NLD က ဦးစီးမည့် အမျိုးသားကျန်းမာရေး ကော်မတီတရပ် ဖွဲ့စည်းမည်
===================
===================
မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ကို ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် NLD က ဦးဆောင်မည့် အမျိုးသားကျန်းမာရေးကောမတီတရပ်ကို

ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါ ကော်မတီသည် ကျန်းမာရေးဝန်ကြီးနှင့် အစိုးရကို ပြည်သူ့ ကျန်းမာရေးဝန်ဆောင်မှုရေးရာကိစ္စများ အကြံဥာဏ်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးသည် အမျိုးသားကျန်းမာရေးကော်မတီနှင့်တိုင်ပင်၍ သာ ပြည်သူ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း NLD အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
အဆိုပါ ကျန်းမာရေးကော်မတီတွင် ယခင် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်၊ ဒေါက်တာတင်မျိုးဝင်းတို့ အပါအ၀င် ယခင် အစိုးရတာဝန်ရှိသူတချို့ ပြန်လည် ပါဝင်ဖွယ်ရှိကြောင်း သိရှိရသည်။
============
The Irrawaddy (Burmese Version)
ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆

posted from Bloggeroid
No comments:
Post a Comment