တောင်ကုတ်မြို့ ကိုင်းရှည်တံတားအောက်တွင် လက်ပြန်ကြိုး တုပ်၍ အလောင်းတလောင်း တွေ့ရှိ။
~•~•~•~•~•~•~~~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
ရခိုင်ပြည်နယ် တောင်ကုပ်မြို့ ကိုင်းရှည်တံတားကြီး အောက်တွင် ယနေ့ နံနက် ၇ နာရီခန့်က လူငယ်တစ်ဦးအား လက်ပြန်ကြိုး တုပ်လ

ျှက် အလောင်းတလောင်း တွေ့ရှိသည်ဟု တောင်ကုတ် စခန်းမှ သိရှိရပါသည်။
သေဆုံးလျှက် တွေ့ရှိသူမှာ တောင်ကုတ်မြို့ ဂူတာ တံတားဦးတွင် နေထိုင်သူ ဒေါ်လှရွှေ၏သား မောင်သာထွန်း ( ၂၄ ) ဆိုသူ ဖြစ်သည်။
သေသူသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ တွင် အသတ်ခံရသည်ဟု သိရပြီး မည်သူမည်ဝါ သတ်သည်ကို မသိရှိရသေးပဲ စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရပါသည်။
သတင်း။ ဝဏ္ဏခွာညို
ဓါတ်ပုံ။ U Aung Naing
Via Han Ko

posted from Bloggeroid
No comments:
Post a Comment