အမေရိကန်တွင် လေဆင်နှာမောင်းကြောင့် လူ ၂ ဦးသေဆုံး
=======================
=======================
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ထဲက တင်ပ (Tampa) မြို့နဲ့ ဆီရပ်စ်စတာ ကီး (Siesta Key) မြို့တွေမှာ အခုတပတ်အတွင်း လေဆင်နှာမောင်းတွေ ၀င်ရောက်တိုက်ခတ်လို့ လူကြီး ၂ ဦး သေဆုံးပြီး ကလေး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
မက္ကဆီကိုပင်လယ်ကွေ့ကနေ ၀င်ရောက်တိုက်ခတ်လာတဲ့ လေဆင်နှာမောင်းတွေဖြစ်ပြီး နေအိမ်အတော်များများ ခေါင်မိုးတွေလန်ပြီး ပျက်စီးခဲ့ပါတယ်။
လေဆင်နှာမောင်းနဲ့အတူ နောက်ဆက်တွဲ မိုးအသည်းအသန် ရွာသွန်းခဲ့ပါတယ်။
မက္ကဆီကိုပင်လယ်ကွေ့ အလယ်ကမ်းရိုးတန်းတလျှောက် လေပြင်းတွေ တိုက်ခတ်ခဲ့တယ်လို့ ဒေသခံ မိုးလေ၀သအေဂျင်စီက ထုတ်ပြန်ပါတယ်။
==================

posted from Bloggeroid
No comments:
Post a Comment