Tuesday, June 21, 2016

ငွေစက္ကူအတုလုပ်သူဖမ်းမိ

"ငွေစက္ကူအတုပြုလုပ်ပြီး ဆေးလိပ်ဝယ်သူနှစ်ဦး မန္တလေးတွင်ဖမ်းမီ"

မန္တလေး ဇွန် ၂၀
မန္တလေး အောင်မြေသာစံမြို့နယ် ညောင်ကွဲ ရပ်ကွက် အကွက်အမှတ်
(၇)အတွင်းရှိ မြင့်ရွှေပွင့် ကုန်မျိုးစုံ ရောင်ဝယ်ရေး ဆိုင်တွင် မြန်မာ
ငွေစက္ကူ တစ်သောင်းကျပ်ဖြင့် ဆေးလိပ်ဝယ်ယူ ၂ဦးကို မသင်္ကာ
သဖြင့် စစ်ဆေးလိုက်ရာ ၁၀၀၀၀ိ/ကျပ်တန် ငွေစက္ကူအတုဖြစ်ကြောင်
းသိရသည်။

"ငွေစက္ကူအတုလုပ်သူ နှစ်ဦးမှ ချမ်းမြသာစည်မြို့နယ် ငုရွှေဝါလမ်း
မြို့သစ် (၂)ရပ်ကွက်နေသူ ဝင်းမင်းဟိန်း(ခ)ကိုဟိန်း(၂၆)နှစ်နှင့်
ဂျင်ဟိန်း(ခ)ဂျိမ်း (၂၃)နှစ်တို့ ညီအကို နှစ်ယောက်ဟာ ၁၀၀၀၀ိကျပ်
တန်ငွေစက္ကူကို ကွန်ပျူတာဖြင့် အတု ၃ ရွက်ပြုလုပ်ကာ မြင့်ရွှေပွင့်
ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်တွင် ဇွန်လ ၂၀ နေ့ ည ၇ နာရီ အချိန်
ခန့်က ဆေးလိပ်ဝင်ရာ ဆိုင်ရှင်းမှ မသင်္ကာသဖြင့် ပိုက်မအန်သေဘဲ
အမှတ်(၄ )နယ်မြေ ရဲစခန်းကို အကြောင်းကြားခဲရာ
အမှတ်(၄)နယ်မြေရဲစခန်းက နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် မျိုးမင်းနိုင်ဦးစီးသော နယ်ထိမ်းတပ်ဖွဲ့ဝင်များ ညောင်ကွဲရပ်ကွက်၈/၉
ရပ်ကွက် အကွက်မှူး ဦးစိုးလွင် အကွက်(၄၁၅) အကွက်မှူး ဦးကျော်ဝင်းနိုင် တို့နှင့် အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်
နေစဉ် သတင်းအရ ညောင်ကွဲရပ်ကွက် အကွက်(၇) ရှိ မြင့်ရွှေပွင့်
ကုန်မျိုးစုံရောင်ဝယ်ရေး ငွေစက္ကူအတုဖြင့် ဆေးလိပ်ဝယ်ယူသူ
အမျိုးသား ၂ ဦးအားသက်သေများရှေ့တွင် ၄င်းတို့အားစစ်ဆေးရာ
BRစာတန်းပါ 4787150အက္ခရာနှင့် နံပါက်တူ ၁၀၀၀၀ိကျပ်တန်ငွေ
စက္ကူ အတု ၃ ရွက်အားစစ်ဆေးတွေရှိရ၍ ဒုရဲအုပ် မျိုးမင်းနိုင်မှ ရှာဖွေ
ပုံစံဖြစ်သိမ်ဆည်ကာတရားလုပ်၍တိုင်တန်ကာ အမှု့နှင့်ပါတ်သက်ပြီး
ငွေစက္ကူအတုပြုလုပ်မှု့နှင့်ပါတ်သက်၍ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း
များကို တရားခံ နစ်ဦး၏နေအိပ်သို ညတွင်းချင်းသိမ်ဆည်းကာ မူ့ခင်း
ရဲတပ်ဖွဲ့သိုလွဲပြောင်းပေးခဲကြောင်းသိရသည်။

အဆိုပါ ၁၀၀၀၀တန် ငွေစက္ကူ အတုပြုလုပ်၍သုံးစွဲသူ၂ ဦးကို
(ပ)၁၁၅/၂၀၁၆ ၂၀၁၃ ခုနှစ် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆တို့
ဖြင့် ဇွန်လ ၂၀ ရက်နေ့ ည ၁၀နာရီ ၁၀မိနှစ်တွင် အမူဖွင့်ကာ အရေး
ယူဆောင်ရွက်ထားကြောင်း သိရသည်။
စိုင်းထူးခန့် 


posted from Bloggeroid

Thursday, June 16, 2016

ကလေးငယ်အစာအဆိပ်သင့်

မြ၀တီမူကြိုကျောင်းတကျောင်းတွင် ဟင်းပေါင်း
ထမင်းကျွေးရာမှကလေးငယ်(၁၁)ဦး အစာအဆိပ်သင့်
===================================

မြ၀တီမြို့နှင့် ၆ မိုင်ခန့်အကွာရှိ ဖလူးကြီးကျေးရွာ(ECC) ကလေးလူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဂေဟာမူကြို ကျောင်းမှ ကလေးငယ်ကျားလေးဦး၊ မခုနစ်ဦးစုစုပေါင်း၁၁ဦးသည် ဇွန်လ၁၄ရက်မွန်းလွဲပိုင်းတွင်မူကြိုကျောင်း
မှ ပြန်လာကြပြီးအိမ်သို့ရောက်ရှိစဉ်အဆက်မပြတ် အော့အန်နေသည့်
အနေအထားမှာစိုးရိမ်စရာဖြစ်လာခဲ့သဖြင့် မိဘများနှင့် ရွာရှိ တာဝန်ရှိလူကြီးများကယင်းနေ့ ညနေ၄း၃၀နာရီတွင် မြ၀တီ
ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြသည်။

အစာအဆိပ်သင့်ပြီး အော့အန်ကြသည့် ကလေးငယ်များမှာ ကရင်တိုင်းရင်းသား ကလေးငယ်များဖြစ်ကြပြီး မောင်ကျော်ကူလွဲ (၄)နှစ်၊ မောင်ကျော်ကျော်ဦး(၅)နှစ်ခွဲ၊ မောင်ဒိုးမူ(၃)နှစ်ခွဲ၊ မောင်စောကျော်အဲ(၅)နှစ်၊ မမူးလာထူး (၄)နှစ်ခွဲ၊ မဟိသာစေး(၃)နှစ်၊ မသပြေ၀င်း(၄)နှစ်၊ မခင်ခင်ထွေး(၃)နှစ်ခွဲ၊ မစောအဲဖော(၃)နှစ်ခွဲ၊ မအဲလားကွယ်ခီး(၂)နှစ်ခွဲ၊ မချစ်ချစ်လှိုင်(၄)နှစ် စုစုပေါင်းကျားလေးဦး၊ မ ၁၁ ဦးတို့ဖြစ်ကြသည်။

အစာအဆိပ်သင့်ရခြင်းမှာ အဆိုပါနေ့နံနက် ၁၁း၀၀နာရီ၌မူကြိုဆရာမဖြစ်သူ မတံတားချဲ(ခ)အမိုးဆိုသူကကလေးများ၏ထမင်းချိုင့်များမှဟင်းလျာများအား
ရောနှောစုပေါင်း၍ ကလေးများကို ထမင်းခွံ့ကျွေးခဲ့ရာ ညနေအိမ်ပြန်ရောက်ချိန်အော့အန်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ကလေးများဆေးရုံကိုရောက်ရှိသည်ဆို သည်နှင့် မြ၀တီပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအေးမို့မို့ဝင်းက အထူးဂရုစိုက်ပြီး အနီးကပ် ကြီးကြပ်ကုသပေးမှုကြောင့် ဇွန်လ ၁၅ ရက် မနက်ပိုင်းတွင် ကလေးများမှာစိုးရိမ်စရာမရှိတော့ဘဲအားလုံးသက်သာသွားကြပြီဖြစ်
ပါကြောင်းနှင့် ယခုလိုဖြစ်ရခြင်းမှာ ကလေးများ၏ ထမင်းချိုင့်ထဲသို့ မိဘများ က ဟင်းအကျန်များကိုထည့်ပေးလိုက်ပြီး အဆိုပါဟင်းအကျန်များမှာသိုးပြီး ဘက်တီးရီးယားပိုးများဖြစ်ပေါ်ကာကလေးများစားမိရာ၌အစာအဆိပ်သင့်မှုများဖြစ်ပွားရခြင်းဖြစ်ပြီး၊ ထို့ကြောင့်ညနေကချက်ထားသောဟင်းများ တညသိပ်ပြီးနောက် တနေ့တွင်နွှေးပြီး ကလေးများထမင်းချိုင့်ထဲသို့ ထည့်မပေးရန် မိဘများကိုလည်း ပညာပေးပြောဆိုထားပါကြောင်း၊ ကလေးဆိုသည်မှာ အလွန်နုနယ်ပြီး လူကြီးတွေလို ခံနိုင်ရည်မရှိပါကြောင်း ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအေးမို့မို့ဝင်းက ပြောသည်။

ကိုကိုမောင်(မြ၀တီ)

posted from Bloggeroid

Sunday, June 12, 2016

ယောက်ကျားကိုသတ်


"ရမ်းကားတဲ့ ယောင်္ကျား အိပ်ပျော်နေစဉ် မိန်းမမှ ဓားဖြင့်ခုတ်သက် "

၁၁ . ၆ . ၂၀၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ချောင်ဝကျေးရွာအုပ်စု၊ ပဲပုတ်ကျေးရွာမှ
ဘ. ဦးချစ်ကယ်၏သား ကိုစိန်လွင်သည်
အရက်မူး၍ အိမ်ရှိ ဝက်လေးကောင် အား ခုတ်သတ်ပြီး သားဖြစ်သူနှင့် ဇနီး ဖြစ်သူတို့အား ဓါးဖြင့် လိုက်ခုတ်ခဲ့ရာ သားဖြစ်သူမှာ ဒါဏ်ရာ ဖြင့် ထွက်ပြေ့း လွတ်မြောက်သွားခဲ့ပြီး ဇနီးဖြစ်သူ မသန်းစိန်အား နန်းလုံးဖြင့်ထုခဲ့သည်။
မူးယစ်ရမ်းကားနေသည့် ကိုစိန်လွင် အိပ်ပျော်နေခိုက် ဇနီးဖြစ်သူ မသန်းစိန်မှ ဝက်စာလှီးဓါး ဖြင့် လည်ပင်းကို ခုတ်လိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့သည်။

People And Police Media
Via - Han Ko

posted from Bloggeroid

ဇာတ်မင်းသားဝင်းနောင်

#SHAN_NEWS_AGENCY
မန္တလေးဇာတ်မင်းသား ဝင်းနောင်ရဲ့ တေးဂီတဗီဒီယို MTV မိတ်ဆက်ပွဲပြုလုပ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဇွန်လ ၁၂ ရက်၊
မန္တလေး

"ဇာတ်သဘင်ကပြခဲ့တာ အနုပညာ သက်တမ်း ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အမှတ်တရ အဖြစ် ဒီခွေကို လုပ်ဖြစ်တာပါ။ ပရိသတ်အသိအမှတ်ပြုခံရဖို့ ကြိုးစားခဲ့ရတဲ့ ကျွန်တော့အတွက် ဒီ MTV က ပရိသတ်ကို ထပ်မံအသိအမှတ်ပြုခံရဖို့ အပြင် ကျွန်တော်ချစ်တဲ့ ဇာတ်သဘင်ကို အကောင်းဆုံး တင်ဆက်ထားကြောင်း " မင်းသား ဝင်းနောင်က စာနယ်ဇင်းများကို ရှင်းလင်းပြောကြားပါတယ်။

အဆိုပါ ဝီရိယမင်းသား ဝင်းနောင်၏ သီချင်းဆိုတဲ့ ဇာတ်မင်းသား အမည်ရှိ တစ်ကိုယ်တော် တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲကို မန္တလေးမြို့ ၄၂ လမ်းရှိ လောကနတ် ခန်းမမှာ ဇွန်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်တာပါ။

"သီချင်း ၁၁ ပုဒ်မှာ ဇာတ်သဘင်ပုံစံလေးရော၊ မြန်မာသံပုံစံ၊ ခေတ်ပုံစံလေးရော ဖန်တီးပေးထားပါတယ်။" လို့ ဒါရိုက်တာ ထင်အောင်လင်း က ပြောပါတယ်။

သီချင်းဆိုတဲ့ ဇာတ်မင်းသား MTV တေးစီးရီးဗီဒီယိုကို မန္တလေးမြို့ မနော်ရမ္မံဥယျာဉ်မှာ ဇွန်လ ၂၀ ရက်နေ့ နှင့် ရန်ကုန်မြို့ လှည်းတန်းစင်တာ တို့မှာလည်း မိတ်ဆက်လက်မှတ်ရေးထိုးပြီး ရောင်းချပေးမှာဖြစ်ကြောင်း သိရပါတယ်။

posted from Bloggeroid

မိုင်း


မိုင်း...ကွဲ ပြန် ပြီ။

ကျောက် မဲ မြို့ နယ်၊ ပြိန်း စင့် ကျေး ရွာ နေ
စိုင်း အိုက် လူအ သက် (၃၄.) နှစ်၊(ဘ) ဦး နေ စံ၊ ပ
လောင်/ဗုဒ္ဓ တောင် ယာ လုပ် ကိုင် သူ သည် ၂၀၁၆
ဇွန်၊ ၁၀ ရက် ည နေ ၅ နာ ရီ ခွဲ အ ချိန် တွင် ရွာ မြောက် ဖက် တ မိုင် အ ကွာ၊ လ္ဘက် ခင်း မှ ပြန် လာ စဉ် နင်း မိုင်း နင်း မိ ၍ ပေါက် ကွဲ ပြီး၊ဘယ် ဖက် ခြေ ဖ မိုး ဖောက် ဝင် ဒဏ် ရာ၃ ချက်၊ဘယ် ဖက် ပေါက် ဖောက် ဝင် ဒဏ် ရာ ၆ ချက်၊ဘယ် ခြေ သား လုံး ဖောက် ဝင် ဒဏ် ရာ တ ချက်၊ယာ ခြေ ဖ နှောင့်

ပြတ်
ရှ ဒဏ် ရာ တ ချက်၊ဘယ် လက် တံ တောင် နှင့် လက် ကောက် ဝတ် ပြတ် ရှ ဒဏ် ရာ ၅ရာ ချက်၊ရ ရှိ
ခဲ့ သည်။

ရ ရှိ သော ဒဏ် ရာ များ မှာ အ သက် အန္တတရာယ် မ စိုး ရိမ် ရ ပါ။ကျောက် မဲ မြို့ ပြည် သူ့
ဆေး ရုံ ကြီး တွင် တက် ရောက် ကု သ နေ ကြောင်း သိ ရ သည်။

posted from Bloggeroid

ဘိန်


ဘီ လူး ပေ မဲ့၊သရဲ၊ သဘက် တော့ ကြောက်
နေ ရ သည်။

ဒီ နေ့ မ နက် စော စော ဖုံး မည် လာ လို့
ကောက် ကိုင် တဲ့ အ ခါ၊ အ မျိုး သ မီး ကြီး တ ယောက် အား ကိုး တ ကြီး နဲ့ အ ကူ အ ညီ တောင်း
လာ သည်။အ သက် (၂၃) နှစ် သာ ရှိ သေး တဲ့ သား
အ ကြောင်း ပြော လာ သည်။

====================================

ဆ ရာ ကျွန် မ ဒေါ် အုန်း ညို ပါ။ ကျွန် မ သား လေး လွန် ခဲ့ တဲ့ သုံး နှစ် က ဆယ် တန်း ဖြေ
တာ မ အောင် ခဲ့ ဘူး။ မူး ယစ် ဆေး ဝါး သုံး နေ တာ လဲ ကြာ ပြီ ဆ ရာ။ ဆ ရာ ကျွန် မ တို့ မြို့ ကို လာ တုံး ဆ ရာ နဲ့ လာ တွေ့ ပြီး စ ကား ပြော ကြ တဲ့ အ ထဲ မှာ ကျွန် မ လဲ ပါ တယ်။ ဘယ် လို လုပ် ရ မှန်း ကို မ သိ လို့ ဆ ရာ ပေး ခဲ့ တဲ့ လိပ် စာ ကဒ် ပြား လေး တွေ့ တာ နဲ့ ဆ ရာ့ ဆီ အ ကြံ ဉာဏ် လေး လှမ်း တောင်း တာ ပါ ဆ ရာ။

ခု တော့ လား ဆ ရာ၊ ဖမ်း တယ် ဆ ရာ၊ အ ရင် က ထက် တော့ ဖမ်း တယ် ဆ ရာ။ ကျွန် မ
တို့ ပြော သ လို ပေါ့၊ ဆယ် အိမ် မှာ ကိုး အိမ် လောက် က ရောင်း နေ ကြ တော့ ဘယ် လို လုပ် ကြ
မ လဲ ဆ ရာ။အဲ့ ...ဒါ....ဒီ က လေး အ တွက် ဆ ရာ့
တို့ ဖက် မှာ ဆေး လဲ ကု၊ အ လုပ် က လေး လဲ ရှိ မယ် ဆို ရင် အ ဆင် ပြေ မ လား လို့ ပါ။

ပြည် သူ့ လွှတ် တော် ကိုယ် စား လှယ် လား ဆ ရာ၊ ဒေါ် စန်း စန်း အိ တဲ့ ဆ ရာ။ ဟုတ် ကဲ့..
ဆ ရာ ပြော သ လို ဘဲ ကျွန် မ တို့ မိ ဘ တွေ စု ပြီး
သွား တွေ့ ပါ့ မယ်။ ဟုတ် ကဲ့....အ ကြောင်း ပြန် ကြား ပေး ပါ့ မယ် ဆ ရာ။ အော်....ဟုတ် ကဲ့ ၊ ဖုံး နံ
ပတ် လဲ တောင်း ပေး မယ် ဆ ရာ။ ဆ ရာ့ လို လူ ကျွန် မ တို့ မြို့ မှာ တ ယောက် လောက် ရှိ ရင် သိပ်
ကောင်း မှာ ဘဲ ဆ ရာ။ အ ကြံ ဉာဏ် လဲ ရ တယ်။ အ ကူ အ ညီ လဲ ရ တယ်။ ဆ ရာ...ကျွန် မ တို့ ကို ပစ် မ ထား ပါ နဲ့။အား ကိုး ပါ ရ စေ ....ဆ ရာ။

====================================

မ နှစ် က မူး ယစ် ဆေး ဝါး အ သိ ပ ညာ ပေး ဟော ပြော ပွဲ ကို၊ ကို ရင် လှ(ကို စည် သူ လွင်)
မှ တ ဆင့် အ ကူ အ ညီ တောင်း လို့ မိုး ညှင်း မြို့ နယ် ထဲ က ဘီ လူး မြို့ မှာ ဟော ပြော ပွဲ လေး တ ခု
လုပ် ခဲ့ သည်။ မျက် စိ နား ပိတ် နေ သော အ ပူ မီး
ဟတ် နေ သည့် မိ ဘ များ အ ဖို့ ကောက် ရိုး လေး
တ မျှင် စာ မျှ လောက် သာ အား ပေး နိုင် ခဲ့ သော်
လဲ ၊ ကျ နော့် အ ဖို့ မှာ ဘီ လူး အ ပူ များ ကူး စက် ခံ
ခဲ့ ရ သည်။

မိုး ညှင်း တ ဝိုက်၊ နှင့် က ချင် နယ် တ ခု လုံး မူး ယစ် ဆေး ဝါး က အ နိုင် ယူ သွား ခဲ့ ပြီ။ သူ
တို့ က တ ဖက် သတ် အင် အား ကြီး သွား ခဲ့ ပြီ။
ကျ နော် တို့ အ ရပ် ဒေ သ တွင် မူး ယစ် ဆေး ဝါး သံ
တွေ ညံ နေ အောင် ကြား နေ ရ သ ဖြင့် ထိတ် ထိတ်
လန့် လန့် ရှိ လှ သည်။ မိုး ညှင်း၊ ဘီ လူး ရောက် တော့ ကျ နော့် ဒေ သ သည် အ ပုံ ကြီး သာ သေး သည် ဟု သက် ပြင်း ချ မိ သည်။ ဘီ လူး သူ မိုး ညှင်း သူ တို့ အ ရွယ် ကောင်း လေး များ ပေါင်း ဖက် ရန်
သား ကောင်း မ ရှိ တော့။ မိ ဘ နေ ရာ မှ ကိုယ် ချင်း
စာ စိတ် ဖြင့် စာ နာ ကြည့် ရာ တွင် ရင် ဘတ် နာ လှ
သည်။

ထို့ ကြောင့် ပြည် သူ တို့ ရွေး ချယ် ထား သော ပြည် သူ့ ကိုယ် စား လှယ် ကို သာ အား ကိုး ရ တော့ မည်။ သို့ ဖြစ် ၍........

မိုး ညှင်း မြို့ မှ ပြည် သူ့ လွှတ် တော် ကိုယ် စား လည် ဒေါ် စန်း စန်း အိ ခင် ဗျား....မူး ယစ် ဆေး ဝါး ရောင်း ချ နေ မှု အား ဥ ပ ဒေ အ ရ ထိ ရောက် စွာ အ ရှိန် အ ဟုန် ဖြင့် အ ရေး ယူ နိုင် ရန် ကူ ညီ
ပေး ပါ ခ ဗျား။ မူး ယစ် ဆေး ဝါး သား ကောင် များ
အ တွက် မက် သ ဒုံး သောက် နေ ယုံ ဖြင့် မ ရ ပါ။
ပြန် လည် ပြု စု ပျိုး ထောင် ရေး အ တွက် နား လည်
တတ် ကျွမ်း သူ များ ထံ အ ကူ အ ညီ တောင်း ပါ။
ပြည် သူ လူ ထု အ တွက် မူး ယစ် ဆေး ဝါးအန္တရာယ်
အ သိ ပ ညာ ပေး ဟော ပြော ပွဲ များ စဉ် ဆက် မ ပြတ် လုပ် ပေး ပါ ခင် ဗျား။

လတ် တ လော မှာ ဖြင့် ဘီ လူး တို့ သည်
သူရဲ သ ဘက် က လေး များ ကို ကြောက် နေ ရ ကြောင်း ပါ ခင် ဗျား။

(ပြည် သူ့ လွှတ် တော် ကိုယ် စား လည်
ဒေါ် စန်း စန်း အိ အား လေး စား စွာ အ ကူ အ ညီ
တောင်း ခံ ပါ သည်။ ကျွန် တော့ ဖက် မှ ကျ နော် နား လည် တတ် ကျွမ်း သ လောက် အား ထုတ် ကူ ညီ
ပါ မည်။ )

ဤပို့စ် ကို ရှယ် ပေး ခြင်း ဖြင့် မူး ယစ် ဆေး ဝါး တား
ဆီး တိုက် ဖျက် ရေး အ တွက် ကူ ညီ ကြ ပါ ရန် နိုး
ဆော် ပါ သည်။

posted from Bloggeroid

Friday, June 3, 2016

မြစ်စုံ ဆန္ဒပြ

"တရုတ်သံအမတ မြစ်ဆုံစီမံကိန်းဆက်လက်အကောင်အထည်ဖေါ်ရန် လာရောက်လေ့လာစဉ် ဒေသခံအဖွဲ့များဆန္ဒပြ"

ကချင်ပြည်နယ်ဖွံ့ဖြိုးရေးနှင့်မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဆက်လက်အကောင်အထည်ဖေါ်ရန်ရည်ရွယ်ချက်ဖြင့် တရုတ်သံအမတ် မစ္စတာဟုန်လျန် နှင့်အဖွဲ့အားဇွန် ၄ရက်နံနက် က မြစ်ကြီး
မြို့ရှိ တရုတ်သံအမတ်တည်းခိုနေထိုင်ရာ
Palm Spring Resort ဟိုတယ်ရှေ့၌ စီမံကိန်ကိုမလိုလားသည့်ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ကချင်နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များက မြစ်ဆုံစီမံကိန်းအပြီးတိုင်ထွင်သွားရန်ယခင်CPI ယခုSPIC ကုမ္ပဏီ အမြန်ဆုံးရုတ်သိမ်းသွားရန် ပိုစတာများကိုင်ဆောင်ကါ အော်ဟစ်ကြွေးကြော်ဆန္ဒပြခဲ့သည်။

ယင်းသို့ဆန္ဒပြနေချိန်၌ တရုတ်သံအမတ်က ကချင်တိုင်းရင်းသားခေါင်းဆောင်များနှင့်ဟိုတယ်တွင်း၌မြစ်ဆုံကိစ္စကိုဆွေးနွေးနေချိန်ဖြစ်သည်။
တရုတ်သံအမတ်က မြစ်ဆုံစီမံကိန်းကိုဆက်လက်အကေါင်အထည်မဖေါ်ပါက နှင်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို များစွာထိခိုက်လိမ့်မည်ဟု ၎င်းနှင့်အတူ
လိုက်ပါသွားသည့် သတင်းသမားများကို
ဇွန် ၂ ရက်ကပြောကြားခဲ့သည်။

နေနိုင်သူ

posted from Bloggeroid

Thursday, June 2, 2016

မြို့တော်ဝန်တွေ သတိထား


အသုံးအဖြုန်းကြီးသည့် တိုကျိုမြို့တော်ဝန် ပြည်သူကို ၀န်ချတောင်းပန်ရ
---- ------ ------ ------ ------ ----
အဆင့်မြင့် ဟိုတယ်ခန်းများတွင် တည်းခိုခြင်း၊ သားသမီးများ၏အိပ်ယာဝင် ၀တ်စုံအကောင်းစားများ ၀ယ်ယူခြင်းအပါအ၀င် အသုံးအဖြုန်းကြီးမှုကြောင့် ပြည်သူများက အမျက်သင့်နေသော တိုကျိုမြို့တော်ဝန်သည် ဗုဒ္ဓဟူးနေ့(ဇွန် ၂)က ၀န်ချတောင်းပန်ခဲ့သည်။ မြို့တော်ဝန် ယိုအိချီမာဆုဇိုးသည် ပြည်ပခရီးစဉ်များအတွင်း အကောင်းစားဟိုတယ်များတွင် တည်းခြင်း၊ အမေရိကန်အနုပညာရှင် Keith Haring ၏ စာတစောင်ကို ယန်းငွေ ၃၁၀၀ ဖြင့် အွန်လိုင်းမှ လေလံဆွဲဝယ်ယူခြင်းများကြောင့် မီဒီယာက အာရုံစိုက်နေသူတဦးဖြစ်သည်။

“တိုကျို မြို့သူမြို့သားများနဲ့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကို ကျွန်တော် လေးလေးနက်နက် တောင်းပန်အပ်ပါတယ်”ဟု အသက် ၆၇ နှစ်အရွယ် မက်ဆုဇိုးက ပြောသည်။ မြို့တော်ဝန်ဟောင်း နာအိုကီအီနို့စ် ငွေကြေးအရှုပ်အရှင်းကြောင့် ရာထူးမှနုတ်ထွက်ပေးခဲ့ပြီးနောက် ၂၀၁၄ တွင် မက်ဆုဇိုးသည် မြို့တော်ဝန်ဖြစ်လာခဲ့သည်။ ၎င်း၏ သုံးဖြုန်းမှုများတွင် ရန်ပုံငွေများ ပါဝင်ခြင်းရှိမရှိအားလည်း မေးခွန်းထုတ်လျက်ရှိကြသည်။

ကျန်းမာရေးနှင့်အလုပ်သမားဝန်ကြီးဟောင်း၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သူ မက်ဆုဇိုးသည် ၎င်းရာထူးလက်ခံစဉ်က အဖွဲ့အစည်းအတွင်း အရှုပ်အရှင်းကင်းစေရမည်ဟု ကြွေးကြော်ထားသူဖြစ်သည်။ ရုံးပိတ်ရက်အတွင်း ရုံးကားအသုံးပြုသည့်သတင်း ဧပြီလကထွက်ပေါ်ခဲ့ပြီးနောက် အရာရှိ ၂၀ ဦးနှင့်အတူ လန်ဒန်နှင့်ပဲရစ်သို့ သွားရောက်သည့်ခရီးစဉ်အတွက် ဒေါ်လာ ၄ သိန်း ၅ သောင်းကျော် ကုန်ကျခြင်း၊ ပထမတန်းမှ လေယာဉ်စီးခြင်း၊ အဆင့်မြင့်ဟိုတယ်များတွင် တည်းခိုခြင်းစသည့်သတင်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

အဆိုပါကိစ္စရပ်များကြောင့် ၎င်းအား ရာထူးမှနုတ်ထွက်ပေးရန် လိုလားလျက်ရှိနေကြရာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြည်သူကို ၀န်ချတောင်းပန်ခဲ့ခြင်းဖြစ်သည်။

ရည်ညွှန်း-အေအပ်ဖ်ပီ

posted from Bloggeroid

Wednesday, June 1, 2016

ဂုတ်တွင်းတွင် အိမ်စီးကားတစ်စင်းတံတားပေါ်ကပြုတ်ကျ

ဂုတ်တွင်းတွင် အိမ်စီးကားတစ်စင်း တံတားပေါ်မှပြုတ်ကျ၊ ယာဉ်မောင်းသေဆုံး

=========

ကျောက်မဲ၊ ဇွန် ၁ ။

ယနေ့(ဇွန် ၁ ရက်) နံနက် ၁၀း ၃၀ အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မန္တလေး-မူဆယ်ပြည်ထောင်စုကားလမ်း၊ ဂုတ်တွင်းတွင် TOYOTA KLUGER

ခဲရောင်အိမ်စီးကားတစ်စင်း တံတားပေါ်မှပြုတ်ကျခဲ့ရာ ယာဉ်မောင်းဖြစ်သူသေဆုံးသွားကြောင်းကျောက်မဲမြို့ အမှတ် ၁၂၀ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးကယနေ့ညနေပိုင်းတွင်ပြောသည်။

ဖြစ်ပွားပုံမှာ ယနေ့နံနက်ပိုင်းက နောင်ချို မှလားရှိုးဘက်သို့ယာဉ်မောင်းဦးကောင်းစိန် (၅၈ နှစ် ) လုံးခင်းကျေးရွာအုပ်စု ဖားကန့်မြို့နယ်နေသူမောင်းနှင်လာသောကားနံပါတ် × × × × TOYOTA KLUGER ခဲရောင်အိမ်စီးကားမှာ ဂုတ်တွင်းမိုင်တိုင်အမှတ် ၈၆/၅-နှင့် ၆ အကြား တံတားပေါ်အရောက်တွင်အရှိန်မထိန်းနိုင်တော့ဘဲတံတားအောက်သို့ပြုတ်ကျ တိမ်းမှောက်မြှု ဖစ်ပွားခဲ့ကြောင်း၊ ယာဉ်ပြုတ်ကျတိမ်းမှောက်မှုကြောင့်
ယာဉ်မောင်းဦးကောင်းစိန်တွင် ဝဲလက်ပြင်နာကျဉ်ဒါဏ်ရာ ဝဲရင်ဘတ်နှင့်လက်ပြင်ပေါက်ပြဲဒဏ်ရာ ခါးနာကျဉ်ဒါဏ်ရာတို့ရရှိခဲ့ပြီးအဆိုပါကားနှင့်အတူလိုက်ပါလာသူ အိုက်ဝိုင်း ( ၃၉ နှစ် )တွင်လည်း ဝဲလက်ပြင်နာကျ င်ဒါဏ်ရာ လက်ဝဲတံတောင်ဆစ်နှင့်ဒူးပေါက်ပြဲဒါဏ်ရာ ( မစိုးရိမ်ရ )ရရှိခဲ့ကြောင်း၊ ယာဉ်ပေါ်ပါသူ နှစ်ဦးကို ကျောက်မဲခရိုင်ပြည် သူ့ဆေးရုံကြီးသို့ပို့ဆောင်ကုသပေးခဲ့သော်လည်း
ယာဉ်မောင်းဦးကောင်းစိန်မှာယာဉ်တိမ်းမှောက်စဉ်ကရရှိခဲ့သောဒါဏ်ရာဖြင့် ညနေ ၅ နာရီအချိန်ခန့်တွင်သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်အားမဆင်မခြင်မောင်းနှင်သူဦးကောင်းစိန်အားကျောက်မဲမြို့ အမှတ် ၁၂၀ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှလိုအပ်သလိုအရေးယူဆောင်ရွက်လျှက်ရှိကြောင်း ၄င်းကပြောသည်။။

မင်္ဂလာထွန်း ( ကျောက်မဲ )

posted from Bloggeroid