Sunday, February 7, 2016

မန္တလေး သတင်း

လူမှုကွန်ယက်စာမျက်နှာတွင် နယ်စပ်ဒေသများတွင် IS များ ၀င်ရောက်မှုရှိသည်ဟုဆိုကာ
မန္တလေးတိုင်းဒေသကြီးအတွင်း မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိ

လူမှုကွန်ယက် စာမျက်နှာများပေါ်၌ မြန်မာပြည်အတွင်း နယ်စပ်ဒေသများမှာ IS များ ၀င်ရောက်မှုရှိသည်ဟု သတင်းပျံ့နှံလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် လုံခြုံရေး တိုးမြှင့်ချထား စစ်ဆေးနေကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။
'' ဖေ့ဘုတ်စ်ပေါ်မှာ ပုံတွေနဲ့ တကွ ပျံ့နှံ့နေတယ်၊ ဟုတ် မဟုတ်ကို စုံစမ်းစစ်ဆေးနေပါတယ်၊ တိုင်းအတွင်း မြိ့ဝင်၊ မြို့ထွက် ဂိတ်တွေမှာ ပူးပေါင်းအဖွဲ့တွေနဲ့ လုံခြုံရေး တိုးမြှင့်ချထားပြီး စစ်ဆေးရေးတွေ ဆောင်ရွက်နေပါတယ် '' ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်း စသည့် နေရာများ နှင့် ဆက်စပ်နေပြီး (၁၆)မိုင် မတ္တရာ ဂိတ်၊ (၂၁)မိုင် ပြင်ဦးလွင် ဂိတ် နှင့် စစ်ကိုင်းတံတား (ရတနာပုံတံတား) ဂိတ် စသည့် မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်သည်။
'' ရပ်ကွက်ထဲ လူဆန်အ၀င်အထွက်ကို သတိထား ဂရုပြုဖို့ ရပ်ကျေးထွေအုပ်တွေကို အသိပေးအကြောင်းကြားထားတယ်၊ ဒီနှစ်တွေမှာ ဧည်စာရင်း လာတိုင်တာတွေ နည်းလာတော့ သတိထားနေရတယ်၊ ဘာသာခြားတွေ အ၀င်အထွက်ကို ပိုသတိထား စောင့်ကြည့်နေပါတယ်၊ မလိုလားအပ်တာတွေ မဖြစ်ဖို့ လူတိုင်း အိမ်ကို ဧည်သည်လာရင် ဧည်စာရင်းတိုင်ဖို့ လိုပါတယ် '' ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။
မန္တလေးခရိုင်တွင် ဖွဲ့စည်းပုံအရ ရဲအင်အား(၁၃၅၃) ရှိရမည်ဆိုသောလည်း လက်ရှိတွင် ရဲအင်အား(၁၀၃၇)ဦးဖြင့် လုံခြုံရေး နှင့် အခြား တာဝန်များ ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့တွင်း အခြေအနေများအား Police Command Centre မှတစ်ဆင့် CCTV အလုံး(၄၀)ဖြင့် လုံခြုံရေးစောင့်ကြttည့်လျက်ရှိကြောင်း သိရသည်။

posted from Bloggeroid

No comments:

Post a Comment