Wednesday, January 20, 2016

ဆိုင်ကယ်နဲ့မူးယစ်ဖမ်းမိ


ရန်ကုန်မှာ ညသန်းခေါင်ယံ ရဲကားကို မြင်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးတဲ့ သူတွေကို လိုက်လံ ဖမ်းဆီးတဲ့အခါမှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိလို့ ဖမ်းဆီးအရေးယူ

===================
===================

ဇန်န၀ါရီလ ၂၀ ရက်နေ့ ၀၀၀၅ အချိန်ခန့်တွင် သုဝဏ္ဏနယ်မြေရဲစခန်းမှ လှည့်ကင်းမီးတန်းဆလွန်းယာဉ် တာဝန်ကျတပ်ဖွဲ့ဝင်များသည် နယ်မြေ
အတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် မင်္သကာဖွယ် ၄၂ယ/- LANJIA CZI-125 အမျိုးအစားဆိုင်ကယ် စီးနင်းနေသူ အမျိုးသား(၃)ဦးမှာ
မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၇)ရပ်ကွက်၊ ဘုရင့် နောင်လမ်းအရောက်တွင် အဆိုပါဆိုင်ကယ်၏
နောက်ဆုံးတွင် လိုက်ပါစီးနင်းသူသည် ၎င်းဝတ်ဆင် ထားသောဂျင်းဘောင် ဘီဝဲဘက်အိတ်ကပ်အတွင်းမှ အထုပ် ၁ ထုပ်အား ပစ်ချခဲ့သည်ကို တွေ့မြင်ရ သဖြင့် ဖမ်းဆီးရမိရေးဆက်လက်လိုက်ပါခဲ့ရာ ဒဂုံမြို့သစ် 
(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ မြတ်မင်္ဂလာလမ်းအရောက်တွင် ၎င်းတို့စီးနင်းသော ဆိုင်ကယ်နှင့်အတူတွေ့ရှိစစ်ဆေးရာ ဒဂုံမြို့သစ် 
(အရှေ့)မြို့နယ်နေသူများဖြစ်ကြသည့် မင်းမင်း(ခ)သိန်းထွန်းမင်း၊ (၃၂)နှစ်၊ ပြည့်ဖြိုးအောင်၊ (၃၁)နှစ်နှင့် စိုးသူရ၊ (၂၁)နှစ်တို့ (၃)ဦးအား ထိန်းသိမ်း
ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား ရှာဖွေစစ်ဆေးရာ မင်းမင်း(ခ)သိန်းထွန်းမင်းထံမှ Levis တံဆိပ်ပါ ခေါက်ပိုက်ဆံအိတ်အတွင်းမှငွေကျပ်(၂၄၅၀၀၀)နှင့် 
ဆင်းကတ်ပါ Honor U 10 လက်ကိုင်ဖုန်း ၁ လုံး ကိုလည်းကောင်း၊ ပြည့်ဖြိုးအောင်ထံမှ Star Clubတံဆိပ်အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ
ဆင်းကတ်ပါကီးပက်လက်ကိုင်ဖုန်း ၁ လုံးကိုလည်းကောင်း၊ စိုးသူရထံမှ ငွေကျပ်(၄၀၀၀)ကို လည်းကောင်း တွေ့ရှိရပြီး ၎င်းတို့ပစ်ချခဲ့သည့် အထုပ်နှင့်ပတ်သက်၍ အတည်ပြုစစ်မေးနိုင်ရန် အဆိုပါနေရာသို့
ခေါ်ဆောင်၍ အထုပ်အားရှာဖွေစစ်ဆေးရာ ၎င်းပစ္စည်းထုပ်မှာ တစ်သျှူးစ ၂ စဖြင့် ပတ်လျက် အဖြူရောင်ကပ်ခွာအိတ်ဖြင့် ထုပ်ထားသော WYစာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၅ ပြားကိုတွေ့ရှိသိမ်းဆည်းရမိ
ခဲ့ပါသည်။

ယင်းသို့ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မင်းမင်း(ခ)သိန်းထွန်းမင်း၊ ပြည့်ဖြိုးအောင်နှင့် စိုးသူရတို့ (၃)ဦး အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ ရဲစခန်း မယ(ပ)၄/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော
ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆/(ဂ)/၂၀(က)/၂၁ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။


posted from Bloggeroid

No comments:

Post a Comment