"ကျောက်အရောင်းအဝယ် ဈေးကွက်ကျဆင်းနေသဖြင့်မန္တလေးမဟာ
အောင်မြေ ကျေက်မျာက်ဈေးက ဦးစီးကာ ဆန္ဒဖော်ထုတ်သွားမည်ဟုဆို"
=================================================
မန္တလေး အောက်တိုဘာ ၂၃
မန္တလေး မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာဈေးက ကျောက်
အရောင်းအဝယ်အဓိက လုပ်နေသူများက ကျောက်ဈေးကွက် ကျဆင်းရ
ခြင်းများကြောင့် လုပ်ကိုင်စားသူများ ထိခိုက်နစ်နာမှု့များစွာရှိသဖြင့် ကျောက်
ဈေးကွက်မြင့်တင်ပေးရေးနှင့် ဥပဒေနှင့်အညီ ရေမဆေးကျောက်ရှာဖွေလုပ်
ကိုင်ခွင့်ပြုစေရန် နှင့် ကျောက်တူးဖော်ရေးကုမ္ပံဏီကြီးများယာယီရပ်ဆိုင်ပေးရန်အတွက် မန္တလေးမြို့တွင် အောင်တိုဘာလ ၂၉ ရက်နေ့ တရာဝင်
ခွင့်ပြုမိန်ယူကာ ကျောက်သမားများဆန္ဒဖော်ထုတ်သွားမည်ဟု မီဒီယာစင်
တာမန္တလေးတွင် အောက်တိုဘာလ ၂၃ နေ့  နေ့ခင်း ၁ နာရီအချိန်က
သတင်းစာရှင်းလင်းပွဲ လုပ်၍ပြောသည်။
"ကျွန်တော်တို့ မန္တလေးမြို့ နှင့် စစ်ကိုင်းမြို့အဓိက ကျောက်ဈေးကွက် ကျဆင်
လာသဖြင့် လုပ်ကိုင်စားသောက်ရန် အခတ်အခဲ ဖြစ်နေတာ ၃ နှစ်ခန့်ရှိပြီ
ကျောက်သမားအများစု ဒုက္ခရောက်နေကြတယ် တိုက်ပေါင် မြေပေါင် မရှိ
ရှိတာလေးတွေ ရောင်းချ အကြွေးများ ဖြစ် ပတ်လည်းဝိုင်းကာကျောက်သ
မားတွေ အလုပ်လက်မဲ့ဘဝရောက်ရခြင်းများကကျော်လွှားနိုင်ဘို့
ကျွန်တော်တို့ ကိုယ့်အားကိုယ်ကိုးရုံမှတပါးတခြားနည်းလမ်းမရှိတော့ပါ
ဖားကန့်အဓိကကျောက်စိမ်းတူးဖော်ရေးတွေ ယာယီရပ်ဆိုင်းနိုင်ရန်
ကျောက်သမားများအားလုံစုပေါင်း၍ မန္တလေးတွင် တောင်းဆိုဆန္ဒဖော်ထုတ်သွားမည်ဟု ကျောက်စမ်းရောင်းဝယ်ရေး
ပွင့်ကောင်းကုမ္ပံဏီက ဦးသန်းဝင်းကပြောသည်။
" ကျွန်တော်တို့ ကျောက်စိမ်းဈေးကွက် ပျက်စီးရခြင်း အကြောင်းရင်းမှာ
၂၀၁၄ /၂၀၁၅ ခုနှစ်တွင် ကုမ္ပံဏီကြီးများမှ စက်ယန္တရားအင်အားကြီးမား
စွာဖြင့် ကျောက်စိမ်းများကို လမ်းခင်းကျောက်ကဲ့သို့ အလွန်အကျွံ တူးဖော်
ကာ တရုတ်ပြည်သို့ နည်းလမ်းမျိုးစုံဖြင့် ပို့ဆောင်ပြီး ကျေက်စိမ်း ကျောက်
ကြီး ကျောက်ကောင်းတွေ တောင်ပုံရာပုံ စုပြုံရောက်နေလို့ ကုမ္ပံဏီကြီးများ
မှ ပြပွဲတစ်လတစ်ကြိမ် တရုတ်ပြည်ထဲ အလျှံပယ် ရောင်းချနေကြပါသော
ကြောင့် ကျွန်တော်တို့ လုပ်ကိုင်းစားသောက်နေကြသော အောက်ကျေက်
လေးတွေမှာ ဘာတန်ဖိုးမှမရှိတော့ပါဘူး ကျောက်တူးဖော်ရေးတွေ ယာယီ
ရပ်ဆိုင်းလိုက်လို့ ကျောက်ရှားသွားမှာကို မပူရပါဘူး ၂၀၁၆ ခုနှစ်ဇွန်လပြပွဲ
ကုမ္ပံဏီများ ရောင်းချရန် လော့စာရင်းပေးထားသည့်မှာ လော့ ၆ သောင်း
ကျော်ရှိတယ် တစ်ကယ်တမ်းရောင်းခဲ့တာ လော့ ၆ ထောင်ကျော်သာ
ရောင်းချခဲ့တာ ကုမ္ပံဏီကြီးများလက်ဝယ်တွင် ကျောက်စိမ်းလော့ အများ
အပြားရှိနေသည်ကို လူတိုင်းသိတယ် ကျောက်မတူးသေးလည်း ၄ နှစ်
ရောင်းစားလို့ မကုန်နိုင်သေကြောင်း ဒိုင်မွန်းစတား ကျောက်မျက်ရောင်း
ဝယ်ရေးက ဦးအောင်ဝင်းဦးကပြောသည်။
"၂၀၁၂ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်ထိ ယခင်အစိုးရလက်ထက်က ဖားကန့်မှ တိုက်
ပွဲတွေဖြစ်လို့ ၂ နှစ်ကျောက်တူးဖော်ခွင့် ရပ်ဆိုင်းခဲ့တာ ထိုရပ်ဆိုင်းထား
သော ၂ နှစ်ကာလတွင် မန္တလေး စစ်ကိုင်း ကျောက်စိမ်းဈေးကွက် ၃ ဆခန့်
ထိ မြင့်တက်ခဲ့ဖူးတယ် ၂၀၁၄ /၂၀၁၅ ယခု ၂၀၁၆ ခုနှစ်တွေမှ ကျောက်ဈေ
းကွက် ဆက်တိုက် ကျဆင်းလာလိုက်တာ ယခုလုပ်ကိုင်စားသောက်ဖို့
အတော်လေးခက်ခဲလာတယ် ဆိုတာကျွန်တော်တို့ကိုယ်တွေ့ပါ ၁၉၉၆ခုနှစ်
ကစတင်၍ ငွေကြေးအင်အားကြီးမားသော ကုမ္ပံဏီများမှ ကျောက်စိမ်းထွက်ရာဒေကို မိမိပိုင် မြေယာကဲ့သို့ ထင်တိုင်းလုပ်စားလာခဲ့
ကြတာယနေ့ တိုင် နှစ်၂၀ ကျော်ခဲပြီ သံယံဇတဝန်ကြီးမှသယံဇာတများကို
တိုင်းရင်းသားပြည့်သူတစ်ရပ်လုံး ပိုင်သည်ဟု ပြောကြားထားပါတယ်
သံယံဇာတများကိုတကယ်ပိုင်ဆိုင်နေကြသူများမှာ ကျောက်တူးကုမ္ပံဏီ
ကြီးများနှင့် လုပ်ပိုင်ခွင့်ရ သယံဇာတဝန်ကြီးဌာနမှ ဝန်ကြီးနှင့်အတွင်းဝန်
ညွန်မှူး ညွန်ချုပ် အထက်အရာရှိကြီးများ လုပ်စားလျှက်ရှိကြောင်းဦးစိန်ဝင်း
မြင်ကပြောသည်။
အဆိုပါနည်တူ မန္တလေးမဟာအောင်မြေကျောက်ဝိုင်းမပြောင်းရွေ့ရရေး
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က မန္တလေးအဆိုပါနေရာတွင်
လူအင်အား ၄ သောင်းခွင့်ပြုမိန်ယူကာဆန္ဒဖော်ထုတ်စဉ်က လူအင်အား
၃ သိန်းခန့်အထိ ဝိုင်းရံကာ ဆန္ဒဖော်ထုတ်ဘူးပါတယ် အောက်တိုဘာလ
၂၉ ရက်နေ့ ကျောက်စိမ်းတူးဖော်မှု့ယာယီရပ်ဆိုင်းရေးနှင့် ကျောက်ဈေး
ကွက်မြင့်တင်ရေးဆန္ဒပြပွဲကြီးတွင် လူအင်အား ၃ သောင်းသာတရားဝင်
ခွင့်ပြုမိန်တင်ကာ ဆန္ဒဖော်ထုတ်၍ ကျန်ကျောက်သမားဝိုင်းရံပေးမည်ဟု
သိရသည်။

posted from Bloggeroid
No comments:
Post a Comment