Saturday, February 6, 2016

အမျိုးသမီးငယ်အားအဓမ္မပြုကျင်ရန်ကြံသူဖမ်းမိ

အဓမ္မပြုရန်ကြံစည်ပြီး မိသားစုဝင်များအား ကတ်ကြေးဖြင့် အချက်များစွာထိုးခဲ့သူကို အုပ်ထိန်းသူများကိုယ်တိုင် လာရောက်အပ်နှံ



Sat, 2016-02-06 13:36




ရန်ကုန်

ပြစ်မှုကျူးလွန်ခဲ့သူ ရဲသူဝင်းအား တွေ့ရစဉ် (ဓာတ်ပုံ − Yangon Police)

ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ပြီး မိသားစုဝင်များကို ကတ်ကြေးဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်နေသူကို တစ်လ ခန့်အကြာတွင် အုပ်ထိန်းသူများကိုယ်တိုင် ရဲစခန်းသို့ ဖေဖော်ဝါရီ ၅ ရက်က လာရောက်အပ်နှံခဲ့သည်။


 သင်္ဃန်းကျွန်းမြို့နယ် သု ၀ဏ္ဏ(၂၉)ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်၌ Tomorrow ဂျာနယ် ပင်တိုင်ဆောင်းပါးရှင် ဦးကျော်စွာမြင့်နှင့် မိသားစုဝင်နှစ်ဦးကို ကတ်ကြေးဖြင့် အချက်ပေါင်းများစွာထိုးခဲ့သူ အသက်(၃၀)အရွယ် ရဲသူဝင်းကို တရားဥပဒေအတိုင်း အရေးယူနိုင်ရန် အမှုရင်ဆိုင်မည်ဖြစ်ကြောင်း ဦးကျော်စွာမြင့်က ပြောကြားသည်။

ဇန်န၀ါရီ ၁၀ ရက် ည ၁၁ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ(၂၉)ရပ်ကွက် မြ၀တ် ရည်လမ်းရှိ ဦးကျော်စွာမြင့်၊ ၎င်း၏ဇနီးနှင့် အစ်မတို့ကို နေအိမ် တွင် ကတ်ကြေးဖြင့် ထိုးခဲ့သော ကြောင့် အဆိုပါသုံးဦး၌ ဒဏ်ရာ ၄၉ ချက် ရရှိခဲ့ကြောင်း ဦးကျော်စွာမြင့်က ဆိုသည်။

‘‘ဒဏ်ရာတွေကို စစ်ဆေး ပေးတဲ့ ဆရာဝန်ကတော့ သာမန် ဒဏ်ရာလို့ ထွက်ဆိုထားပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဆေးခန်းပြနေတဲ့ ဆရာဝန်ကြီးကိုယ်တိုင် က သာမန်ဒဏ်ရာ ဟုတ်၊ မဟုတ် ထွက်ဆိုပေးမှာပါ။ ကျွန်တော့် အမျိုးသမီးကတော့ သတ္တမအာရုံ ကြောကို ထိထားလို့ မျက်လုံးတစ် ဖက်က မျက်ခွံက အခုချိန်ထိအ ပေါ်ကို ဖွင့်လို့မရတော့ပါဘူး။ အမှုကိုလည်း တရားနည်းလမ်းအတိုင်း ဖြေရှင်းနိုင်ဖို့အတွက် ရင်ဆိုင်မှာပါ’’ဟု ဦးကျော်စွာမြင့်က ပြောသည်။

အခင်းဖြစ်ပွားသည့်နေ့တွင် ရဲသူဝင်းက ဦးကျော်စွာမြင့် ဇနီး ၏တူမ အသက် (၁၇)နှစ်အရွယ် အမျိုးသမီးနှင့် ကြေးအိုးဝယ်ယူ ပြီး ကားဖြင့်ပြန်လာစဉ် သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏ (၂၉)ရပ် ကွက် ပေါ်ဆန်းမွှေးလမ်းအရောက် တွင် ကားရပ်ပြီး အမျိုးသမီးကို သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့သဖြင့် ကားပေါ်မှဆင်းကာ ထွက်ပြေးခဲ့ရသည်ဟု တိုင်တန်း ခဲ့ကြောင်း သုဝဏ္ဏနယ်မြေရဲစ ခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

‘‘ကောင်မလေးက အိမ်ပြန် လာတော့ အဖြစ်အပျက်တွေကို ပြောပြတယ်။ အိမ်ကလူတွေက လည်း ဒီအဖြစ်အပျက်တိုင်းဆို ရင် တာဝန်ယူဖို့ပြောတယ်။ တာ ၀န်မယူရင်တော့ ဥပဒေအတိုင်း အရေးယူမယ် ပြောတာကနေ စဖြစ်တာ’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

ပြစ်မှုကျူးလွန်သူ ရဲသူဝင်း(၃၀)နှစ်ကို သုဝဏ္ဏနယ်မြေရဲစခန်းက ပြစ်မှုပုဒ်မ ၃၂၆/၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

posted from Bloggeroid

No comments:

Post a Comment