Sunday, February 14, 2016

ဒေါ်စုကဒီလိုပြော

``လွှတ်တော်ဆိုတာ နပန်းလုံးရမယ့်ကြိုးဝိုင်းမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော´´

=========================
=========================

ဒေါ်အောင်ဆန်းစုကြည်က
``လွှတ်တော်ဆိုတာဟာကိုယ်စားလှယ်တစ်ဦးချင်း တစ်ဦးချင်း ကိုယ့်အတွက်အသုံးချဖို့စင်မြင့်လည်းမဟုတ်ပါဘူး၊ရာထူးနေရာရဖို့အတွက်ခုတုံးလှေခါးထစ်လည်းမဟုတ်ပါဘူး၊သဘောထားမတူညီတဲ့ ပုဂ္ဂိုလ်များအကြားမှာ နပန်းလုံးဖို့ကြိုးဝိုင်းလည်းမဟုတ်ပါဘူး။သည်နေရာဟာကျွန်မတို့ အားလုံးဝိုင်းဝန်းပြီးနိုင်ငံနဲ့ပြည်သူ့အကျိုးကိုအတတ်နိုင်ဆုံးထမ်းဆောင်ရမယ့် နေရာဖြစ်ပါတယ်။´´ လို့ လွှတ်တော် ဝန်းသဘင်ဆောင်မှာပြုလုပ်နေတဲ့ ဒုတိယအကြိမ်လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် လွှတ်တော်လုပ်ငန်းစဉ်များရှင်းပြခြင်းအစီအစဉ်ဖွင့်ပွဲရဲ့အဖွင့်မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

ပါကစ္စတန်၊ဘူတန်၊တောင်ကိုရီးယားစတဲ့ ပြည်ပနိုင်ငံတွေက လွှတ်တော် အတွေ့ကြုံရှိတဲ့ အကြီးအကဲတွေနဲ့ ကိုယ်စားလှယ်တွေ က ဦးဆောင်ရှင်းပြပေးသွားမှာဖြစ်ပြီး သည်သင်တန်းကြ့ပည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအားလုံးတက်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်။

အဲ့သည်အစီအစဉ်ကငါးရက်ကြာကျင်းပသွားမှာဖြစ်ပြီး
ကိုယ်စားလှယ်များရဲ့တာဝန်ဝတ္တရား၊ထိန်းသိမ်းအပ်တဲ့ ကျင့်ဝတ်သိက္ခာတွေ၊လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေနဲ့ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကို ရှင်းပြပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

===============

ဖေသက်ထက်ခင်

Kumudra

ဖေဖဝါရီ ၁၅

posted from Bloggeroid

No comments:

Post a Comment