လူငယ်များအတွက် အောင်မြင်ရေး စိတ်ခွန်အားများ တိုးမြှင့်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများ အခမဲ့ ဟောပြော
မန္တလေး ဖေဖော်ဝါရီ ၇
Y.E.C Learning Center မှ ကြီးမှူး၍ လူငယ်များအတွက် အောင်မြင်ရေး စိတ်ခွန်အားများ တိုးမြှင့်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများ အခမဲ့ ဟောပြောကို ယနေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ စွမ်းဟော်တယ် တွင်ကျင်းပသည်။
ဟောပြောပွဲတွင် ကနေဒါ နိုင်ငံမှ စာရေးဆရာ၊ အောင်မြင်ရေး သင်တန်းနည်းပြ Mr.Sebastien Leblond က အောင်မြင်မှု အတွက် ၊စီးပွားရေးအတွက် မိမိကိုယ်ကို ဘယ်လို အစီအစဉ်တွေလုပ်ရလဲ ဆိုတာကို ၊ရှင်းပြဟောပြောပြီး အောင်မြင်မှုအတွက် ဆောင်ရန်၊ ရှောင်ရန်များ အကြောင်း မိမိကိုယ်ကို ကြည်မှု ရှိအောင် မွေးမြူထားရှိရမည့်

စိတ်နေစိတ်ထားများ အကြောင်းကို ဟောပြောခဲ့ ရာ စီးပွားရေး ၊ပညာရေး၊လုပ်ငန်းခွင် ၀င်ရောက်နေသော လူငယ် သုံးရာခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဒီသင်တန်းကိုလာတက်တာ ပညာရေးစီးပွားရေးဆိုင်ရာတွေ ကိုဘယ်လို
ခွဲခြားရမယ်ဆိုသော နည်းလမ်းတွေ ဗဟုသုတတွေအများကြီးရတယ်
ကိုယ်မသိတာတွေ သိရတယ် လူငယ်တွေရဲဘဝအောင်မြင်တိုးတက်စေ
ရန် အခမဲ့တက်ခွင့်ရလိုဝမ်းသာပါတယ်ဟုမန္တလေး ဆေးတက္ကသိုလ်သူ
မအေးမွန်ကဖြေကြာသည်။

posted from Bloggeroid
No comments:
Post a Comment