သြောင်း ~~ကောင်းရော ~~ကောင်းရော
~~~~~~~~~~~~~~~~~~~~~~~~~~~~
တည်ဆဲ အစိုးရက မရိုးဖြောင့်  စွာ သိုဝှက် ဖုန်းဖိ ဖျောက်ကွယ်ထားတဲ့  ဧရာမ အမျိုးသားပိုင် ပစ္စည်း အလွဲသုံးစားမှုကြီးကို အရေးယူ ဆောင်ရွက်ပေးရန် တင်ကူးကြံရွယ် ချက်များဖြင့်  ပျက်ကွက်ခဲ့ သည့် အတွက် နိုင်ငံတကာ ဥပဒေ ကူညီဆောင်ရွက်ခြင်း ဆုရ ~~~

တရားလွှတ်တော် တရားရုံးချုပ် ရှေ့ နေကြီး ဦးရောဘက်စန်းအောင် နှင့် ဥပဒေပညာရှင်များ သို့  ကူညီမှုပေးပါရန် ညွှန်းဆို လျှက် ရွေးကောက်ပွဲ လက်ဆောင်အဖြစ် ထပ်မံ တင်ပြ ပေးအပ်ပါသည် ။
နီရဲတဲ့ သစ္စာသွေးနဲ့ - - - !
( နန္ဒာမိုးမြေ
ဒီ ဆောင်းပါး ဟာ တင်ပြ တိုင်ကြားပေမဲ့အာဏာရကြံ့ခိုင်ရေးပါတီအစိုးရ သမတ ဦးသိန်းစိန် ကက်ဘိနက် က အရေးယူး မပေး တဲ့ အတွက် အွန်လိုင်း မှ ပြည်သူတို့ ထံတင်ပြ တိုင်ကြား ခဲ့ ခြင်း ဖြစ်ပါသည် ။
ယ္ခု အခါ ဆောင်းပါး ပါ အာဏာအလွဲသုံးစားပြု ကိုယ်ကျိုးရှာခဲ့သည် ပြစ်မှု ပိုင်ရှင် က
လက်ရှိ အာဏာရ ပါတီစိမ်းကြီးရဲ့ လွှတ်
တော် ကိုယ်စားလှယ်လောင်းပါတဲ့ ပြည်သူအပေါင်းတို့ ~~~ သြောင်း ~~~
ကောင်းရော ~~ကောင်းရော ~~ဗျာတို့  ။
နီရဲတဲ့ သစ္စာသွေးနဲ့ - - - !
( နန္ဒာမိုးမြေ )
*စပါယ် လွယ်လွယ် ပွင့်ရင် လူတိုင်းမွှေးကုန်မှာ ပေါ့  မပန်းဝေ* တလောက…………..ပြည်ကြီးတန်ခွန်မြို့နယ်ထဲမှာ လမ်းမလွတ်လို့ တံတားဆောက်ဘို့  မလွတ်လို့  လမ်းဘေး ချောင်းဘေးတွေမှာ ခိုကပ်နေရတဲ့ သူတွေကို သက်ဆိုင်ရာက ဖယ်ရှားခိုင်းခဲ့ တဲ့ အဖြစ် ကိုတွေ့ ရပါတယ် ။ လမ်းဖေါက် တံတားဆောက်တာဟာ အလွန်ကောင်းမြတ်တဲ့ သူတော်ကောင်း အလုပ်ကို ဆောင်ရွက်ကြတာပါ ။ အဲဒီမြို့ နယ်ထဲမှာ သင်ပန်းကုန်းရွာမ ရပ်ကွက်ကို ပြည်ကြီးတန်ခွန် မြို့နယ်စတင်ဖွဲ့ စည်းခဲ့တဲ့  အချိန်ကစ နံပါတ်(၄)မြောက် နယ်ပိုင်အထိ ဖွံ့ ဖြိုးသာယာရေးကို ဆောင် ရွက်ပေးတာ လူရိုသေရှင်ရိုသေ ထောက်ပြစရာ မတွေခဲ့ရတဲ့ အထိပါဘဲ ။ နံပါတ်(၅) မြောက်နယ်ပိုင် လက်ထက်မှာ လမ်းဖေါက်တံတားဆောက် မြောင်းဆယ် မီးတိုင်စိုက် ရတုံးရခိုက်လုပ်ပိုင်ခွင့် လေး အတွင်းမှာ ဘက်စုံဖွံ့ ဖြိုးရေး လုပ်ဆောင်ပေးလို့  တိမ်သလ္လာဖုန်းရာက ရုံးထွက်လာတဲ့  ဖိုးရွှေလပမာ ဝမ်းသာာကြည်နူးစရာ စတင်တွေ့ လာရတာပါဘဲ ၊ သာဓု-သာဓု-သာဓု ပါအရှင်…။ ပြည်သူကိုပြည်သူ မှန်းသိသိ ဆက်ဆံဆွေးနွေး နွေးထွေးတဲ့ ဒီနယ်ပိုင်ကို ပြောင်းရွှေ့ သွားမှာကိုဘဲ သဝန်တိုလာမိတာ အမှန်ပါဘဲ ။ စက်ရုပ်နယ်ပိုင် မျိုးမဟုတ်ဘူး ၊ ဖိနှိပ်ပြစ်ပါယ် ကိုယ်ကျိုးရှာ သွားကြတဲ့ ယ္ခင်မြို့ နယ် အာဏာပိုင်တွေ အဆက်ဆက်အုပ်ချုပ်လာရာမှ နွေးထွေးတဲ့ အာဏာပိုင်များကိုတွေ့ လိုက်ရတဲ့ အခါ အံ့ သြမှုတွေနဲ့ အတူ မလှိုင်ကျွန်းပေါ်က နွားနို့ ရေတံခွန် အောက်မှာ ပျားရည် အဝသောက် လိုက်ရ သလို ခံစားလိုက်မိတယ် မပန်းဝေ ။ ဝမ်းသာ ဝမ်းနည်း ရယ်ပါ ။ ကိုနန္ဒာမိုးမြေ ပြောတာလွန်လှခြေရဲ့ မပြောနဲ့ အရင်အချိန်တွေက ဖိနှိပ်မှုတွေ အနိုင်ကျင့်မှုတွေ အပြစ်ရှာ တရားစွဲဆိုမှုတွေနဲ့ အပြင် တပ်မတော်အစိုးရက ကျေးရွာအတွက် မြေကွက်တွေချပေး လိုက်ပေမဲ့  တပ်မတော်ရဲ့  အရှိန်အဝါကို အခွင့် ကောင်းယူပြီး အာဏာပိုင်တွေ ကိုယ်ကျိုးရှာကြလို့  မြေကွက်များ ဆုံးရှုံးနေကြရကာ ဆင်းရဲဒုက္ခ မျိုးစုံခံစားရင်း တစ်ချို့ဟာ ချောင်းဘေး မြောင်းဘေး ခို ကပ်နေရာမှ အခုလမ်းဖေါက်လို့  မလွှတ်တဲ့အတွက် ရွှေ့ပေးကြရ ပြောင်းပေးကြရလို့ ကျူးမှကျူးသို့ ဒုက္ခလို သုဝဏ္ဏကျောမှာ ဒါဏ်ရာတွေ ဗလပွနဲ့  သူတွေရယ်ပါ မပန်းဝေရယ်…။ အပြစ်ပါယ်ခံဘဝက ခုချိန်ထိဘဲပြောပါတော့ ။ မြေကွက်တွေ ကိုယ်ကျိုးရှာ ယူထားကြလို့ တပ်ချုပ်ကြီး ထံတင်ပြတဲ့အတွက် ကျေးရွာရဲ့  ထိပ်တန်းခေါင်းဆောင် (၆) ဦးကို အမြစ်ပျတ် ချေမှုးရေးနဲ့ အတူ ကျေးရွာကို အမျိုးမျိုး ချိုးနှိမ်ခဲ့ ကြတော့တာ အခုနယ်ပိုင်ကြီးကြမှ အဆုံးသတ်တော့ တာပါ မပန်းဝေ။……..ကံကြီးလို့ ဗျ ကံကြီးလို့ …..ဘုရား ……. ဘုရား ….ဘုရား….။ ကျောက်စရာ ခိုးသားဓါးပြလို အရာရှို ဆိုးတွေကို ကံဆိုးလို့တွေ့ခဲ့ ရတာပါဘဲ မပန်းဝေ၊ လူကြမ်းမင်းသားတွေပါဘဲ ဟာ ။ နင့်  မို့လို့ပြောရအုံးမယ် သူငယ်ချင်း……………။ ကျူးဘဝရဲ့ဖြစ်ရပ်စုံစုံတွေထဲမှာ ကျူးဆိုပေမဲ့  အလကားကျူးလို့ မရခဲ့ပါဘူး ၊ အောက်ခြေ ရပ်ကွက် အုပ်ချူပ်သူတွေကို အဖိုးအခ ပေးကမ်းပြီးမှ နေခွင့်ရတာပါ အထူးသဖြင့် မြို့သစ်တွေမှာ ချောင်းဘေး လမ်းဘေး သံလမ်းဘေး ဓါတ်ကြိုးဘေး/အောက် တွေမှာကျူးခွင့် ရတာပါ ကျူးအစ အခြေခံအာဏာ ပိုင်များကပါ မပန်းဝေ ။ ကျူး ရင့်မာလာရင်မူလ စီမံကိန်းမှာ မြေပုံ ၊ မြေနေရာနဲ့ မူလရွှေ့ ပြောင်းရသူ စာရင်းဇယားတွေ မှာမပါဝင်ပေမဲ့  သက်ဆိုင်ရာဌာနနဲ့  ကြည်စေ အေးစေ အဆင်ပြေလိုက်ရင် မြေပုံ ၊ မြေနေရာ ချထား စာရရှိလာပြီး စည်ပင်နဲ့ပါဆက်ပြီး အေးမြကြည်လင်လိုက်ရင် မြေဂရမ်ရလို့ ကျပ် သိန်းရာ/ထောင် သောင်းချီ ရောင်းစားကာ လိုရင်းပန်းတိုင် ရောက်တော့ တာပါဘဲ၊ ဒီလိုနဲ့ ဒီလုပ်ငန်းဟာ ကုမ္မဏီ မှတ်ပုံတင် အခွန်ဆောင်စရာမလိုတဲ့  မန္တလေးမြို့ ကြီးရဲ့  ထုတ်လုပ်အား အကောင်းဆုံး ရောင်း အား အကောင်းဆုံးအဖြစ် စီးပွားရေးသ္မားပေါင်းစုံ၊ အရာရှိ (ကြီး လတ် ငယ်) ပေါင်းစုံ တတ်ကြွစွာ ပါဝင် ဆင်နွှဲနေကြလျှက်ရှိနေဆဲပါဘဲ မပန်းဝေ ၊ မင်းရဲ့ အကျင့် စာရိတ္တကို မထိမ်းသိမ်းလို့ ခိုး ဆိုး ခါး တွေလို ငွေရရင်ပြီးရောဆိုပြီး လုပ်စားခြင်ရင် သူတို့လို လိုက်လုပ်ပါလား မပန်းဝေ ၊ အကြီးပွားမြန်တယ် သူငယ်ချင်း …………။ ဟဲ..ဟဲ…။……..ရယ်စရာလဲ ကောင်းပါရဲ့ ….။ ကျူးရှင်းလင်းရေးဟာ ဥပဒေအရ လိုအပ်တာ မှန်ပေမဲ့ ရှင်းလင်းပြီးရင်လဲ မင်းကြီးတာထဲက လူကြီးမင်းများနဲ့ ၎င်းတို့ ရဲ့ မိသားစုဝင်များ အမည်အမျိုးမျိုးနဲ့  ဂရမ်ဖေါက်ကိုယ်ကျိုးရှာ ကြပါလိမ့်  ဦးမယ် ၊ ခုကိုဘဲ လူစည်ကားလို့  မြေနေရာကောင်းလာရင် ချောင်းဘေးသော မြောင်းဘေးသော ဓါတ် ကြိုးအောက်သောမရှောင် ၊ မြေဂရမ်နဲ့ တကွ အဆောက်အဦကောင်းကောင်း ရောက်လာတော့တာ ရွှေဖြစ်တဲ့ ရွှေမြေမန္တလေးရဲ ဓလေ့ ထုံးစံပါဘဲ ၊ ယဉ်ကျေးမှု အစဉ်အလာရယ်ပါ မပန်းဝေ ၊ (၅၈)လမ်း (၆၂) လမ်း (၅၅)လမ်း စတဲံ့ချောင်းဘေး ဝဲယာစတဲ့ နေရာကောင်းတွေလိုမျိုး လမ်းမကြီးတွေရဲ့ဘေး ကျူးစရာ မြေလွတ်တွေမှာ ဂရမ်မြေကွက်တွေ အဆောက်အဦတွေ စီးပွားရေးလုပ်ငန်းတွေ ဥုံဖွ ဆို ရောက်လာတာ အထင်းသားတွေ့ နိုင်ပါတယ် မပန်းဝေ ၊ ဘယ်က ဘာ့ ကြောင့် ဘယ်လို ဘယ်သူ့ အခွင့် အမိန့် နဲ့ မြေနေရာရရှိ ကြတာပါလဲ ?.သူတို့လို အများပြည်သူတွေကော ရပိုင်ခွင့် မရှိဘူးလား? ပရေံတော်ချောင်းကို အုတ်ရိုးနဲ့  တိုက်တည်သူကိုဘဲ တွေ့ နေရပါရဲ့ မပန်းဝေ ။ တည်ကြည်တဲ့ စစ်ဆေးရေးအဖွဲ့ တွေန့ဲ နိုးကြားတတ်ကြွတဲ့ သူတွေ (အလိုတော်ရိမဟုတ်သူတွေ) ပူးပေါင်းပြီး ကွင်းဆင်းစီစစ်ဘို့ လိုအပ်နေတာပါ ၊ အစိုးရကောင်းတို့ ရဲ့ တာဝန်ပါဘဲ ၊ ဒီလိုမသမာတဲ့  နည်းနဲ့  ကိုယ်ကျိုးရှာ ရယူထားတဲ့ မြို့ မြေကွက်တွေကို မန္တလေးစက်မှုဇုံတွေ မြိုသစ်ရပ်ကွက်ကြီးတွေ အချက်အခြာကျတဲ့ မြို့သစ်တွေ လမ်းမကြီး ဘေးတွေမှာ အမြောက်အများတွေ့  နိုင်ပါတယ် ။ မြရည်နန္ဒာက ရပ်ကွက်ရုံးနေရာနဲ့ ချမ်းမြသာစည် (၅) ဧကစိုက်ခင်း နေရာတွေဟာ တစ်ချိန်က မြက်ကောက် ပေါင်းရှင်း မြောင်းဆယ် သစ်ပင်စိုက် ရေလောင်း ပြုစုခဲ့တဲ့  အမျိုးသားရေး ကြွေးကြော် သံထဲက အမာခံရဲဘော်တို့ ရဲ့ရှေတန်း ကွင်းနေရာတွေပါ ၊ ဒါတွေဟာ ဒီနေ့တော့  (အာဏာကျူး+ စာရင်းကျူး+လူကျူး) လုပ်ဆောင်ကြတဲ့ နည်းဗျူဟာအရ အရာရှိတွေ အာဏာပိုင်တွေနဲ့  ယင်း တို့ရဲ့  အနွယ်အဆက်တွေ ကိုယ်ကျိုးစီးပွား အတွက် အသင့်လုပ်ဆောင် ပေးခဲ့ ကြရသလို ဖြစ်နေပြီုး အဲ ဒီနေရာတွေ မှာအခု ဘာတွေ ဖြစ်နေပြီလဲ? အမျိုးသားရေးလုပ်အားရှင်ဘဝမှ ကိုယ်ကျိုးစီးပွားရှာမှုရဲ့ ကျေးကျွန်တွေအဖြစ် နန္ဒာမိုးမြေနဲ့ အတူ အမျိုးသားရေး သွေး သောက် ရဲဘော် အမြောက်အများကျ ရောက်ခဲ့ ရတယ် မပန်းဝေ အမာခံလုပ်ဆောင်ခဲ့ ကြတဲ့ အမျိုးသား ရေးသ္မားတွေ ဖျံကျခံလိုက်ရတာ ပါဘဲကွာ ။ အောက်ခြေလူတန်းစား လယ်သိမ်း၊ ယာသိမ်း အိမ်ဖျက် တဲဖျက်နဲ့မို့ မြို့ တတ်ပြီး ကြုံရာကျဘမ်း လုပ်ကိုင် စားသောက်ကြရတဲ့  ခရိုနီကုမ္မဏီဘေးသင့် ဆင်းရဲသား လူငမွဲလေးတွေအဖို့ ဝက်တဲ လောက် ဘဲခြံလောက်လေး လွတ်တဲ့ နေရာမှာ ကျူးကျော် လူတန်းစား အဖြစ်နဲ့ မိမိ အသက်ကို ကာ ကွယ်ရင်း …….မျက်နှာမွဲမွဲ ကျူးတဲအိုအို လူထိုထိုရဲ့  မလိုတမာနှိမ်ချခံရာ ဘဝနဲ့  မြန်မာ့လူ့ဘောင်ရဲ့ အောက်ခြေ အလှကို သက်သေပြ နေကြရတာ ဒီနေ့ ဖြစ်ရပ်ပုံရိပ် တွေရယ်ပါ မပန်းဝေ ။ ဒီလိုဖြတ် သန်းနေရတဲ့ပြည်သူတွေဟာ နယ်ချဲ့ ဖက်ဆစ်တွေကို တော်လှန်ခဲ့စဉ်ကထက် ကိုးဆယ်ဆ သာလို့ ဆိုးနေခဲ့ ရပါပြီ့ ။ နင်းကျိုးနင်းကျွှံ ခောတ်ကြီးကို ဒို့ တစ်တွေ ကျော်ဖြတ်နေရတာပါ မပန်းဝေ ။ တကယ်တမ်း ကျူး ကျော်သူအစစ်က သူတို့ မဟုတ်ဘူး ကျူးအစစ်က ဒီလိုပါ ၊ ဒီလိုလူတွေက ဒီလီု ဒီလို ကျူး ကြတာပါ ၊ တပ်မတော်အစိုးရရဲ့ စီမံကိန်းအသီးသီးက မြေဧရိယာတွေကို အကြောင်း အမျိုးမျိုးပြပြီး ကိုယ်ကျိုးရှာ ရယူ ထားတဲ့ မြေကွက်ပိုင်ရှင် အာဏာပိုင်အကြီး+အသေး+ဌာနဆိုင်ရာအရာရှိ (အကြီး+ အသေး) အစိုးရကပ်ဖား စီးပွာရေး အချောင်သ္မား(အကြီး+အသေး) အာဏာပိုင်ဆွေမျိုးသားချင်း (အရင်း+ အဖျား) စစ်နဲ့စစ်အသိုင်းအ၀ိုင်း (အရင်း+အဖျား) ရဲ စစစ. ထောက်လှမ်းရေး မြေစာရင်းနဲ့ လုပ်ပိုင် ခွင့်ရတွေ (အကြီး+အသေး) စတဲ့ခပ်တည်တည်နဲ့ လူကြီးလူကောင်း တာဝန်ထမ်း ဆောင်နေကြတဲ့ မျက်နှာကြီး မသူတော်တွေ ကသာလျှင် ကျူးအစစ်များ ဘဲဖြစ်တယ် မပန်းဝေ ။ မြေနေရာချထားပေးတဲ့  အာဏာပိုင်တွေနဲ့ ပနာရတဲ့ သူတွေဟာ မြို့မြေကွက်တွေ ဒလဟော ရယူ ထားတာ ပြည်သူတွေသိကြပြီးပါ ၊ မနဲလှပါဘူး။ ဒီလိုလူတွေကသာ ကျူးတွေပါ ၊ ကိုယ်ကျိုးရှာ ဧရာမ ခြ တောင်ကြီးတွေပါ ။ ဒါတွေကို အရေးမယူတော့ ဘူးလား ? ပြည်သူတွေက မျက်ထောတ် နီနီ ရဲရဲနဲ့  ကြည့် နေကြလေရဲ့မပန်းဝေ……။ ///* တာဝန်ရှိသူတွေ မမြင်ပေမဲ့တာဝန်သိ တဲ့ပြည် သူတွေက မြင်နေရေ ပါပြီ ။ ///* တာဝန်ရှိတဲ့ သူတွေဘာမှမပြောပေမဲ့ တာဝန်သိတဲ့ ပြည်သူတွေက ပြောနေကြပါပြီ ။ ///* တာဝန်ရှိတဲ့သူတွေက အရေးမယူခြင်ပေမဲ့ တာဝန်သိတဲ့ပြည်သူတွေက အရေးယူခြင်နေပါပြီ။ ထိုထိုအဓမ္မ ကိုယ်ကျိုးရှာ မြေကွက်တွေ ညာခိုးပြီး ရယူထားတဲ့ သူတွေဟာ နိုင်ငံတော်ဖွံ့ဖြိုးရေး စီမံကိန်း တွေအရရွှေ့ ပြောင်းရတဲ့ နေရာတွေမှာ ဘာမြေ ဧရိယာကိုမှဆုံးရှုံး နစ်နာခြင်းမရှိဘဲ၊ ဘယ်တုံးကမှ နေထိုင်ခဲ့ ဘူးခြင်း မရှိပါဘဲနှင့် လူတွေတွင်မက စာရင်းဇယား တွေပါ ကျူးကျော်ပြီး မြေကွက်တွေရယူထား ကြတဲ့အဖြစ်ကို ဒီနေ့ ဖျက်သိမ်းဖယ်ရှားနေတဲ့ အဖြစ်နဲ့ နှိုင်းစာရင် ဥပဒေအရ လုပ်ဆောင် ရပါတယ်လို့ပြောဘို့ မပြည့်စုံနိုင်ပါဘူး ။ မဖြစ်နိုင်ပါဘူး ။ မတရားပါဘူး ။ ဥပဒေရဲ့ အကျိုးဆက်ဟာ တစ်ပြေးညီ သက်ရောက်စေတဲ့ အာနိသင်ရှိနေရမှာပါ ၊ အမျိုးအမည်မသိ ဥပဒေ တစ်ခုကြောင့် အမှန်တရား နဲ့ကျူးအစစ်ကို မသိနိုင်ပါသလား.? အရေးမယူ နိုင်ကြပါသလား.? (သိုမဟုတ်) ဆင်းရဲသား ပြည်သူတွေနဲ့ အာဏာပိုင်အသိုင်း အ၀ိုင်းရဲ့  အင်ပါယာဝင်တွေကြား မတူညီ တဲ့ အခွင့်အရေးခွဲခြားထား မှုရှိနေပြီလား.? လူဖြူလူမဲလဲခွဲခြားမှုမရှိ၊ လူမျိုးခြားလဲ အုပ်ချုပ်တာမဟုတ် ဘာ့ကြောင့်  ခွဲခြားမှုတွေရှိနေရလဲ စဉ်းစားကြည့်စမ်း မပန်းဝေ ။
ဒီမိုကရေစီ နိုင်ငံတော်သစ်ကို စေတနာသန့်သန့်နဲ့  တည်ဆောက်ပေး နေတယ်ဆိုတာ ဒါလား.? ဒို့များရဲ့ တည်ဆဲ ဥပဒေတွဟာ အရင်းအဖျား ခွဲခြားတဲ့ ဥပဒေတွေလား? ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတဲ့ လွှတ်တော်ရဲ့ ဧရာမအဓိပ္ပါယ် လေးနက်တဲ့စကားကြီး တစ်ခွန်းက ဘယ်ရောက်နေပြီလဲ? ပြည်သူကိုဗဟိုပြု လုပ်ဆောင်ရမယ်ဆိုတဲ့ ဧရာမ လူတည်ကြည် စကားကြီးတစ်ခွန်းလဲ ဘယ်လို အာနိသင်ဖြစ်နေပြီလဲ? ကျွန်တော်တို့ ပြည်သူတွေ အားတက်ခဲ့တဲ့ ဧရာမနိုင်ငံခေါင်းဆောင်တွေရဲ့ ရွှေထက်အဖိုးတန်တဲ့  အနိုင်းမဲ့ စကားကြီးတွေ ကွယ်လွန်အနိစ္စရောက် သွားကြပြီလား? တပ်မတော်ရဲ့ နိုင်ငံတော်တာဝန်ယူမှု/တပ်မတော်အရှိန်အဝါ နဲ့ သမိုင်းကြောင်းတန်ဘိုးကို အခွင့် ကောင်းယူပြီး ကိုယ်ကျိုးရှာခဲ့ ကြတဲ့ အရာရှိဆိုး ဝန်ထမ်းဆိုး ရုံးတွင်းသစ္စာဖေါက်တွေ ၊ နိုင်ငံတော် အလံတောာ်အောက်က ရုံးတွင်း အဖျက်သ္မား တွေကြောင့်  ပြည်သူတွေ ဆင်းရဲမွဲတေခဲ့ ရတာပါ ။ ဒါရဲ့အကျိုးဆက်က တည်ဆဲအစိုးရနဲ့ တပ်မတော် အစိုးရဂုဏ်သိက္ခာ ကျဆင်းစေခဲ့ ရတယ်။ ညစ်နွမ်း စေခဲ့ ရတယ် ၊ ပြည်သူနဲ့ တပ်မတော်အကြား ကလိန်ကကျစ်လုပ် ကိုယ်ကျိုးရှာကြတဲ့ အတွက် နုနယ် တဲ့ အခြေခံ့လူတန်းစားတွေ အမြင်စောင်းစေခဲ့ ရတယ်၊ ပြည်သူနဲ့  မြန်မာပြည်ထောင်စုရဲ့ ဂုဏf်သိက္ခာ နဲ့ ဂုဏ်ကြက်သရေကို ညှိုးနွမ်းစေတော့ တာပါဘဲ မပန်းဝေ။ အသရေ ပျက်တော့ တာပါဘဲ ။ တကယ်တမ်းကတော့  တပ်မတော်ဆိုတာ တိုင်းပြည်အတွက်မရှိမဖြစ်ဘူး ၊ ရှိမှဖြစ်မယ် ၊ ရှိရလိမ့်မယ် တပ်မတော်ကို ကာကွယ်ရေး စွမ်းရည်အပြည့် နဲ့ တည်ဆောက်ပြုစု ပျိုးထောင်ထားကြရမှာပါ ၊ ဒါကို လူထုတွေ သိနေကြတယ် ၊ တပ်မတော်အစိုးရနဲ့  တည်ဆဲအစိုးရပေါ် ပြည်သူ့အမြင် မကြည်လင် စေတာ ကတော့  ခြစားမှု/အာဏာအလွဲသုံးစားမှု/လာဘ်ပေး လာဘ်ယူမှုတွေ ကို မဖြေရှင်း မကိုင် တွယ်နိုင်ခြင်း တွေကြေင့် ပါဘဲ မပန်းဝေ ။ ဝမ်းနဲကျေကွဲစရာပါဘဲ ။ ကိုယ့် လူမျိုးကို မမုန်းနိုင်ဘူးဟ။ ပြောပြရမှာ ဒို့ တာဝန်ကွ ပန်းဝေမ ရ …။ ဒို့ ကတော့ ပြောပြရမှာဘဲ ။ ဒါ ဒို့ နိုင်ငံကွ….။ (၅) ကြိမ်တိုင်အောင် တင်ပြတိုင်ကြားခဲ့ပေမဲ့ ဒီနေ့အထိဘာမှအရေးယူမပေးတဲ့ အဖြစ်အပျက် တစ်ခုက မန္တလေးပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရွာကိုမြို့ကွက်ရိုက်စဉ်က လူကြီးပေါင်းစုံ ခွဲဝေပြီး မြို့  မြေကွက်တွေကိုဂိုဏ်းဖွဲ့ ကိုယ်ကျိုးရှာ ရယူထားတဲ့  (စာရင်းကျူး +အရာရှိကျူး + အာဏာကျူး ) မြေကွက်တွေပါ ၊ တကယ်တမ်းကြတော့  ဒီယူထားတဲ့ အရာရှိတွေ ဝန်ထမ်းတွေဟာ သင်ပန်းကုန်းရွာမှာ သူတို့ ပိုင်အိမ် / ဝိုင်းမြေ အိုးခြမ်းပဲ့  လောက်ဧရိယာ မျှမရှိတဲ့ သူတွေပါ ၊ ဒါ့  အပြင် လွတ်တဲ့မြေ ဧရိယာတွေကို မန်းစည်ပင်နဲ့ ပေါင်းပြီးမြေဂရမ်ထုတ်ယူထားတဲ့ မြေကွက်တွေ၊ လူကြီး အမျိုးဆိုပြီး ဂရမ်ထုတ်ရယူထားကြတဲ့ လူကြီးယူမြေကွက်တွေကိုတော့ ယနေ့ တိုင်အရးယူ ခြင်း မရှိခဲ့ပါဘူး ။ မြိုသစ်တွေရဲ့ နေရာအနှံ့ မှာ ကိုယ်ကျိုးရှာ ရယူထားကြတာပါ မပန်းဝေ ၊ အဲဒီလိုယူကြလို့ ရစတမ်းလား .? သူတို့ ရပိုင်ခွင့် ရှိရင် ပြည်သူတွေကော ရပိုင်ခွင့် မရှိတော့ ဘူးလား? $$$ တပ်မတော်အစိုးရက ပေးလိုက်တဲ့ မြေကွက်တွေကို ဒီလိုနဲ့ဘဲ အဆုံးခံရတော့ မှာလား.? $$$ ပြစ်မှုဆိုင်ရာဥပဒေကို ကျူးလွန်သူတွေနဲ့  ပြစ်မှုကျူးးလွန်ရာမှာပါဝင်တဲံ့ မြေကွက်တွေအပေါ် ဒီလိုဘဲ ကြည့် နေရမှာလား ? ကိုယ်ကျိုးရှာ ရယူထားသူများမှာတော့ ဂရမ်မြေကွက်တွေနဲ့ မူလရပိုင်ခွင့် ရှိသူ များမှာတော့  ချောင်းဘေး မြောင်းဘေးနဲ့ တော်ရာနေရာတွေမှာ ကပ်ယပ်နေရတဲ့ အဖြစ်က တရားမျှ တပါရဲ့လား ? ဖွဲ့ စည်းပုံအခြေခံဥပဒေက အဲဒီလိုပြဌာန်းထားရော့ သလား? ၊ ဒီလူတွေကို ရာဇသတ် ကြီး ဥပဒေကကော ကင်းလွတ်ခွင့်  ပြုထားသလား? လွှတ်တော်ကကော ငြိမ်နေကြ / ပြီးတာ ပြီးစေ တော့ လို့ ပြဌာန်းထားသလား ? တရားစွဲ အဖွဲ့ အစည်းတွေ ဘာလုပ်နေကြပါသလဲ?. အရှေ့ အလယ် ပိုင်းက ပါလက်စတိုင်းတွေလိုဖြစ်နေရတယ် မပန်းဝေ…..။ မတရားဘူးကွ မပန်းဝေ ။ ဆင်းရဲသား ရွာသူရွာသားတွေကို ရွာဖျက် မြို့သစ်တည်တဲ့ အခါက သူတို့အတွက်တပ်မတော် အစိုးရက ပေးလိုက်တဲ့  မြေကွက်တွေကို အရာရှိတွေ၊ ဝန်ထမ်းတွေ၊ တရားသူကြီးတွေ၊ ရဲတွေ စ.စ.စ တွေလ-ဝ-က တွေ မြို့နယ် ခရိုင်၊ တိုင်းက အရာရှိတွေ တပ်ကဆိုသူတွေမြေစာရင်း၊ ကျောင်းဆရာ တွေ မြို့နယ်ဥက္ကဌ ဆိုသူတို့ ရဲ့ဆွေမျိုးမိသားစု မိတ်ဆွေတွေ စတဲ့ စတဲ့ မျက်နှာကြီး အသိုင်း အဝိုင်း ဝင်တွေက အမဲသားတွဲ ခွေးဆွဲသလို သူ့ထက်ငါအပြိုင် ကြားကဖြတ် ရယူထားကြလို့  ဆင်းရဲသား ကျေးရွာသူ/သား များမှာ မြေနေရာချထားရေး ဒုက္ခသည်အဖြစ်နဲ့ ချောင်းဘေး မြောင်းဘေး တွေနဲ့ တော်ရာ နေရာတွေမှာ ဖြစ်သလိုနေရင်း ကျူးဘဝကိုအနှစ်၂၀ နီးပါး ရောက်နေကြရတယ် မပန်းဝေ ။ အနိုင်ကျင့်ခံ ဒုက္ခသည် အရာရှိဘေးသင့် ဒုက္ခသည် ကျူးတွေရယ်ပါ ။ တစ်ချို့လဲ ဆင်းရဲမွဲတေစွာ နဲ့ ခိုကပ်နေ ကြရလေရဲ့ မပန်းဝေ ၊ဖက်ဆစ်တွေလို အရာရှိဆိုးတွေရဲ့ အနိုင်းမဲ့ အနိုင်ကျင့်ခံ ဒုက္ခ သည် တွေရယ် ပါဟာ ပန်းဝေမရဲ့ …။ အင်္ဂလိပ်ခောတ်က အညစ်ခံလေးတွေလိုပါဘဲ ပန်းဝေရယ် ။ သင်ပန်းကုန်းရွာမမှာ ဒုတိယမြေက် မ-ယ-က ဥက္ကဌ ဆိုသူယူထားတဲ့ မြေကွက်တွေအများထဲက မြေကွက်အမှတ်(ည-ည၆၄/၆၄) ကိုသိန်းတစ်ထောင်နဲ့ ရောင်းဘို့ ဈေးဆိုင်နေလေရဲ့။ ဒီမြေကွက်က သူပိုင်မဟုတ်ဘူး ၊ တကယ်က ရွာသူရွာသားတွေရဲ့  မြေကွက်ကိုအာဏာအလွဲသုံးစားပြု အဓမ္မကိုယ် ကျိုးရှာရယူထားတာပါဘဲ ၊ မဟုတ်ပါဘူးဆိုရင်ရွာသားတွေနဲ့ လာရှင်းလို့ ရပါတယ်၊ အသင့် ပါဘဲ ၊ သူ့ နံမည်နဲ့ တင်မက သူ့ မိမ္မနံမည်နဲ့ပါ (ည.ည၆၄/၃၅) ကိုပါကိုယ်ကျိုးရှာ ရယူထားပြီး အဲဒီဝိုင်းထဲ မှာရှိတဲ့  ရှေးဟောင်း မကျီးပင်နဲ့ ရှေးဟောင်း ရေတွင်းကိုပါ ဖျက်ဆီးခုတ်လှဲမယ်လုပ်လို့ ရွာသား တွေ ဝိုင်းဝန်း တားဆီး ရိုက်နှက်ရဲအပ်မယ် လုပ်မှနောက်ဆုတ်သွားလေရဲ့ မပန်းဝေ ၊ အဓမ္မလောဘ ဝိသမ လောဘတွေနော် ၊ ခိုးခြင်း(၂၅)ပါး မကင်းတဲ့ လုပ်ရပ်တွေပါ ၊ ခိုး ဆိုး ခါး တွေနဲ့ တစ်ထပ်ထဲပါဘဲ ၊ တကယ်တော့  ဒီရွာထဲမှာ မှုလက သူပိုင်မြေ အိုးချမ်းကွဲလောက် ကိုယ်ပိုင်မရှိဘဲ ရွာဖျက် မြိုသစ်ကွက် ရိုက်တော့ လဲ သူတာဝန်မကျ ဒီမြို့ မရှိသေးဘဲ အဘယ့်ကြောင့် မြေကွက်ခံစားခွင့်ရခဲ့ ရပါသလဲ ? တပ်မတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာလိုက်တာပါ ၊ အလားတူအရာရှိ ဆိုသူ ခြကောင်တွေ ဗုဒ္ဓေါသူခိုးတွေ အများကြီးရှိလေရဲ့ မပန်းဝေ ၊ မင်းမြေပွဲစား လုပ်ရင်သတိ ထားနော် ပန်းဝေမ ။ ရာဇဝတ်မှု ဆွေးတယ်မရှိဘူး သူငယ်ချင်း……။ ခုအစိုးရခောတ်မှာ ပုံးကွယ်နေ ပေမဲ့  နောင်အစိုးခောတ်မှာ ဖြေရှင်းကြရမှာပါ ။ အစိုးရအအဖွဲ့  ဆိုတာလဲ ပါဠိတော်ထဲကလို အနိစ္စ အမြဲမရှိပါ မပန်းဝေ ။ သမိုင်းကသာ သက်သေခံကျန် နေခဲ့မှာပါ ပန်းဝေမရယ်…။ ဒီလူခမျာ နားမ လည်ရှာဘဲ အရာရှိဖြစ်လာရရှာ တာပါကွာ ၊ မျိုးစေ့ မမှန် ပင်မသန် ဖူးတန်ငုံကင်း အသီးဖျင်း သတဲ့  မပန်းဝေရဲ့…။ ပြည်သူတွေတော့  ဒီနေ့ အထိနစ်နာနေရတာ ဖြေရှင်းပေးသူ မရှိကြဘူး ။ ဒီကိစ္စတွေနဲ့ ပတ်သပ်လို့ မီဒီယာငါးဆယ်ကျော်ကို ဘိတ်ကြားပြီး သီတင်းစာရှင်းလင်ပွဲနဲ့ ရှင်းလင်း တင်ပြခဲ့ပေမဲ့ အရေးယူမှုမရှိခဲ့ပါဘူး ။ တစ်ခြားကိစ္စတွေတော့ စုံစမ်းနေကြတာပါ ထောက်လှမ်း နေ ကြတာပါ ။ တည်ဆဲအာဏာပိုင်တွေများပါဝင် ပါတ်သက် နေလေရာ့ လားကွယ် ပန်းဝေမ ရယ် …..။ *///*ဒါကြောင့်လူထု ခုံရုံးမျိုး လွတ်လပ်တဲ့ ခုံအဖွဲ့န့ဲ အမြန်စစ်ဆေးဖေါ်ထုတ်ဖို့လိုအပ်နေပါပြီ *///* အစိုးရနဲ့ပါတ်သက်တဲ့ခုံ အဖွဲ့မျိုးက ခုံအဖွဲ့ဝင်တွေ ကိုယ်တိုင်ဟာ မြေကွက်ရယူထားတဲ့ မသူတော်တွေ ခြကောင်တွေ မြို့မြေသူခိုးထဲပါဝင်နေနိုင်လို့ပါဘဲ။ ကြာလေလေ ပြစ်မှုကျူးလွန်တာတွေ မြင့်တတ်ခဲ့  လေလေပါဘဲ ၊ ဒီလိုကျူးတွေကတော့ ဥပဒေအထက်က ကျူးတွေပါဘဲ ၊ န ဘ ယံ ဘေးမရှိ ကျူးတွေ ပါဘဲ ပန်းဝေမရယ်၊ ဒီဖြစ်ရပ်မှန်တွေကို နိုင်ငံတော်နှင့် ပြည်သူတွေ အတွက်သိလိုတာတွေ လာမေး လို့ လဲရပါတယ် ။ လာကြည့်လိုကလဲ လာခဲ့ကြပါ ၊ ယနေ့တိုင် လဲရှိနေဆဲပါဘဲ၊ ခြကောင်တွေ ပန်းပန် နေ ဆဲပါ ။ အရေးမယူဘဲ လက်ပိုက်ကြည့် နေတဲ့ ကျူးအစစ်တွေပါဘဲ ။ တပ်မတော်အစိုးရက ကျေးရွာကိုချထားပေးတဲ့ မြေကွက်၁၀၀၀ ထဲမှ မြို့မြေကွက်ပေါင်း(၆၀၀) ကျော်ကို ရွာသားတွေကို မပေးဘဲ (အာဏာကျူး+စာရင်းကျူး +လူကျူး) တွေအဖြစ် အာဏာ အရှိန်ဝါနဲ့ ယနေ့ တိုင်အောင် အဓမ္မကိုယ်ကျိုးရှာ ရယူနေကြတာဟာ ကျူး အစစ်တွေ ပါဘဲ။ သင်ပန်းကုန်းရွာမ မြို့ကွက်သစ်ကွင်းမှာ မြေကွက်ချထားရေး လက္ခံစာရင်း မရှိတာကိုပင် ဂရမ်မြေ အဖြစ် အဓမ္မပြောင်း လဲထုတ်ယူ နေကြတာဟာ မင်းမနိုင်လုပ်ငန်း တစ်ရပ်ပမာတွေ့ နေရတယ် မပန်းဝေ ။ ရွာသူရွာသားတွေကို တပ်မတော်အစိုးရက ပေးလိုက်တဲ့ မြေကွက်တွေထဲမှ အရာရှိ ပေါင်းစုံ ကိုယ်ကျိုးရှာရယူထားတဲ့ အများအပြားစုဖွဲ့ရာ တစ်ပြပါတ်လည် မြေကွက်ကြီး နံပါတ်တွေက (ည.ည/၄၅ ။ ၄၉။ ၅၀။ ၅၁ ။ ၆၁ ။ ၆၂ ။ ၇၂ ။ ၇၃ ။ ၇၄ ။ ၇၅ ။ ၇၆ ။ ၅၈ ။ ၅၉ ။ ၆၅ ။ ၆၀-အနောက် တန်း ) တွေပါ ၊ ည-ည-၈၈/၁+၁၈ ရပ်ကွက်ရုံးနေရာကို ရပ်ကွက်ကြံ့ ခေါင်းဆောင်နေလာတာပါ ။ အဲဒီအကွက်နံပါတ်ကို မြေစလစ်ထုတ် မြေပွဲစားနဲ့ ရောင်းရာမှာ ရပ်ကွက်ရုံး၌ စာချုပ်ရာက ရပ်ကွက် တာဝန်ရှိသူမှ မိတ္တူတွေသိမ်းထားရတယ်၊ ကြံ့အမတ်ကြီးရောင်း စားတာဆိုမပြောနဲ့တော့ ရှယ်ရှယ် ပြင်း သေးတယ် ၊ ရန်နောင်လမ်းဘေးက လွတ်နေတဲ့  ညည/၈၅ တစ်ဖရိမ်လုံး ဂရမ်တွေထုတ်ပေးပြီး ရောင်းစားခဲ့တာပါ ၊ ရွာသားတွေကို ကောင်းတဲ့ နေရာ မြေကွက်ချထားမပေးဘဲ မကောင်းတဲ့ နေရာ တွေကိုသာ ရွာသားတွေပေးတာပါ ။ မင်းကြီးရန်နောင်လမ်းပေါ်မှာ သူတို့ တစ်တွေ အမြုံလိုက်အသိုက် လိုက်နဲ့ အုတ်တံတိုင်းတွေ တိုက်တွေနဲ့ ပေါ့ ၊ နေရာကေင်း (ည-ည-၆၄/၅၅) ကို ရွာသားရပေမဲ့ ချောင် ထဲပို့ ကာ ဦးမြင့်ဝေ ဆိုသူကို ရောင်းစားလိုက်တာပါ ၊ အမွေရတဲ့ မြေကွက်တွေလို ယူလိုကယူ ပေး လိုကပေး ငွေလိုရင်ရောင်းနဲ့  ပွဲတော်ကြီးကြ နေတာပါ ၊ ထင်ရာလုပ် မင်းမူနေကြတဲ့ ခောတ် ကြမ်းကြုတ်ကြီးပါ မပန်းဝေ၊ ခောတ်ပျက်တဲ့ ရောင်စုံသောင်းကျန်း သူတွေတုံးက ရွာဝိုင်း ပြီး ဓါးပြ တိုက်သွားပြီး ခွဲဝေယူကြသလိုပေါ့  ဟ ပန်းဝေမရ ။ အခြားအကွက်တွေထဲမှာလဲ စစ်နယ်မြေ က ဆင်းစစ်ရတဲ့ အထိရှိလေရဲ့ မပန်းဝေ ။ ခုထိတော့  စစ်တာဘဲရှိတယ် နေမြဲပါဘဲကွာ ၊ မထူးပါဘူးဟ မပန်းဝေ ။ တပ်က ဆင်းစစ်တယ်ဆိုတော့  မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ထင်တာ ပေါ့လေ…နော့ ။ သင်ပန်းကုန်းရွာမက အရာရှိတွေ ယူထားတဲ့ မြေကွက်တွေ ကိုတော့မြေဂရမ်တွေ ထုတ်ပေး ထားပြီး သာမန်ပြည်သူတွေမှာ မြေဂရမ် လုံးဝမရှိကြပါဘူး၊ ရွာအတွက်မြေကွက်တွေကို ဥပဒေမဲ့ မတရား ရယူထား ကြတဲ့ မြေကွက်တွေမို့ ကန့်ကွက်တင်ပြကြတဲ့အခါ သက်ဆိုင်ရာ အုပ်ချုပ်သူတွေ က မြေဂရမ်နဲ့မို့ ဆိုပြီး စီစစ်ပေးခြင်း ဘာမှမရှိကြပါဘူး ၊ ဝန်ကြီိးချုပ်နဲ့  မြိုတော်ဝန်တို့ ထံ ကန့်ကွက်စာ တင်ပြထားပေမဲ့  ဘာမှလုပ်ဆောင်မပေးပါဘူး ။ သင်ပန်းကုန်းမြို့  သစ်ကွင်းမှာ ကြိုက်တဲ့သူက ကြိုက် သလို အတားမရှိ အဆီးမရှိ စည်းမရှိ ဥပဒေမရှိ ဝန်းခြံခတ် အိမ်ဆောက် သုံးထပ်တိုက်ကြီး ကိုဘဲ လွယ်လွယ်တည် လို့ ရလေရဲ့ မပန်းဝေ ၊ ဖြစ်ရပ်မှန်က ဒို့ မျက်စိအောက်မှာဖြစ်ခဲ့တာ….ဟ ။ ဒီမြေဂရမ်တွေဟာ အာဏာအလွဲသုံးစားလုပ်ပြီး စာရင်းသွင်းမြေကွက် ထုတ်ယူထားတဲ့ မြေဂရမ်တွေ ဖြစ်ကြောင်း အစိုးရမသိပေမဲ့ ပြည်သူတွေက သိပြီးဖြစ်နေပါပြီ ၊ အစိုးရမဲ့လုပ်ရပ် မင်းမဲ့စရိုက် ဥပဒေ မဲ့လုပ်ရပ်တွေပါဘဲ ။ အမျိုးသားပိုင်ဓနဥစ္စာ မြေကွက်တွေကို အလွဲသုံးစား ပြုလုပ်တဲ့ ရာဇဝတ်မှုကြီး တွေပါဘဲဗျာ ၊ ဒီနေ့တိုင်လဲ စီစစ်အရေးယူတာ မရှိဘူး ၊ စစ်ဆေးကြပ်မတ်မဲ့သူ မရှိဘူး လွတ်လပ်တဲ့  နေရာမှာတော့  မြန်မာပြည် ( ဟောင်ကောင်) ပါဘဲ မပန်းဝေ ။ မြေစလစ်အတု/အစစ် ပြဿနာတွေ တောင် ခွဲခြားမနှိမ်နှင်းနိုင်ဘူး ၊ ရှယ် ရှယ်ပါဘဲကွာ၊ ဒို့ ခောတ် အဲဒီလောက် သိမ်ဖျင်းနေရပြီကွ ။ ///* ဒီကျူးတွေကိုဘယ်သူဖယ် ရှားရှင်း လင်းမည်လဲ.? ဘယ်လိုအင်အားသုံး ဖယ်ရှားမည်လဲ.?///* မိမိတို့ ရမဲ့ မြေကွက်တွေကို တပ်မတော်အစိုးရရဲ့ အာဏာကို အလွဲသုံးစား ခုတုံးလုပ်ပြီးမတရား ကိုယ်ကျိုးရှာ အဓမ္မ မြေကွက်တွေရယူခံထားရလို့  မြေနေရာမဲ့နေတဲ့ ရွာသူရွာသား ပြည်သူတွေ ကျူးဘဝဖြစ်ရတာကိုတော့ အထောက်အကူပြုဆိုတဲ့  သူတွေက ဘာ့ကြောင့်အမြန် ဖယ်ရှားခိုင်း နေကြပါသလဲ? ၊ ခါးဖြတ် သင်ပန်းကုန်းရောက်လာပြီးမှ ဘာမှမသိဘဲနဲ့  သမိုင်းကြောင်းကို ထဲ့သွင်း စဉ်းစားနိုင်စွမ်းမရှိဘဲနဲ့ ဘာ့ ကြောင့် ဖယ်ရှားခိုင်းနေရပါသလဲ ? ဘူဒိုဇာထဲပါမှာစိုးလို့ ဆိုပြန်တော့  ကျောက်ကြ ရွံ့ကြရ ပြန်တာပေါ့ ၊ အိပ်မရတဲ့ ညတွေနဲ့ ပေါ့ ဟာ ၊ ရင်ထဲကသောကတွေနဲ့ လေ…..။ လူတစ်စုအတွက်အစိုးရလော ? လူထု အတွက် အစိုးရလော ? ၊ အစိုးရသန့် ရှင်းပါ၏လော ? အုပ်ချုပ်မှု တည်ကြည်ကောင်းမွန် ပါ၏လော ? စဉ်းစားကြရတောမယ့် အချိန်ရောက်နေပြီ ။ သုံးသပ်လို့လဲ ရလာပါပြီ မပန်းဝေ ။ အရေးကြီးလာပြီနော်…။ ဒို့ အစိုးရဘာလဲ? ဘယ်လဲ? ဘယ်လိုလဲ? ဒို့ မှာဆွေးနွေး သုံးသပ်တင်ပြ ပိုင်ခွင့် ရှိတယ် မပန်းဝေ ။ ဒါ ဒို့ ပြည် ၊ ဒါ ဒို့ အစိုးရ ၊ ဒါ ဒို့ လူမျိုး ၊ ဒါ ဒို့ ပြည်ထောင်စု ဟ ပန်းဝေမရဲ့  သေခန်းမပြတ်နိုင်ဘူး မပန်းဝေ ။ ရင်ထဲကပြောနေတာကွ မပန်းဝေ ရ ၊ ရင်ထဲကပြောနေတာ….။ မှန်တာလုပ် ဟုတ်တာပြော ဘေးနဲ့ ကြုံ ရဲဂုဏ်ပြ သ္ခင်းမျိုးဟေ့ ဒို့ မြန်မာ….ကွ မပန်းဝေ… ရ..။ ကိုယ့်  လူမျိုးကို မမုန်းနိုင်ဘူး--- ဟေ့ ။ **မန္တလေးပြည်ကြီးတံခွန်မြို့နယ်သင်ပန်းကုန်းရွာရဲ့မြိုမြေကွက်တွေကို တပ်မတော်အစိုးရနဲ့ ပြည်သူ ကြား ဖြတ်စားလှီးစားလုပ် ကိုယ်ကျိုးရှာကျူးယူထားတာ အရေးယူသူမရှိဘဲ ဒီမျက်နှာမွဲလေးတွေကို ဘဲလာလာ ခိုက်နေတာပါ ပန်းဝေမရယ်…။ တရားရစရာ သံဝေဂတွေပါဘဲ၊ ခောတ်ဆိုးကြီးပါဟာ….။ ပြည်သူတွေက တင်ပြ တိုင်ကြား ကြပေမဲ့ ကျူးဘုရင်တွေ တည်မြဲလျှက်ပန်းပန် နေကြခြင်း က ဘာလဲ.? မည်သို့ နားလည်ရပါမည်လဲ ? အရေးမယူကြတာလား? အရေးမယူလိုတာလား ? တရားဥပဒေမရှိ တဲ့ နိင်ငံမို့လို့ လား ? ကျူးအစစ်ကို……မမြင်ကြတာဘဲလား? မမြင်ခြင်ယောင်/ မသိခြင်ယောင်ဆောင်နေတာလား ? အာဏာရှိလို့ လုပ်ခြင်မှ လုပ်မယ် ဆိုတဲ့ သဘောလား ?
တိုင်းပြည်အမှန်တကယ် တိုးတတ်အောင်မြင်ခြင် တယ်ဆိုရင်/ တည်ကြည်တဲ့ အစိုးရမျိုးပါဆိုရင်….။ ///*ခြစား မှု ဖေါ်ထုတ်ရေး၊ ///*ဗုဒ္ဒေါသူခိုး ဖေါ်ထုတ်ရေး (သို့ ) ကိုယ်ကျိုးရှာ မသမာကောင် ဖေါ်ထုတ်ရေး ///*အာဏာအလွဲသုံးစားမှု ဖေါ်ထုတ်ရေး / ပြင်းထန်စွာ စံပြအရေးယူရေး ///*လာဘ်ပေးလာဘ်ယူသူ အမြစ်ပျက်ချေမှုံး သုတ်သင်ရေး တို့ကိုစစ်ဆင်ရေးကြီိးတစ်ခုပမာ အရေးယူချေမှုံး သုတ်သင်သွားဘို့သေခြာပေါက် လိုအပ်နေပါပြီ ၊ ဒီလိုမဟုတ်ရင်တော့  ခြင်းကြားတောင်းနဲ့ ရေခပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ကမ္ဘာ့ အလယ်မှာ တစ်ခုထဲသောရှားပါး နိုင်ငံတစ်ရပ်အဖြစ် တွေ့နေရပါလိမ့် မယ် ၊ ဒို့ လူမျိုးတွေရဲ့ နောက်ဆုံး ဂါထာက (မထူးဘူးကွ) တဲ့ ။ မြန်မာတစ်ယောက်ရဲ့  မထူးဘူးကွလို့  ဆုံးဖြတ်လိုက်မှုနောက်မှာ…… ကြုံးဝါးလိုက်မှုရဲ့ နောက်မှာ…. အံကြိတ်လိုက်မှုရဲ့ နောက်မှာ…… ပြင်းထန်တဲ့ သတ္တိတွေ ဗျတ္တိတွေ ပါလာလေ့ ရှိလေရဲ့ နော် မပန်းဝေ ၊
တပ်မတော်အစိုးရရဲ့  သမိုင်းကြောင်း ကောင်းခဲတဲ့  ဂုဏ်ဒြပ်အောက်မှာ ဒီလိုသာ လည်သလိုလုပ် လည်သလိုစားနဲ့  ခောတ်ပြောင်း စနစ်ပြောင်း အစိုးရအဟောင်း/အသစ်လဲချိန်ကို အခွင့် ကောင်းယူပြီး အောက်လမ်းနည်းတွေနဲ့ ကြီးပွားချမ်းသာခြင်လို့ ကတော့  ………… ကွာ ၊……ထွီ……။ *…..…. စပါယ် လွယ်လွယ်ပွင့် ရင်လူတိုင်း မွှေးကုန်မှာပေါ့ မပန်းဝေ ……..*
သန့်ရှင်းတဲ့ အစိုးရတစ်ရပ်နဲ့ တည်ကြည်တဲ့ အုပ်ချုပ်ရေးယန္တရား တစ်ရပ် အမ်ြန်လိုအပ်နေတာ အမှန်ပါဘဲ ၊ တိုင်းပြည်အတွက် ရင်နာနာနဲ့ဘဲ အကောင်းဘက်သို့ ရွှေ့လျှားနိုင်ရန် ထောက်ပြခြင်း သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်၏ ဂုဏ်ဒြပ်ကိုမဆိုပွန်းပဲ့စေလိုမှု ဆန္ဒမရှိဘဲ အခြားရည်ရွယ် ညွှန်းဆိုမှုတစ်စုံတစ်ရာမရှိ ကြောင်းကို တည်ကြည် စွာဝန်ခံအပ်ပါသည်။ တပ်မတော်အစိုးရက ကျေးရွာကို ချထားပေးသော မြေကွက်များမှ ကိုယ်ကျိုးရှာအဓမ္မ ရယူထားတဲ့ မန္တလေးက မြေကွက်စာရင်းတွေနဲ့ မျက်နှာကြီးအဓမ္မ ကိုယ်ကျိုးရှာသ္မာများရဲ့ ဗုဒ္ဒေါ သူခိုးမြေကွက် စာရင်းကို မကြာမှီ အစိုးရနှင့် ပြည်သူတို့ ထံ အသိပေး ဖွင့်ချတင် ပြပေးသွားပါမည်။ မလွှဲမရှောင်သာဖွင့်ချ အသိပေးရမည်ဖြစ်၍ တိုက်ဆိုင်မှုရှိလျှင်အမှန်တရားကိုသာ ရှေးရှုပြီး မိမိ ကိုယ်ကိုယ်ဝေဖန်ရေးဖြင့် နားလည်ပေးပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ သက်ဆိုင်ရာမှ အရေးယူပေးခြင်းမပြု၍ သာလျှင်မလွှဲမရှာင်သာ ဖြစ်ရပ်မှန်များကိုစုဆောင်းတင်ပြ ရသည် ဖြစ်ရာ တိုက်ဆိုင်ပတ်သက်မှုရှိပါက အမှန်တရား ကိုမျက်မှောက် ပြုစေလိုပြီး မိမိအရေးထက် နိုင်ငံတော်အရေးကို ရှေးရှုပါရန်နှင့်  ငြင်းခုံဘို့ ထက် ဖြေရှင်းဘို့ကို ဆန္ဒပြုရင်း ဖြစ်ရပ်မှန်များကို အရင်း လုပ်၍ မသမာမှုများကို တရားဥပဒေ ရှေ့မှေက် ပို့ဆောင် အပ်နှင်းသွားမည် ဖြစ်ပါသည် ။ ထာဝရ လေးစားမှု တွေနဲ့ …………….(နန္ဒာမိုးမြေ) သင်ပန်းကုန်းရွာမသို့ လာရောက်လေ့ လာနိုင်ပါသည် ၊ စုံစမ်းမေးမြန်းနိုင်ပါသည် ၊ ဤ post ကို မမှန်မကန် ရေးသားတင်ပြပါသည် ဆိုလျှင် မိမိကိုယ်ကို အပြစ်ဒါဏ်ပေးမည် ။ ဟုတည် ကြည်စွာသစ္စာပြု အပ်ပါသည် ။ မှန်ရာကိုသစ္စာပြုရင်း ဆက်၍် တင်ပြပါဦးမည် ပြည်သူနှင့်နိုင်ငံတော်ကို လေးစားလျှက်
ငါသည် ဤပြည်ထောင်စုမြန်မာနိုင်ငံတော်အား ဘယ်တော့မှသစ္စာမဖေါက်။ တည်ကြည်စွာဖြင် /. (နန္ဒာမိုးမြေ) မှီငြမ်းကိုးကားချက်။…။ မြို့ကွက်မြေပုံ(၂)မျိုး /ဆရာယာတောသားဆွေးနွေးခြင်း/ကွင်းဆင်းလေ့လာမှု
ဆက်သွယ်ရန် /
09796780401 - - 09 33196702 - -

posted from Bloggeroid
No comments:
Post a Comment