Saturday, January 16, 2016

ရနောင်းလူသတ်မှု

ရနောင်းလူသတ်မှု ရုံးထုတ်၊ ကလေး ၂ ဦးကို နေရာပြောင်း
=====
ရနောင်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာ ၄ ဦးအမှုမှာ ဒီနေ့ တရားရုံးက အသက် ၁၅ နှစ်အရွယ် မိုးဇင်အောင်နဲ့ ကျော်စိုးဝင်းတို့ကို ရုံးထုတ်ပီး စစ်ပါတယ်။ ရနောင်းခရိုင်တရားသူကြီးက ထိုင်းရဲတွေကို နောက်ထပ် ၉ ရက်အတွင်း လုံလောက်တဲ့ စွပ်စွဲချက်မတင်နိုင်ရင် အသက်မပြည့်တဲ့ ဒီကလေး ၂ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ သူတို့ကို ကလေးထိန်းသိမ်းရေးဂေဟာကို ဒီနေ့ ပြောင်းထားလိုက်ပါတယ်လို့ မိုးဇင်အောင်ရဲ့ မိခင် ဒေါ်အိအိမိုး က ပြောပါတယ်။ ကျန်တဲ့ အသက် ၂၀ အရွယ် ဝေလင်းနဲ့ စိန်ကတုံးကိုတော့ လာမယ့် တနင်္လာနေ့မှ ရုံးထုတ်မှာပါ။ ဒီနေ့ မထုတ်ပါ။

posted from Bloggeroid

No comments:

Post a Comment