Tuesday, February 16, 2016

တောင်သမန်အစိမ်းရောင်မြို့တော်

တောင်သမန်ကျေးရွာအုပ်စုအတွင်း၌ တောင်သမန်အစိမ်းရောင်မြို့တော်စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက် မည်
မန္တလေးခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်ကျေးရွာအုပ်စုအတွင်း၌ တောင်သမန်အစိမ်းရောင်မြို့တော်စီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားပြီးဖြစ်သလို ဒေသခံများနှင့် ဒုတိယအကြိမ်မြောက်တွေ့ဆုံပွဲကို ထန်းတောကျေးရွာ၊ရွှေဘုံသာကျောင်းတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းက ပြု လုပ်ခဲ့ကြောင်း သိရသည်။
“တောင်သမန်ကန်ပတ်လည်မှာ နေ့ရောညပါ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပလာစေဖို့၊ လူနေထူထပ်လာတာနဲ့အမျှ အ ဓိက လိုအပ်ချက်ဖြစ်တဲ့ လူနေအဆောက်အဦတွေကို မျက်စေ့ပသာဒဖြစ်စေဖို့၊ မန္တလေးမြို့တော်ကို နိုင်ငံတကာအဆင့်မီ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ အစိမ်းရောင်မြို့တော် ဖြစ်ပေါ်လာစေဖို့အပြင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ကျန်း မာရေး၊ လူမူရေး၊ စီးပွားရေးတွေအပါအ၀င် တောင်သမန်အင်းကြီးရဲ့ ရေဆိုးရွားနေတာတွေကို နိုင်ငံတကာအဆင့်မြှင့်နည်း ပညာများနဲ့ သန့်ရှင်းသာယာလှပတဲ့ ကန်ကြီးဖြစ်အောင် ပြုပြင်ဆောင်ရွက်အလှဆင်ပြီး နိုင်ငံခြားခရီးသည်တွေကို ပိုမို ဆွဲဆောင်နိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီမံကိန်းကို အများအကျိုး အဓိကထားပြီး ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားပါမယ်”ဟု မန္တလေးအစိမ်းရောင်မြို့တော်အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ director ဦးရဲမင်းသူက ပြောသည်။
အဆိုပါစီမံကိန်းကို မန္တလေးအစိမ်းရောင်မြို့တော်အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး တောင်သမန်ကန်ပတ်လည်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ၂၄နာရီ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပစေရန်၊ တောင်သမန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလူထု၏ လိုအပ်မှုများ၊ လမ်းပန်းဆက်သွယ်ရေးများ၊ အလုပ် အကိုင်အခွင့်အလမ်းများကို အဓိက ဦးစားပေးဖန်တီးပေးသွားမည့် စီမံကိန်းတစ်ခုဟု သိရသည်။
“ကိုယ်ဒေသဖွံဖြိုးရေးအတွက် လာလုပ်ပေးတာဟာ ဒေသခံတွေဖွံဖြိုးဖို့အတွက်ဆိုတာ ဘုန်ကြီးယုံကြည်ပါတယ်၊ ဒါကြောင့် ဘုန်ကြီးအနေနဲ့ မိန်ကြားခြင်တာက တည်ဆောက်ရေးလုပ်ငန်းတွေ အောင်မြင်အောင်လုပ်ဆောင်ခြင်း၊ နောက်ပိုင်းကာလ မှာ အရှည်တည်တံ့စေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လင်းလာပြီး အရှည်သဖြင့် တိုးတက်ရေးတွေ ဖြစ် ပေါ်လာစေမှာ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်၊ ဒီစီမံကိန်းကနေ ဒေသခံတွေအတွက် အလားအလာကောင်းတွေ ရရှိစေမှာ ဖြစ်တာကြောင့် စီမံကိန်းကို "တ"သုံးလုံးကျန်စေသည့်လုပ်ငန်းလို့ မြင်မိပါတယ်”ဟု ရွှေဘုံသားကျောင်းဆရာတော်က မိန်ကြားသည်။
ယခုစီမံကိန်းကို အကောင်အထည်ဖော်မည့် ကုမ္ပဏီကို မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ တိုင်းရင်းသားလုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းပြီး စီမံကိန်းစတင်ချိန်တွင် ဧက ၃၀အကျယ်တွင် အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းကာလတွင် ဒေသခံများပူးပေါင်းပါဝင်လိုပါက ပါဝင်နိုင်စေရန်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ စီမံကိန်းပြုလုပ်မည့် မြေနေရာများကို ကာလသတ်မှတ်ပေါက်ဈေးအတိုင်း ဒေသခံများထံမှ ၀ယ်ယူထားပြီးဖြစ်သ လို မန္တလေးမြို့တော်အား အစိမ်းရောင်မြို့တော်ဖြစ်လာစေရန်နှင့် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြု လုပ်ခြင်းဟု သိရသည်။
“ဒီစီမံကိန်းကို အကောင်အထည်ဖော်ဆောင်မယ့် ကုမ္ပဏီက နိုင်ငံရေးနဲ့ကင်းရှင်းတဲ့အဖွဲ့အစည်းဖြစ်တာကြောင့် စီမံကိန်း ခွင့်ပြုပေးနိုင်ဖို့အတွက် လက်ရှိအစိုးရလက်ထပ်မှာ မရရှိခဲ့ရင်တောင် နောက်အစိုးရလက်ထပ်မှာ ခွင့်ပြုပေးနိုင်အောင် လုပ် ဆောင်သွားပါမယ်၊ ပြဌာန်းထားပြီးတဲ့ ဥပဒေဘောင်အတွင်းကနေပဲ လုပ်ထုံလုပ်နည်းတွေအတိုင်း အဆင့်ဆင့်လုပ်ဆောင် သွားမှာ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ခွင့်ပြုပေးနိုင်မယ့် စီမံကိန်းဖြစ်ပါတယ်၊ ကျွန်တော်တို့က ဒေသဖွံ့ဖြိုးရေးကို ဦးတည် တာကြောင့် ဒေသခံတွေရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာစေဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေ များများရရှိစေဖို့၊ စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာစေဖို့၊ နည်းပညာပိုင်းတွေ ရရှိစေဖို့အတွက် လုပ်ဆောင်ပေးသွားမယ်၊အဓိကရည်ရွယ်ချက် ကတော့ အစိမ်းရောင်မြို့တော်ဖြစ်လာဖို့အတွက်ပါပဲ”ဟု မန္တလေးအစိမ်းရောင်မြို့တော်အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ ဥက္ကဌ မန်းမြန်မာဦးသန်းဝင်းကပြောသည်။
ယခုစီမံကိန်းသည် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၏ အခန်းကဏ္ဍအား ပံ့ပိုးပေးမည့်အစီအစဉ်များအပြင် တောင်သမန်အင်းရေနှင့် ပက်သက်၍ ဂျပန်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို စီမံကိန်းမှ ထွက်ရှိလာ မည့် ရေဆိုးများကို အင်းအတွင်းမရောက်ရှိအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုရှိလာမည်မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အထောက်အကူဖြစ်စေမည့် စီမံကိန်းဟုသိရသည်။
“ကျွန်တော်တို့ တောင်သမန်ဒေသဟာ မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နမိတ်မှာရှိနေပေမယ့် တောမကျ၊ မြို့မကျ အခြေအနေပဲရှိပါသေးတယ်၊ ရတနာပုံတက္ကသိုလ်ကြီးကို ဖွင့်လှစ်ပေးခဲ့တဲ့အတွက် ဒေသခံတွေအလုပ်အကိုင်အခွင့် အများ ကြီးရခဲ့ကြပါတယ်၊ အဲဒီလိုပဲ အခုစီမံကိန်းကလည်း ဒေသခံတွေအတွက် အများကြီးအကျိုးရှိလာမယ်လို့ မြင်ပါတယ်၊ ဒီစီမံ ကိန်းကို ဒေသခံတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်”ဟု တောင်သမန်ကျေးရွာအုပ်စု၊အိုးဘိုကျေးရွာမှ ဦးကျော်ထွန်းက ပြောသည်။
မန္တလေးအစိမ်းရောင်မြို့တော်အများနှင့်သက်ဆိုင်သောကုမ္ပဏီသည် အများပိုင်ကုမ္ပဏီအဖြစ်ဖွဲ့စည်းထားသောကြောင့် ဒေ သခံပြည်သူများနှင့် ၀င်ငွေနည်းပြည်သူများပါဝယ်ယူရရှိနိုင်စေရန်အတွက် (ခ)အုပ်စု အစုရှယ်ယာများကို နောက်ပိုင်းကာ လတွင် ရောင်းချပေးသွားနိုင်ရန် အစီအစဉ်ရှိပြီး အစုရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အစုရှယ်ယာပေါင်း ၁၄၇၀၀၀ အထိ ရောင်းချပေးသွားမည်ဟု သိရသည်။
နန္ဒကိုကို

posted from Bloggeroid

No comments:

Post a Comment