နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများ အတွက် ဂီတ ရံပုံငွေဖျော်ဖြေပွဲ ကျင်းပ
မန္တလေး ဖေဖော်ဝါရီ ၁၆
တအောင်း(ပလောင် )စာပေနှင့် ယဉ်ကျေးမှုကော်မတီ (မန္တလေး) မှကြီးမှူး၍ နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ဂီတ ရံပုံငွေ ဖျော်ဖြေပွဲကို ယနေ့ ည ၇ နာရီက မန္တလေးမြို့ ကိုးကန့်ဓမ္မာရုံ ၌ ကျင်းပသည်။
ဖျော်ဖြေပွဲတွင် တအောင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ(မန္တလေး ) တာလှဖေ က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတအောင်းလူငယ်မောင်မယ်များ၏ ရိုးရာအကများ ဖြင့်စတင်ဖျော်ဖြေသည်။ထို့နောက် ပအိုဝ်ရိုးရာအက ။ကရင်ရိုးရာအက ။ရှမ်းနီရိုးရာအက ။နိုင်ငံကျော်တေးသံရှင် ဆိုတေး ။ချမ်းချမ်း ။အိမ်မက်ဆုံရာတေးသံရှင် ဟိန်းထွဋ်အောင်။ကျော့ကေသီ။ သံသာချို ။ မန္တလေးမြို့ခံ တေးသံရှင်များက တေးသီချင်းများ ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

posted from Bloggeroid
No comments:
Post a Comment