Wednesday, January 20, 2016

ပဲခူး အိမ် ၃ လုံးမီးလောင်မှု့ဖြစ်ပွား

ပဲခူးမြို့ နယ်၊ကတွင်းခြံကျေးရွာအုပ်စု တောင်သူစုကျေးရွာတွင် ဇန်န၀ါရီလ(၂၀)ရက်နေ့ က နေအိမ်(၃)လုံးမီး
လောင်မှုဖြစ်ပွားခဲ့ပါတယ်။
ပဲခူးမြို့ နယ်၊ရွှေတောင်ရိုးဘုရားအနီး ကတွင်းခြံကျေးရွာအုပ်စုတောင်သူစုကျေးရွာမှာ ဇန်န၀ါရီလ(၂၀)ရက်နေ့ ညနေ (၄း၂၅)အချိန်က မခိုင်ဆွေဦး နေ
အိမ်အတွင်း ဆိုလာပြားဖြင့်ဘက္ထရီအိုးအားသွင်းထားစဉ်ဘက္ထရီအိုးဟာ အားအပြည့်လွန်ပြီးအပူလွန်ကဲကာ
ဝုန်းကနဲအသံ(၃)ချက်နဲ့ အတူပေါက်ကွဲကာမီးခိုးများထွက်ပေါ်လာပြီးနေအိမ်အားမီးလောင်ကျွမ်းခဲ့ပါတယ်၊
အဲဒီလိုမခိုင်ဆွေဦးအိမ်ကဘက္ထရီအိုးပေါက်ကွဲပြီးမီးစတင်လောင်ကျွမ်းမှုကြောင့်ကပ်လျှက်ရှိသော ဒေါ်မြင့်ရီ
နေအိမ်နဲ့ ဒေါ်ဖြူတို့ အိမ်(၂)အိမ်ပါမီးလောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့နေရာကိုတော့ပဲခူးတိုင်းဒေသကြီးတိုင်းမီးသတ်ဦးစီးမှူး ဦးအောင်မြင့် နဲ့ မီးသက်
တပ်ဖွဲ့ ဝင်(၂၀)ခန့် နဲ့ မီးသက်ယာဉ်(၅)စီးတို့ နဲ့ အတူ ပဲခူးခရိုင်ရဲတပ်ဖွဲ့ မှဒုရဲမှူး နိုင်ဝင်းထွန်း၊မြို့ မရဲစခန်းမှ
စခန်းမှူးဦးစိုးပိုင်နဲ့ တာဝန်မှူးရဲအုပ်မျိုးအောင်တို့ နဲ့ ရပ်ကွက်နေပြည်သူတွေမီးငြှိမ်းသက်ခဲ့ကြရာ ညနေ(၅)နာ
ရီခန့် မှာတော့မီးငြိမ်းသွားခဲ့ပါတယ်။
နေအိမ်(၃)လုံးမီးလောင်ကျွမ်းမှုကြောင့် တန်ဖိုးဝွေကျပ်(၄)သိန်းခန့် ဆုံးရှုံးခဲ့ရပြီး မီးစတင်လောင်ကျွမ်း
အောင်မီးပေါ့ ဆသူ မခိုင်ဆွေဦးကိုတော့ ပဲခူးမြို့ မရဲစခန်းက(ပ)၄၄/၂၀၁၆၊ပြစ်မှုပုဒ်မ ၂၈၅ အရအမှုဖွင့်ကာ
ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်၊
ပဲခူးမြို့ နယ်မှာတော့အခုမီးလောင်တာဟာ(၂၀၁၆)ခုနှစ်မှာပထမဦးဆုံးဖြစ်တယ်လို့ ပဲခူးမြို့ နယ်မီး
သက်ဦးစီးမှူး ဦးစန်းဦး ကပြောပါတယ်။

posted from Bloggeroid

No comments:

Post a Comment