
အခတ်အခဲအတားစီးများကြားကသရက်ခြံအတွင်းဘုရားတည်ခဲ့သည့်
အမ္ပပါလီဆုတောင်းပြည့်စေတီတော်ဟုဆို
==================================================
မန္တလေးတိုင်း တံတားဦးမြို့အဝင် သရက်ခြံအတွင်းရွှေတီဂုံစေတီတော်ပုံစံ
တူစေတီငယ်တည်ထားတာကို လယ်ယာမြေအတွင်းဘုရားတည်ခွင့်မရှိ
ဟုအတားအစီးအခတ်အခဲကြားကနေ အမ္ပပါလီ(သရက်ပင်)စေတီတော်
ဟုအမည်ပေးကာတည်းထားကိုးကွယ်ရခြင်းဖြစ်သည်ဟုဘုရားဒါယာကာ
ကပြောသည်။
"ကျွန်တော်ဒီဘုရားကို တည်ထားကိုးကွယ်ရခြင်းက ၁၉၉၇ ခုနစ်က
ရန်ကုန်က ရွှေတီဂုံစေတီတော်ကြီးကို ဆုတောင်းခဲ့တာ ပြည့်လိုကိုယ်
ပိုင်သည့်ခြံဝင်းအတွင်းကို ရွှေတီဂုံစေတီပုံစံတူစေတီငယ်တစ်ဆူတည်
တာဖြစ်ပါတယ် ပထမ ဘုရာတည်တော့ မြို့နယ်က တာဝန်ရှိသူတွေက
တားပါတယ် ကျွန်တော်က ကောင်းတာလုပ်တာ ဆက်လုပ်ခဲတော့သူတို့
ခွင့်ပြုပေးပါတယ် အခတ်အခဲအတားအစီးတော့ရှိတယ် ဒီနေရာဟာ
အင်ဝခေတ်က ပုဏ္ဏားတွေနေသည့် နေရာမို့ ပုဏ္ဏားကုန်သရက်ခြံလို
အမည်ပေးထားသည့်နေရာဖြစ်ပါတယ် ကျွန်တော်အသက်က ၆၀ ကျော်
ပြီ သားသမီးမထွန်းကားလို့  သရက်ခြံက ထွက်သည့်သရက်သီးတွေ
ရောင်းချငွေတွေ စုပြီးဘုရားတည်တာမို့ သရက်ပင် အမည်ပါသည့်
အမ္ပပါလီ ဆုတောင်းပြည့်မြတ်စွာဘုရားဟုဘွဲ့ အမည်ပေးထားတာဟု
ဘုရားဒါယာကာဦးဘိုဖြိုးကပြောသည်"။
အဆိုပါအမ္ပပါလီ သရက်ပင်ဘုရားတည်ထားသည့်နေရာတွင် ကာလတန်
ဖိုး ၁ ဧက လျှင် သိန်း ၁ သောင်းလောက်တန်သောမြေနေရာကိုရောင်ချ
ခြင်းမရှိဘဲ မိမိကိုယ်ပိုင် သရက်ခြံအတွင်း မြေဧက ၃ဧကနှင့် ဒသမ ၃၀
ပေါ်တွင် အမ္ပပါလီဆုတောင်ပြည့်မြတ်စွာဘုရာ ဘုန်းကြီးကျောင်းသိလရှင်
ကျောင်း ဂဏ္ဍကုဋီတိုက်များတည်ဆောက်လျှက်ရှိသည်ကိုတွေ့ရသည်။
"အမ္ပပါလီဆုတောင်းပြည့်စေတီတော်ကို စတင်တည်ဆောက်ခဲ့တာက
၂၀၁၅ ဇွန်လ ၁ ရက်နေ့ကဖြစ်တယ် လက်ရှိကုန်ကျငွေ သိန်း ၇၀၀ ထိကုန်
ကျသွားပါပြီ ၂၀၁၇ မတ်လအတွင်းအပြီးတည်ဆောက်သွားမှာပါ
တပေါင်းလပြည့်နေ့တွင် ဘုရားပွဲလုပ်သွားမယ်ဟုဘုရားဒါယိ
ကာမ ဒေါ်စန်းစန်းအေးကပြောသည်"။
ရွှေတီဂုံစေတီတော်ပုံစံတူ အမ္ပပါလီ သရက်ပင်စေတီတော်ကို ရန်ကုန်
မန္တလေးအမြန်လမ်း တံတားဦးအဝိုင်းပက် အနီး တံတားဦးမြို့ဝင်ဂိတ်၏
ညာဘက် သရက်ခြံကြီးအတွင်းတည်ဆောက်လျှက်ရှိသည်ကိုတွေ့ရ
သည်။

posted from Bloggeroid
No comments:
Post a Comment