Sunday, February 14, 2016

အသုံးချခံနေရာမဟုတ်

"လွှတ်တော်သည် ကိုယ်စားလှယ်တစ်ဦးစီအတွက် အသုံးချရန် စင်မြင့် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော "

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအတွက်လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်းကို နေပြည်တော် လွှတ်တော်အဆောက်အဦးရှိ သဘင်ဆောင်တွင် ယနေ့(ဖေဖေါ်ဝါရီ ၁၅ )နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ရှင်းလင်းတင်ပြပွဲတွင် "ကျွန်မတို့ကိုယ်စားလှယ်အားလုံးဟာ

ကိုယ်စားလှယ်တွေဆိုတာ မေ့လို့မဖြစ်ပါဘူး။ ပြည်သူကိုကိုယ်စားပြုပြီး တက်နေတာပါ။ ကိုယ့်ကိုကိုယ်ကိုယ်စားပြုပြီး တက်နေတာ မဟုတ်ပါဘူး။ အဲဒါကို ကိုယ်စားလှယ်များအားလုံး စွဲစွဲမြဲမြဲနဲ့နှလုံးသွင်းထားဖို့ဖြစ်ပါတယ်။ လွှတ်တော်ဆိုတာဟာ ကိုယ်စားလှယ်တဦးချင်း တဦးချင်း ကိုယ့်အတွက် အသုံးချဖို့စင်မြင့်လည်း မဟုတ်ပါဘူး။ ရာထူးနေရာရဖို့အတွက် ခုတုံးလှေကားထစ်လည်း မဟုတ်ပါဘူး။ သဘောထားမတူညီတဲ့ ပုဂ္ဂိုလ်များအကြား နပန်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး။ ဒီနေရာဟာ ကျမတို့အားလုံးဝိုင်းဝန်းပြီးတော့ နိုင်ငံနဲ့ပြည်သူ့အကျိုးကို အတတ်နိုင်ဆုံး ထမ်းဆောင်ရမယ့် နေရာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ကိုယ်စားလှယ်ဆိုတာ ပြည်သူ့မျက်နှာကို အဓိကကြည့်ရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့အစုအဖွဲ့မျက်နှာကို အဓိကကြည့်ရမှာ မဟုတ်ပါဘူး "ဟု ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များကို အမှာစကား ပြောကြားခဲ့သည်။

#7Day

posted from Bloggeroid

No comments:

Post a Comment