
တစ်ရက်နီးပါး သစ်ပင်နှင့်ချောက်ကမ်းပါးယံတွင် ညှပ်မိနေသူတစ်ဦးကို ကျောက်မဲကယ်ဆယ်ရေးမီးသတ်ဝန်ထမ်းများက ခက်ခက်ခဲခဲကယ်တင်ခဲ့ရ။
~~~~~~~~~~~~~~~~~~~~
ကျောက်မဲမြို့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်အချိန်က CPကြက်စာဂိုဒေါင်နှင့်ပေါက်အင်းကျေးရွာအကြားတွင် လူတစ်ဦးသစ်ပင်နှင့်မြေကမ်းပါးယံကြားတွင် ညှပ်မိနေကြောင်းတာဝန်သိပြည်သူတစ်ဦး၏သတင်းပေးချက်အရ ကျောက်မဲမြို့မရဲစခန်းမှရဲအုပ်မင်းမင်းဦးဆောင်သောရဲတပ်ဖွဲ့ဝင်များ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးဇော်မင်းဦးခေါင်းဆောင်သောကယ်ဆယ်ရေးမီးသတ်ဝန်ထမ်းများမှ ခက်ခက်ခဲခဲဆွဲထုတ်ကယ်တင်ပေးခဲ့ရသည်။ ဖြစ်ပွားပုံမှာ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ညနေပိုင်း ၆ နာရီအချိန်ခန့်က ခိုမုန်းကျေးရွာနေ ဦးစိုင်းကျော်ရွှေနှင့်ဦးစိုင်းကျော်ဌေးတို့နှစ်ဦးဆိုင်ကယ်ဖြင့် ခိုမုန်းကျေးရွာသို့အတူပြန်လာစဉ် CPကြက်စာဂိုဒေါင်အလွန်အရောက်တွင် ဆိုင်ကယ်နောက်မှစီးလာသူ ဦးစိုင်းကျော်ဌေးမှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျကာ ကားလမ်းမနံဘေးချောက်ထဲသို့ပြုတ်ကြခဲ့ကြောင်း ထိုသို့ပြုတ်ကျခဲ့သော်လည်းဦးစိုင်းကျော်ရွှေမှာ တာဝန်ကင်းမဲ့စွာခိုမုန်းကျေးရွာသို့ဆိုင်ကယ်စီးပြန်လာခဲ့ကြောင်း ဆိုင်ကယ်ပေါ်မှပြုတ်ကျခဲ့သူ ဦးစိုင်းကျော်ဌေးမှာဆိုင်ကယ်ပေါ်မှပြုတ်ကျလွင့်စင်သွားစဉ် လမ်းမကြီးနံဘေးရှိသစ်ပင်နှင့်ချောက်ကမ်းပါးယံထဲတွင် လွင့်စင်ကြသည့်အရှိန်ဖြင့်ညှပ်မိနေပြီး မြေသားတို့ဖြင့်ကိုယ်တစ်ခြမ်းဖုံးလွမ်းကာလှုပ်မရတော့သဖြင့် တစ်ညလုံးပိတ်မိနေခဲ့ကာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးပို့ချက်ဖြင့်ကယ်ဆယ်ရေးမီးသတ်ဝန်ထမ်းများက ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ကျောက်မဲမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းမင်းမှ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်။ သို့ဖြစ်ပါ၍ ဆိုင်ကယ်ကိုမဆင်မခြင်မောင်းနှင်သူ ခိုမုန်းကျေးရွာနေ ဦးစိုင်းကျော်ရွှေအား ယာဉ် ( ပ ) ၅/၂၀၁၆ ပုဒ်မ ၂၇၉/၃၃၈ အရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
မင်္ဂလာထွန်း ( ကျောက်မဲ )
posted from Bloggeroid
No comments:
Post a Comment