Saturday, February 13, 2016

ဗိုလ်ချုပ်မွေးနေ့

ပဲခူးမြို့ တွင် (၁၀၁)နှစ် မြောက်ဗိုလ်ချုပ်မွေးနေ့ အခမ်းအနားပြုလုပ်ခဲ့ကြပြီး ဗိုလ်ချုပ်မွေးနေ့ ကို ကလေးသူငယ်
များနေ့  အဖြစ် လည်း သက်မှတ်ပေးဖို့ တောင်းဆိုကြပါတယ်။
ဖေဖေါ်ဝါရီ ၁၃
ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် ရွှေနံ့ သာဘုန်းကြီးကျောင်းမှာ ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့ မနက်(၆)နာရီက
(၁၀၁)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်များအား အာဇာနည်ချစ်မြတ်
နိုးသူများကွန်ရက်မှ အာရုဏ်ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး မနက်(၇)နာရီအချိန်မှာတော့ ပဲခူးမြို့ ဇိုင်းဂနိုင်း
တောင်ပိုင်း/မြောက်ပိုင်း၊ကျွန်းသာယာရပ်ကွက်နဲ့ စက်ပိုင်းကကလေးသူငယ်(၁၀၀)ကျော်လောက်နဲ့ အာဇာနည်
ချစ်မြန်နိုးသူမှားကွန်ရက်အဖွဲ့ များဟာ ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် ရွှေနံ့ သာဘုန်းကြီးကျောင်း
ကနေပြီး ဗိုလ်ချုပ်ကြေးရုပ်ကို အလံများ ဗွီနိုင်းများကိုင်ဆောင်ပြီး စီတန်းလမ်းလျှောက်ချီတက်ခဲ့ကြကာ အဲဒီ
ဗိုလ်ချုပ်မွေးနေ့ ကို မြန်မာနိုင်ငံကလေးသူငယ်များနေ့ အဖြစ်သက်မှတ်ပေးဖို့ ကိုလဲတောင်းဆိုလိုက်ပါတယ်။

posted from Bloggeroid

No comments:

Post a Comment