Friday, February 5, 2016

ပုဂံဒေသခံတွေလက်မခံသော Buggy Car


အတွင်းရန် အပြင်ရန်များကြားကပုဂံဒေသခံခရီးသွားလုပ်ငန်းအမှီပြုနေ
သူများလုပ်ငန်းငယ်များထိခိုက်မှု့ရှိဟုဆို

=================================================
ရှေးဟောင်းပုဂံစေတီပုထိုးများကိုလာရောက်လေ့လာသူဧည်သည်များကို
အမှီပြုလုပ်ကိုင်စားနေသော E-bike ဘယ်ထရီ ဆိုင်ကယ် မြင်းလှည်း
ဆိုက္ကာ အစရှိသော ဒသခံတွေ လုပ်ကိုင်စားသောက်နေသောအလုပ်များ
ကအခုဆို အတွင်းရန် အပြင်ရန် တွေ ဝိုင်းရံလျှက်ရှိဟုဒေသခံတွေက
ပြောသည်။

"ကျွန်တော်တို့ ပုဂံ ကို နိုင်ငံတကာ ကခရီးသွားဧည်သည်တွေ သွားလာရေး
အဆင်ပြေစေရန် E-bike ဘယ်ထရီ ဆိုင်ကယ် မြင်းလှည်း ဆိုက္ကားသမား
တွေ အတွက် နေ့စဉ် စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြတာကို
စီးပွားရေးလုပ်ငန်းရှင်းတစ်ဦးကBuggry Car ဒေသခံတွေ ပြေးဆွဲမှု့ကြောင့် အလုပ်လက်မဲ့ဖြစ်အောင်ဖန်တီးဒါတွေ အပြင်ရန် အန္တရာယ်တစ်ခုဖြစ်ပြီး
အတွင်းရန်ကတော့ လုပ်ငန်းတူအချင်းချင်း ဧည်သည်တွေကို ဈေးလျှော့
ချပြီး ငှါးရန်တာတွေ အရင် E-bike တစ်စီးကို တစ်သောင်းကျော်ရတာ
အခု ရှစ်တောင် နဲ့လိုက်ရတယ် ဒါတောင် ၄/၅တောင်နဲ့ လိုက်သူတွေရှိ
တာတွေကြောင့် အသင်းဖွဲ့ရန် အောက်ခြေဒေသခံအလုပ်သများစုစည်း
ဖို့ လိုအပ်တယ်ဟု ဒေသခံ E-bikeလုပ်ငန်းရှင်းဦးမြင့်ဆွေကပြောသည်။"

"ကျွန်တော်တို့ ပုဂံဒေသတစ်ခုလုံးရှိ ခရီးသွားဧည်သည်တွေကို အမှီပြု
လုပ်စားနေကြသော သူတွေရဲ့  မြင်းလှည်း စက်ဘီး E-bike ကားအငှါး
ခရီးသွားဝန်ဆောင်မှုလုပ်နေသူတွေ အနေဖြင့် စည်ပင်သာယာကိုတရား
ငွေဆောင်ပြီး လုပ်စားကြတာ Buggy Car ကားတွေက ကုန်းလမ်းပို့ဆောင်
ရေးညွန့်မှု့ဦးစီးဌာ ထုတ်ပြန်ချက်စည်းကမ်းတွေနဲ့ မကိုက်ညီဘဲ လမ်းပေါ်
တက် ကား ပြေးဆွဲနေခြင်းတွေကို ဒေသခံတွေအနေနဲ့လုံးဝလက်မခံနိုင်
ဘူးဟု ပုဂံ ဒေသဖွံဖြိုးရေးအသင်းကအတွင်းရေးမှူးဦးဝင်းမောင်ကပြော
သည်။

ပုဂံဒေသအတွင်း မြင်းလှည်း အစီး ၂၀၀ ကျော်။ E-bike အစီး ၁၀၀၀ကျော်
။စက်ဘီး အစီးရေး များစွာရှိပြီး ခရီးသွားဧည်သည်များအပေါ် လုပ်ကိုင်စား
သူဒေသခံမှီခိုလျှက်ရှိကြောင်းသိရသည်။

posted from Bloggeroid

No comments:

Post a Comment