မိဘပြည်သူ ဆွေတော်မျိုးတော်အပေါင်း သူတော်ကောင်းတို့ခင်ဗျား . . .
ကျွန်တော်ရဲ့စာအုပ်လေးကို ဘဘ ဦးကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ သရ၀ဏ်(ပြည်)၊ တို့ရဲ့အမှာစာနဲ့အတူ ခွန်လေးလုံး စာပေဖြန့်ချီရေး ရန်ကုန်မှ တစ်ပြည်လုံးကို ဖြန့်ချီလိုက်ပါပြီခင်ဗျာ . . .
ဒီစာအုပ်လေးဟာ ကျွန်တော်ရဲ့ ပထမဆုံးစာအုပ်လေးဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးအတွက် ပြည်သူတစ်ယောက်ရဲ့ခံစားချက်နဲ့ ကျွန်တော်ဥာဏ်မှီသလောက် ရေးထားတဲ့ ဆောင်းပါးလေးတွေဖြစ်ပါတယ်။
ကျွန်တော်စာအုပ်ကို ကောင်းပါတယ်လို့တော့ မညွန်းလို့ပါ။ ဒါပေမယ့် မိတ်ဆွေပေးလိုက်ရတဲ့ ဘီယာတစ်လုံးစာ၊ ကော်ဖီတစ်ခွက်စာ ငွေကြေးထက်မကသော အသိအမြင်ဗဟုသုတတော့ ပြန်ရမယ်လို့တော့ အာမခံပါတယ်။
ဒီစာအုပ်နဲပတ်သတ်ပြီး မိတ်ဆွေ စိတ်ကျေနပ်စေမယ့်နောက်တစ်ချက်ကတော့ ဒီစာအုပ်မှာ ဒို့တာဝန်အရေးသုံးပါးတို့ ပြည်သူ့သဘောထားတို့ နိုင်ငံရေးဦးတည်ချက်တို့ လုံးဝမပါပါ။
ကဲ . . . အားပေးကြပါအုံးခင်ဗျာ။ အမေအိမ်ဂရံလေး ပြန်ရွေးပေးနိုင် မပေးနိုင်ဆိုတာ လူကြီးမင်းတို့အပေါ်မှာ မူတည်နေပါတယ်။
မှတ်ချက် = စာအုပ်ထွက်သည့်နေ့တွင် မည်သည့်နေရာတွင်မှ လက်မှတ်ထိုးပွဲမလုပ်ပါ။
တိုင်းပြည်အတွက် ဓားကောင်းတစ်လက်မဖြစ်ခဲ့ပေမယ့် ကလောင်ကောင်းတစ်လက်ဖြစ်ဖို့ ကျိုးစားသွားပါမယ်လို့ ဂတိပြုပါတယ်။
အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ. . .
- ကျော်ကြီး (MDY)
(၀ိုင်းဝန်းပြီးထပ်မံ ကြေငြာပေးကြပါအုံး ချစ်သောမိတ်ဆွေ အပေါင်းအသင်းရောင်းရင်း တို့ခင်ဗျား)

posted from Bloggeroid
No comments:
Post a Comment