Sunday, February 14, 2016

ကြော်ငြာသတင်း

-- စင်္ကာပူ-
စင်္ကာပူ နိုင်ငံဟာ ကမ္ဘာအရပ်ရပ်ကို ဆက်သွယ်နိုင်ငံတဲ့ အချက်အချာ ကျတဲ့ အရှေ့တောင်အာရှရဲ့ကျွန်းနိုင်ငံ တစ်ခု ဖြစ်ပါတယ်။ စီးပွားရေး၊ငွေကြေး နဲ့ ပို့ဆောင်ရေးတို့အတွက် အဓိက ကျတဲ့ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

စင်္ကာပူ နိုင်ငံဟာ ၎င်းရဲ့ ပထမဆုံးသော ၀န်ကြီးချုပ် လီကွမ်ယု ဦးဆောင်မှု ဖြင့် ဆယ်စုနှစ် ၃ ခု အတွင်း ကမ္ဘာ့ နံပါတ်တစ် စီးပွားရေး နိုင်ငံတစ်ခု သို့ အလျင်အမြန် ရောက်ရှိ ဖြစ်တည်လာခဲ့ပါတယ်။ သန့်ရှင်းသပ်ရပ်မှု၊ စည်းကမ်းကြီးမှု၊ ပြည်သူများအတွက် သွားလာရလွယ်ကူစေသော ကောင်းမွန်တဲ့ Public Transportation ရှိခြင်းတို့ကြောင့်လည်း အရှေ့တောင်အာရှ ၏ ထိပ်တန်း နိုင်ငံစာရင်းမှာ ရပ်တည်နေနိုင်တာပါပဲ။

အကျင့်ပျက်ခြစားမှု ကို အပြင်းအထန် အရေးယူခဲ့ပြီး သန့်ရှင်းတဲ့ အစိုးရတစ်ခု ကိုတည်ဆောက်နိုင်ခဲ့တဲ့ ၀န်ကြီးချုပ် လီကွမ်ယု နှင့် ၎င်းရဲ့အစိုးရ အဖွဲ့ဝင်များ ရဲ့ ကျေးဇူးကြောင့် ယခု အခါမှာ စကာင်္ပူ နိုင်ငံဟာ အကျင့်ပျက်ခြစားမှုကင်းရှင်းတဲ့ အစိုးရ အဖြစ်ကမ္ဘာ မှာ မျက်နှာ ပန်းလှလျက်ရှိပါတယ်။

ဒီလိုနိုင်ငံရေး၊စီးပွားရေး တို့မှာ အထင်ကြီးလေးစားစရာကောင်းသလို IT နည်းပညာ ပိုင်းမှာလည်း မြင့်မားလွန်းလှပါတယ် ။ ဒါ့အပြင် ဗိသုကာ ပညာ တွင်လည်း ခေတ်မှီ ပြီး အမြင်ဆန်းလွန်းလှတဲ့ Marina Bay Sands ကဲ့သို့သော အထပ်မြင့် ဟိုတယ်ကြီးများ နဲ့ အတူ နာမည်ကျော် Sentosa Island Resort တို့ကလည်း ကမ္ဘာကျော် ပြီး ကမ္ဘာလှည့်ခရီးသွား များ ကို ဆွဲဆောင်နိုင်နေပါတယ်။
Flower Dome လိုမျိုး ပန်းပေါင်းအစုံ ကို တစ်နှစ်ပတ်လုံး (ဂီတသံဖြင့်လည်းကောင်း၊ နေရောင်ခြည် မရှိဘဲ ဖြင့်လည်းကောင်း) စိုက်ပျိုးထားနိင်ပြီး၊ Cloud Forest တွင်လည်း အမြဲစိမ်း တောအုပ် အဖြစ်ဖန်တီးထားပြီး လူလုပ် ရေတံခွန် တို့ ကိုပါ ထည့်သွင်းပြသ ထားတဲ့ အတွက် သွားရောက်လည်ပတ် သူများအတွက် အသစ်အဆန်းဖြစ်နေပြန်ပါတယ်။
Universal Studio Singapore (USS) ဆိုလျှင်လည်း တစ်နေကုန် အောင်ဆော့ကစာရင်းအပန်းဖြေနိုင်တဲ့ အတွက် လည်း နိုင်ငံတကာ ခရီးသွားများ အကြိုက်ဖြစ်ပါတယ်။
Shopping ထွက်ဖို့ရန် အလွန်ကောင်းတဲ့ Orchard Shopping Area ဆိုလျှင်လည်း နိုင်ငံတကာ Branded များကို တစ်နေရာတည်းဝယ်ယူနိုင်တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒီလို နာမည်ကြီးလွန်းလှတဲ့ စင်္ကာပူ နိုင်ငံ သို့ အလည်တစ်ခေါက် သွားရောက်ချင်တယ်ဆိုရင် ဖြင့် အစစအရာရာ တာဝန်ယူပြီး ခေါ် ဆောင်သွားပေးမယ့် #maingfongtravels ရဲ့ April စင်္ကာပူ ခရီးစဉ် ကို ဆက်သွယ်စုံစမ်းဖို့ ရန် သတင်းကောင်းပါးအပ်ပါတယ်။

ခရီးစဉ်အတွက် အသေးစိတ်အချက်အလက်များ ကို #maingfongtravels သို့ ဖုန်းဖြင့်ဆက်သွယ်၍ ဖြစ်စေ comment တွင် Email (သို့) ဖုန်းနံပါတ်ချန်ထားလျှင် ဖြစ်စေ အမြန်ဆုံးပြန်ဆက်သွယ်ပြီး ဖြေကြားပေးသွားပါမည်။

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
Maing Fong Travels
ရန်ကုန်ရုံးချုပ် (၃၈ လမ်း)
အမှတ် ၂၇၊ ၅ လွှာ၊ ၃၈ လမ်း၊ အောက်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၁-၃၈၀၂၁၁/ ၀၁-၃၇၆၆၇၁။ ၀၉-၂၆၂၄၀၈၈၈၁~၆။

ရန်ကုန်ရုံးခွဲ (ဗဟန်း)
အမှတ် ၄၅၉(ဘီ)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉-၂၆၂၁၉၉၉၉၂~ ၈။

posted from Bloggeroid

No comments:

Post a Comment