဇွန်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်တာပါ။

"သီချင်း ၁၁ ပုဒ်မှာ ဇာတ်သဘင်ပုံစံလေးရော၊ မြန်မာသံပုံစံ၊ ခေတ်ပုံစံလေးရော ဖန်တီးပေးထားပါတယ်။" လို့ ဒါရိုက်တာ ထင်အောင်လင်း က ပြောပါတယ်။

သီချင်းဆိုတဲ့ ဇာတ်မင်းသား MTV တေးစီးရီးဗီဒီယိုကို မန္တလေးမြို့ မနော်ရမ္မံဥယျာဉ်မှာ ဇွန်လ ၂၀ ရက်နေ့ နှင့် ရန်ကုန်မြို့ လှည်းတန်းစင်တာ တို့မှာလည်း မိတ်ဆက်လက်မှတ်ရေးထိုးပြီး ရောင်းချပေးမှာဖြစ်ကြောင်း သိရပါတယ်။

posted from Bloggeroid

No comments:

Post a Comment