Thursday, February 4, 2016

မန္တလေး တိုင်းရင်းသားကျေးရွာတည်ဆောက်မည်

မန္တလေး ခရိုင်အတွင်း တိုင်းရင်းသားကျေးရွာတည်ဆောက်သွားမည်ဟုဆို
==================================================
မန္တလေး မြို့အတွင်း ရှမ်းတိုင်းရင်းသား ငါးသောင်းကျော်နေထိုင်ပြီးအခြာ
တိုင်းရင်းသားပေါင်းစုံးများစွာပါဝင်သောမြို့ဖြစ်တာကြောင့် မန္တလေးခရိုင်
အတွင်း ဒီနှစ်အတွင်း တိုင်းရင်းသားကျေးရွာ အတွက် ဧက ၂၀ ရာထား
ကြောင်းရှမ်းတိုင်းရင်းသားအဖွဲကပြောပြချက်အရသိရသည်။

"ကျွန်တော်တို့မန္တလေးကို ငြိမ်းချမ်းရေးနဲပါသက်ပြီဦးသိန်းဇော်ဝင်း မနေ့ကလာသွား
ပါတယ် ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားတွေနှင့်တွေ့ဆုံကာ မန္တလေးခရိုင်
အတွင်း ဧက ၂၀ ကျော်ဖြင့် တိုင်းရင်းသားကျေးရွာတည်ဆောက်ဖြစ်မည်
အကြောင်းပြောသွားတယ် တိုင်းဒေသကြီးလွတ်တော်မှ မဲခွဲဆုံးဖြက်ထား
ပြီဖြစ်ပါတယ် ပြည်သူလွတ်ကိုလဲဒီကိစ္စတင်ထားတယ် ဘယ်နေ့ဘယ်နေ
ရာဆိုတာတော့ မသိရသေပါဘူး အကြမ်းပြင်သိရတာကတော့ ၂၀၁၆ခု
နှစ်အတွင်းအပြီး တည်ဆောက်သွားမည်စီမံကိန်ဖြစ်တယ်ဟုအဆိုပါပွဲ
ကိုတက်ရောက်ခဲသည့်ဒေသခံကိုထွန်းကပြောသည်။"

"မန္တလေး ခရိုင်အတွင်း ရှမ်းတိုင်းရင်းသား ကျေးရွာ တည်ဆောက်ဖို့ဖြစ်လာ
တကတော့ မန္တလေးကို ဦးသိန်းဇော်ဝင်းတို့လာတော့
ရှမ်းတိုင်းရင်းသားတွေကို ခေါ်တွေ့တယ် လိုအပ်ချက်တွေ ဘာတွေရှိလဲ
မေးတယ် ရှမ်းတိုင်းရင်းသားတွေ ၅၀၀၀၀ ကျော်ရှိတယ် တစ်ခြားတိုင်းရင်း
သား၂ သောင်းခန့်ရှိသော မန္တလေးမြို့ကို ရန်ကုန်ကလို တိုင်းရင်းသားကျေး
ရွာတည်ဆောက်ဖို လာမည်လွတ်တော်မှ အတည်ပြုသွားမယ်လိုသိရတယ် မန္တလေးစည်ပင်သာယာရေးကော်မတီ
ကိုလဲ စီမံချက်ချထားပေးရန်ပြောသွားတယ် ဘယ်နေရာချပေးမယ်ဆိုတာ
မသိရဘူးလို၎င်းကပြောသည်။"

"တိုင်းရင်းသားကျေးရွာတည်ဆောက်မယ်လို ကျွန်တော်တောင်မသိဘူး
မန္တလေးမှ ရှမ်းအဖွဲ့တွေအများဗျာ ကျန်အဖွဲ့တွေတက်တာဖြစ်မယ်
ကျွန်တော်တို့ရှမ်းယာဉ်ကျေးမှု့အဖွဲ့ကမတက်ဖြစ်ဘူး ကောင်းပါတယ်
တိုင်းရင်းသားတွေအတွက်အခုလိုအကောင်အထည်ဖော်တည်ဆောက်
တာ ဝမ်းသာဂုဏ်ယူမိတယ်ဟု ရှမ်းစာပေယာဉ်ကျေးမူ့မန္တလေးကဦးစိုင်း
ဆိုင့်လင်းကပြောသည်။"

မန္တလေးမြို့အတွင်း အခြေချနေထိုင်ကြသော ရှမ်းတိုင်းရင်းသား ကချင်
ကရင် ပလောင် တအောင့် ရခိုင် မွန် ကယား ဂေါ်တခါး လီးဇူးတိုင်းရင်း
သားတွေ လာရောက်နေထိုင်ကြတာဖြစ်တယ် မြန်မာနိုင်ငံအတွင်းက
တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေ အဓိကထား ရည်ရွယ်ပြီး
တည်ဆောက်တာဟုသိရသည်။

posted from Bloggeroid

No comments:

Post a Comment