Tuesday, January 12, 2016

ရန်ကုန်မြို့တောင်ဘက်ငလျင်ငယ်နှစ်ခုဆက်တိုက်လှုပ်

ရန်ကုန် မြို့ တောင်ဘက် ပိုင်း ပင်လယ် ကမ်းခြေ ကို ဗဟို ပြုလို့ မနေ့ ညဦးပိုင်း ဒေသ စံတော် ချိန် ၉ နာရီ ခွဲဝန်းကျင် မှာ ငလျင် ငယ် နှစ်ခု ဆက်တိုက် လှုတ် ခတ် ခဲ့ ပါတယ်။

လက်ခုတ်ကုန်း ကမ်းခြေ တဝိုက် ကို ဗဟို ပြုပြီး ည ၉ နာရီ ခွဲ မှာ ပြင်းအား ပမာဏ ၄.၈ ရှိတဲ့ ငလျင်ငယ် တစ်ခု ပထမ လှုတ်ခတ် ခဲ့ပြီးတဲ့နောက် ၊ ၁၅ မိနစ်အကြာ မှာ ပြင်းအား ၃.၈ ရှိတဲ့ နောက်ဆက်တွဲ ငလျင် လှုတ်ခတ် ခဲ့တယ် လို့

မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ အဖွဲ့ က ထုတ်ပြန် ပါတယ်။

ငလျင် လှုတ် ခတ် ခဲ့ အပြီး မှာ ရန်ကုန် မြို့ ပေါ် မှာ နေထိုင် သူတွေ က သူတို့ အနေနဲ့ ငလျင် ဒဏ်နဲ့ တုန်ခါ သွား ခဲ့မှု ကို သိရှိ လိုက် ကြတယ် ဆိုပြီး အင်တာနက် လူမှု ကွန်ရက် စာမျက်နှာ တွေ ထက် ရေးသား လာခဲ့ ပါတယ်။

posted from Bloggeroid

No comments:

Post a Comment