Skip to main content

Menu
You are here
Home » Section » Business » စက်သုံးဆီဈေးကို အများသဘောဆန္ဒယူကာ ထပ်မံပြောင်းလဲမည်
စက်သုံးဆီဈေးကို အများသဘောဆန္ဒယူကာ ထပ်မံပြောင်းလဲမည်
By
မိုးမင်း
On
Sat, 2016-02-06 06:30
Location
ရန်ကုန်
Issue No.
No.1001 Saturday, February 6, 2016
သင့်တင့်သော စက်သုံးဆီနှုန်းထားတစ်ရပ်ကို အများ သဘောတူညီချက်ဖြင့် မကြာမီထပ်မံပြောင်းလဲ သတ်မှတ်မည် ဟု မြန်မာနိုင်ငံ စက်သုံးဆီတင် သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) မှ သတင်းရရှိသည်။
MPTA က ဇန်န၀ါရီ ၁၈ ရက်တွင် အမြင့်ဆုံးရောင်းချသင့် သည့် နှုန်းထားကို အခြေခံသတ် မှတ်ပေးခဲ့သော်လည်း စွမ်းအင် ၀န်ကြီးဌာနက သင့်တင့်သည့် နှုန်းထားအဖြစ် ထပ်မံလျှော့၍ရ သေးသည်ဟု တိုက်တွန်းထား၍ လုပ်ငန်းရှင်များညှိနှိုင်းပြီး စက်သုံးဆီရောင်းဈေး ပြင်ဆင်နိုင်ရေး လုပ်ဆောင်မည်ဟု အဆိုပါ အ သင်းရုံးအဖွဲ့မှူးဦးဝင်းနိုင်က ပြော သည်။ ‘‘ရှေ့တစ်ပတ်ထဲမှာပဲ လုပ် ငန်းရှင်တွေ၊ အရောင်းဆိုင်တာ ၀န်ခံတွေနဲ့ အသင်းဥက္ကဋ္ဌတွေ့ဆုံ ညှိနှိုင်းအစည်းအဝေး လုပ်မယ်။အဲဒါပြီးရင်တော့ အားလုံးသဘော တူလက်ခံနိုင်မယ့် နှုန်းထားတစ်ခု ထပ်ပြီး သတ်မှတ်သွားဖို့ရှိတယ်’’ ဟု ဦးဝင်းနိုင်က ပြောသည်။
စက်သုံးဆီဆိုင်များသည် ယခင်က ဒီဇယ်တစ်လီတာလျှင် ၆၀၀ ကျပ်ခန့်၊ အောက်တိန်း 92 တစ် လီတာ ၆၂၀ ကျပ်ခန့်၊ အောက်တိန်း 95 တစ်လီတာ ၇၂၀ ကျပ် ခန့်ဖြင့် ရောင်းချနေရာမှ MPTA က ဒီဇယ်တစ်လီတာ ၅၀၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၅၅၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၆၆၀ ကျပ်ထက်မပို သော နှုန်းဖြင့် ရောင်းချရန် ဇန်န ၀ါရီ ၁၈ ရက်က ကြေညာခဲ့သည်။
ပုဂ္ဂလိကအရောင်းဆိုင်များ ဈေးလျှော့ချမှု ပြုလုပ်ပြီး နှစ်ပတ် ခန့်အကြာတွင် နိုင်ငံပိုင်စက်သုံး ဆီအရောင်းဆိုင်များကလည်း ဈေးနှုန်းပြင်ဆင်သတ်မှတ်မှုများ ပြုလုပ်ခဲ့သည်။
ယခင်က ပြည်တွင်းထုတ် ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၂,၈၀၀ မှ ယခုကျပ် ၂,၄၅၀ သို့ လည်းကောင်း၊ အောက်တိန်း 92 တစ်ဂါလန်လျှင် ယခင် ကျပ်၃,၀၅၀ မှ ယခု ၂,၅၀၀ ကျပ်သို့လည်းကောင်း၊ ဒီဇင်တစ်ဂါလန်လျှင် ယခင်ကျပ် ၂,၉၅၀ မှယခု ၂,၂၅၀ ကျပ်သို့လည်း ကောင်းပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ကမ္ဘာ့ရေနံ စိမ်းဈေးဆက်လက်ကျဆင်းနေ ခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း များ စတင်ကျဆင်းမှုများ ရှိလာ သဖြင့် ပြည်တွင်းစက်သုံးဆီဈေး ကွက်တွင် လက်ရှိ ရောင်းဈေးထက် ထပ်မံကျဆင်းမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟု ဈေးကွက် ကျွမ်းကျင်သူများက သုံး သပ်ထားသည်။
7
More in Business Section

မဟာဗန္ဓုလအငှားအိမ်ရာ လျှောက်ထားသူများကို တစ်ပြေးညီ မဲနှိုက်ရွေးမည်ဟုဆို

ဒေါ်လာဈေး ဆက်တိုက်ကျသဖြင့် ပုဂ္ဂလိကဘဏ်များ အဝယ်လျှော့ချ

ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခု အကောင်အထည်ဖော်ရန် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီ

ခြောက်လအတွင်း အီးယူမှ ရင်းနှီးမြှုပ်နှံမှု ပိုများလာနိုင်

7Day ကားဝက်ဘ်ဆိုက် စတင်မိတ်ဆက်

ကမ်းဝေးငါးဖမ်းလှေအသစ်များ တည်ဆောက်ခွင့်ရရန် အစိုးရသစ်သို့ တင်ပြမည်
More in Videos Section

လွှတ်တော်ဥက္ကဋ္ဌများရွေးချယ်ပုံနှင့် အစိုးရဖွဲ့စည်းရေးကိစ္စများအပေါ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်

ရာသီစာရောဂါများနှင့် ကျန်းမာရေး သိကောင်းစရာ (ပန်းနာရင်ကြပ်)

ကျွန်တော် စံဇာဏီဘိုပါ

မြန်မာနိုင်ငံအတွက် သမိုင်းတွင်နေ့

ဒေါ်အောင်ဆန်းစုကြည် စည်ပင်ဧည့်ရိပ်သာသို့ သွားရောက်စစ်ဆေး

ပြည်သူ့လွှတ်တော်အစည်းအဝေး အစမ်းလေ့ကျင့်ပွဲ
Top News

ဖားကန့်တွင် စစ်ဆေးရေးအဖွဲ့ ပြန်သွားပြီးနောက် ဝှက်ထားသော ယန္တရားများဖြင့် ကျောက်စိမ်းပြန်တူး

၅၉(စ)ဆိုင်းငံ့လျှင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံမည်ဟု ဖေ့စ်ဘွတ်ခ်တွင် ခြိမ်းခြောက်သူကို အရေးယူနိုင်ရန် ပြင်ဆင်

သမ္မတပဟေဠိနှင့် ဒေါ်အောင်ဆန်းစုကြည်

သမိုင်းတွင်သောနေ့

ဒီချုပ်အမတ်များ ဦးဆောင်မည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ယနေ့စတင်

ဒီချုပ်ကိုယ်စားလှယ်များအခန်းရှေ့၌ အမှိုက်တွေ့၍ အမှိုက်ပုံးအတွင်းပစ်ရန် ဒေါ်အောင်ဆန်းစုကြည်သတိပေး

Latest News
ပျဉ်းမပင်စက်မှုဇုန်အတွင်း ဆက်နေသော ကျူးကျော်များ လေးခွဖြင့် ပစ်ခတ်ခံရ
Sun 07 Feb 2016 - 00:57
ဘောလုံးကစားနေသည့် မြန်မာ ၁၀ ဦးကို ထိုင်းရဲဖမ်းဆီး
Sun 07 Feb 2016 - 00:15
ရှမ်းနှင့် ရခိုင်မှလွဲ၍ တိုင်းနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အမည် စာရင်းများထွက်
Sun 07 Feb 2016 - 00:14

Sun 07 Feb 2016 - 00:13
ချစ်သတင်းကောလာဟလတွေကို ငြင်းဆိုတဲ့ ချွဲဂျီဝူး
Sun 07 Feb 2016 - 00:00
အော်စကာဆုနဲ့ မထိုက်တန်ဘူးလို့ ယူဆနေတဲ့ မက်ဒေမွန်
Sun 07 Feb 2016 - 00:00
ကချင်စစ်ရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာမယ့် ကချင်ဖက်ရှင်ဒီဇိုင်နာခုနစ်ဦး ရှိုးပွဲ
Sat 06 Feb 2016 - 23:59
‘သေလောက်အောင်ချစ်တယ်’လို့ စီးရီးအမည်ပေးဖြစ်တဲ့အကြောင်း ဆုပန်ထွာပြော
Sat 06 Feb 2016 - 23:59
ဆုံးရှုံးပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မြေထဲမြို့ဟောင်း
Sat 06 Feb 2016 - 23:58
ပြင်ဦးလွင် ကန်တော်ကြီးအနီးရှိ ကော်ဖီစိုက်ပျိုးမြေဧက ၂၇၀ ကျော်အား စက်မှုမြေငှားဂရန်ချပေးရန် စီစဉ်နေခြင်းကို မြို့ခံများကန့်ကွက်
Sat 06 Feb 2016 - 23:58

Copyright © 2015. Developed by Information Matrix
Digital Advertising Rates | Advertising Rate Sheet |Subscribe Newsletter | Search | Contact Us

posted from Bloggeroid
No comments:
Post a Comment