ဆောင်းတွင်းအေးလို့ 
--------
ဆောင်းတွင်းအေးလို့  အိမ်ပြင်တောင်မထွက်ပဲ
အနွေးထည်အထပ်ထပ်ဝတ်စောင်ကို တစ်ကိုယ်လုံးပတ်
နဖူးနဲ့ ဒူးကွေးနေအောင် ချမ်းနေကြတဲ့အချိန်မှာ
သူတို့ တွေ တစ်တောဝင်တစ်တောင်တက်လို့ 
ယူနီဖောင်းအင်္ကျီအပေါ်က အနွေးထည်ခပ်ပါးပါးလေးထပ်ကာ
ခရီးပြင်းကို ချီတက်နေကြတယ်
ဆောင်းတွင်းအေးလို့  ရေချိုးရမှာ တွန့် ဆုတ်တွန့် ဆုတ်နဲ့ 
ရေနွေးလေးရောပြီး စပ်ချိုးနေကြတဲ့အချိန်မှာ
သူတို့ တွေ ချောင်း/မြောင်းတွေကို ဖြတ်လို့ 
ခြေအိတ်စိုစို ဖိနပ်စိုစိုကို တစ်နေကုန်ဝတ် နှင်းတောထဲကို
တိုးကာ အအေးဒဏ်ကို အံတုနေကြတယ်
ဆောင်းတွင်အေးလို့  မီးဖိုဘေးနား လက်ကလေးကင်၊
ခြေထောက်ကလေးကင်လို့  အနွေးဓါတ်ကို ယူနေကြတဲ့အချိန်မှာ
သူတို့ တွေ အမိုးအကာမရှိ ရောက်ရာအရပ် ကျောခင်းဖို့ အရေး
ကျောပိုးအိတ်ဖြေ ပါးလွှာတဲ့ စောင်လေး ကိုယ်မှာပတ်လို့ 
မီးဖိုဖို့  နေနေသာ ဖယောင်းတိုင်ထွန်းရင်တောင် ရန်သူသိမှာစိုးကာ
တစ်ယောက်နဲ့ တစ်ယောက်ပူးလို့  အနွေးဓါတ်ကို ရှာရင်း
ဆောင်းရာသီရဲ့ ချမ်းအေးမှုကို အံကိုတင်းတင်းကြိတ်ကာ ကျော်ဖြတ်နေကြတယ်
ဆောင်းတွင်းအေးလို့  ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှား
ကျန်းမာရေးလေးလုပ်ပြီး အအေးမပတ်အောင် လုပ်နေကြတဲ့အချိန်မှာ
သူတို့ တွေ ကြက်တွန်ချိန်မရောက်ခင် ကျောပိုးအိတ်သိမ်းလို့ 
နှင်းတစ်ဖောက်ဖောက်ကြား နှင်းတွေစိုလဲ ဂရုမစိုက်အား
နဖူးကချွေး ခြေမကျအောင် မိုင်ပေါင်းများစွာ ခြေလှမ်းပြင်းပြင်းနဲ့ 
လိုရာခရီး လျောက်ဖို့ အရေး ခရီးပြင်းကို နှင်နေကြတယ်။
ဆောင်းတွင်းအေးလို့  ထမင်းပူအောင်၊ဟင်းပူအောင်
လုပ်ပြီး ဝမ်းထဲကအအေးဓါတ် ပျောက်အောင် လုပ်နေကြတဲ့အချိန်မှာ
သူတို့ တွေ အေးခဲထမင်းတုံးကို အဆီခဲဟင်းနဲ့ ရောလို့ 
မနက်ဖြန်များအတွက် အားအင်ပြည့်ဖို့  မြိန်ရည်/ရှက်ရည် စားနေကြတယ် ..
ဆောင်းတွင်းအေးလို့  လူတိုင်းကိုယ်စီကိုယ်စီ
အအေးဓါတ်ကို တွန်းလှန်နေတဲ့အချိန်မှာ
သူတို့ တွေ နှင်းတွေစိုတဲ့ တောထဲ/တောင်ထဲ
သွားလာလှုပ်ရှားနေကြတဲ့ အမောင်စစ်သားကြီးတွေ
ရှိတယ်ဆိုတာ သိနေခဲ့ရင်.. သင်တို့ ရော သူတို့ နေရာမှာ သာဆိုရင် ဆိုတဲ့
အတွေးလေး ခေါင်းထဲထည့်ပြီး ကိုယ်ချင်းစာကြည့်လိုက်ပါ..
မနက်ဖြန်တိုင်းဟာ အမိမြေကို ကာကွယ်ဖို့  ကျော်ဖြတ်နေရသူတွေအတွက်
ဘယ်လောက်ခက်ခဲ၊ကြမ်းတမ်း၊ပင်ပန်းနေမယ်ဆိုတာ
နားလည်လာပါလိမ့်မယ်...
-
-
မောင်ဗေဒါ

posted from Bloggeroid
No comments:
Post a Comment