
တောင်သမန် အစိမ်းရောင်မြို့တော်စီမံကိန်းဒေသခံနှင့်တွေ့ဆုံပွဲကျင်ပ
မန္တလေးတိုင်းအမရပူရမြို့နယ် တောင်သမန်ဒေသကို အစိမ်းရောင်မြို့တော်
အဖြစ်တည်ဆောက်သွားရန် မန္တလေးတိုင်းဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့်ဒေသခံ
တွေ အပြန်အလှံဆွေးနွေးပွဲကို ထန်းတောကျေးရွာ ရွှေဘုံသာကျောင်းတွင်
ဖေဖော်ဝါရီလ ၁၃ ရက်နေ့နေခင်း ၃း ၃၀ အချိန်ကကျင်ပခဲ့သည်။
တောင်သမန်ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာအစိမ်းရောင်မြို့တော်အဖြစ်
၂၀၁၆ ခုနှစ်အတွင်းစတင်အကောင်အထည်ဖော်တည်ဆောက်နိုင်ရန်

ဒေသခံတွေများနှင်ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဆွေးနွေးပွဲကျင်ပ
ပြုလုပ်ခဲတာဟုသိရသည်။
အစိမ်းရောင်မြို့တော် အများပိုင်company director ဦးရဲမင်းသူက ပြောကြား
တောင်သမန်ကန်ပတ်လည် အစဉ်အမြဲမြို့ပြအင်္ဂါရပ်နှင့်အညီ ဖွင့်ဖြိုးတိုးတက်လာစေရန်နှင့် နေ့ရောညပါ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပလာစေရန် လူနေထူထပ်လာသည်နှင့်အမျှ အဓိက လိုအပ်ချက်ဖြစ်တဲ့
လူနေအဆောက်အဦးများဖြင့် မျက်စိပသာရ ဖြစ်စေရန်နှင့် mdy မြို့တော်ကို နိုင်ငံတကာ အဆင့်မီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်မြို့တော် ဖြစ်ပေါ်လာစေရန်ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းပိုမိုရ ရှိလာစေရန်နှင့် ကျန်းမာရေး လူမူရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ကန်ကြီးဧ။်ရေဆိုးရွားနေမူကို နိုင်ငံတကာမှ အဆင့်မြင့်နည်းပညာများဖြင့် သန့်ရှင်းသာယာလှပသော ကန်ကြီးဖြစ်အောင် ပြုပြင်ဆောင်ရွက်ရန်
တောင်သမန်ကန်ကိုအလှဆင်၍နိုင်ငံခြားခရီးသည်များကို ပိုမိုဆွဲဆောင်နိုင်စေရန် ရည်ရွယ်ပြီး စီမံကိန်းကို အများအကျိုး အဓိကထား၍ဒေသံခံများနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သည်ဟု
၎င်းကပြောသည်။
posted from Bloggeroid
No comments:
Post a Comment