Sunday, February 7, 2016

ငြိမ်းချမ်းရေးအတွက်မန္တလေးတွင်ထောက်ခံပွဲကျင်ပ

မန္တလေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား ကြိုဆိုထောက်ခံပွဲ
ပြုလုပ်ခဲကြသည်။

မန္တလေး ဖေဖော်ဝါရီ ၇

မန္တလေး မဟာအောင်မြေမြို့နယ် မြို့နယ်လူမှု့အထောင်ကူပြုအဖွဲ့က
ဦးဆောင်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အားကြိုဆိုထောက်ခံ
ပွဲကို ၃၅ လမ်း ၆၂ လမ်းမကြီးအတိုင်း မနောယ္မန်ဥယာဉ်မြောက်ဘက်
လူထုဟစ်တိုင် ကွင်းအတွင်ဟောပြောပွဲကျင်ပခဲသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြိုဆိုထောက်ခံပွဲကြီကို မန္တလေးမြို့ရှိ
တိုင်းရင်းသားပြည်သူလူထုအင်အား ၂၀၀၀ ခန့် တက်ရောက်ပြီ စည်းကား
သိုက်မြိုက်စွာ ဖေဖော်ဝါရီလ ၇ နေ နံနက် ၉ နာရီမှ ၁၀း၂၀ အထိကျင်ပခဲ့
ကာပြည်တွင်းငြိမ်းချမ်းရေး ကို မြန်မာပြည်သူတို့ရဲ့ အလိုလားဆုံး ဆန္ဒနှင့်
မျော်လင့်ချက်ကိုဖော်ဆောင်သောပွဲဖြစ်ပါတယ်ဟု လူထုအထောက်ကူပြု
အဖွဲ့ဥက္ကဌ ဦးသိမ်းဖေကပြောသည်။

၂၀၁၅ခုနှစ် အောက်တိုဘာ လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်း
သားပြည်သူများသိရှထားသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်သားလက်နက်
ကိုင်အဖွဲ့  (၈( ဖွဲ့နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး
ဗဟိုဌာန MPC တို့က တာဝန်ရှိသူများ အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ပြီး
နောက် ကြာခင်အချိန်တွင် နေပြည်တော်၌ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံကြီး ကျင်ပတော့မှာဖြစ်ပါတယ် ဒါကြောင့်မန္တလေးဒေသခံပြည်သူ
တိုင်းရင်းသားတွေစုပေါင်းကာဒီနေ့ ထောက်ခံပွဲကျင်ပါတာဟု၎င်းကပြော
သည်။

တိုင်းရင်းသားပေါင်းစုံနဲ့ လူအင်အားအများကြီး နဲ့ငြိမ်းချမ်းရေးထောက်ခံ
ပွဲလုပ်တာအလွန်ကောင်းပါတယ် ဒါပေမဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုပြီ
စတင်ဆွေးနွေးတုံးက ၁၇ ဖွဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုဖိတ်ပြီ
လုပ်တာ တကယ်ငြိမ်းချမ်းရေး လက်မှတ်ထိုးတာက ၈ ဖွဲ့တည်းထိုးတာ
ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်မြင်တယ်လိုပြောမရဘူး ဒီနေ့ လုပ်
တာ ပြည်ထောင်စုငြိမ်းချမ်းရေးပွဲထောက်ခံတာလွဲမှားနေတယ်လိုကျွန်
တော်ထင်တယ် ပြည်သူအစစ်တွေ ပါဝင်ခြင်းမရှိဘူး

ဌာနဆိုင်ရာဝန်ထမ်း
တွေရုံးပိတ်ရက်ခေါ်လာသလိုဖြစ်နေတယ်ဟုမန္တလေးနိုင်ငံရေးတက်ကြွ
လှုပ်ရှားသူတစ်ဦးကပြောသည်။

posted from Bloggeroid

No comments:

Post a Comment