Sunday, February 14, 2016

အသုံးပြုခကောက်

တော်တော် အရှက်တရားကင်မဲ့တဲ့ မန်လေးတောင် စက်လှေခါးခ တောင်းတဲ့လုပ်ရပ်
======================================
၁၄..၂..၁၆
-
ပုံပါမြင်တဲ့ အတိုင်းဘဲ့ မန်လေးတောင်ပေါ်ကို ဘုရားသွားဖူးမယ်ဆိုရင်
( စက်လှေခါးကား စီးနင်းခ ပေးဆောင်ပါရန်တဲ့ ) ရွှေပြားလေးနဲ့
တောင် သေသေချာချာကော့ ထားပါသေးတယ်။
-
ဘုရားလာဖူးတာ ကုသိုလ်လိုချင်လို့ပါ - အခုဒီလို လုပ်ပုံက ငွေမရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ စက်လှေခါးကားခ မပေးနိုင်ရင် ဘုရားမဖူးရတော့ဘူးပေါ့
( ဟုတ်လား )
-
ပြည်တွင်နေ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အလှူပါဘဲ့လို့ ဘာမှမပြောပေမယ် ကမ္ဘာလှည့် ခရီးသယ်တွေလာလို့ ဒီလို မြင်သွာရင် နိုင်ငံသိက္ခာ ဘယ်လောက်ထိ ထိခိုက်သွားမလဲဆိုတာ ရော့ စဉ်းစားမိပါသလား
-
ဘယ်နိုင်ငံတကာမှမလဲ မကြာဖူး မမြင်ဘူးတဲ့ လုပ်ရပ်ဗျ
ဒီစက်လှေခါး လုပ်ပေးတာ ဘုရာလာဖူးတဲ့သက်ကြီးရွှယ်အိုတွေ အတွက်အဆင်ပြေအောင် စေတနာထားပြီးလုပ်ပေးတာ
မဟုတ်ဘူးပေါ့ - အဲလိုလား - ဗျ
-
ဘုရားကို ခုတုံလုပ်ပြီး ခင်ဗျာတို့ စီးပွားရှာတာဘဲ့ဗျ
-
ဒီစက်လှေခါး အတွက် သုံးစွဲတဲ့ လျပ်စစ်မီးတာခ ဖိုး မတတ်နိုင်ရင်လဲ စက်လှေခါးကို ရပ်ထားပါဗျ -
ဘုရားလာဖူးတဲ့ သူတွေခြေနဲ့ လျှောက်တက်လိမ့်မယ်
-
ခင်ဗျာ တို့ အခုလုပ်တဲ့ လုပ်ရပ်က ဘုရားဖူးပြီး ကုသိုလ်ယူချင်တဲ့
သူတွေကို အကုသိုလ်စိတ်ဝင်အောင် ငွေအတင်း တောင်းနေတာဘဲ့ဗျ
-
သက်ဆိုင်ရာ လူကြီးမင်းများ အနေနဲ့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ ဒီလိုအရှက်မဲ့ လုပ်နေတဲ့ လုပ်ရပ်ကို ဘာကြောင့် ထိုင်ကြည့်နေတာလဲ -ဗျ
-
ခင်ဗျာ တို့လုပ်ပုံက ကြားလို့ မြင်လို့မှ မကောင်းဘူးဗျ
================
ဧပရယ်မောင်မောင်

posted from Bloggeroid

No comments:

Post a Comment