Sunday, February 7, 2016

ကားမှောက်၍တစ်ယောက်တည်းသေဆုံး


အရေးပေါ်မီးဖွင့်၍မောင်းလာသောကား ကန်ပါက်လမ်းအလယ်ပန်ခုံပေါ်
ကသစ်ပင်တိုက်၍နေရာတွင်သေဆုံး

==================================================
မန္တလေး အမရပူရမြို့နယ် ဧရာဝတီ ကန်ပက်လမ်းပေါ်တွင် ဖေဖေါ်ဝါရီလ
၇ ရက်နေ့  ၁၂ နာရီအချိန်က Hondar FIT ခဲရောင်းကားလေးတစ်စီး
အရေးပေါ်မီးဖွင့်ကာအရိုန်ဖြင့် မောင်းလာစဉ် အလယ်ပန်းခုံပေါ်တက်သွား
ကာ သစ်ပင်ဝင်တိုက်၍နေရာတွင် သေဆုံးမှု့ဖြစ်ပွားခဲသည်။

"ကားက စစ်ကိုင်းဘက်ကနေ မောင်းလာတာ အရိုန်နဲ့ အရေးပေါ်မီးဖွင့်လာ
တာတွေရလို ကျွန်တော်ကားကို လမ်းဘေးချပေးလိုက်တာ သိပ်မကြာဘူး
မိုင်ဝတ်လောက် အရောက်မှ သူအရိုန်သူမထိမ်းနိုင်တာထင်တယ် အလယ်
ပန်းခုံပေါ်တက်သွားကား အခုလိုဖြစ်သွားတာ ဘာတွေဒီလောက်အရေး
ကြီး ဖြစ်နေတာလဲ မသိဘူး ကျွန်တော် သူကားနားရောက်တော့ ကားက
တော်တော်လေး ကြေးမွသွာတာ လူကို ကျွန်တော်ကားပေါ်နေဆင်းကြည့်
တော် သေနေပြီဟု မျက်မြင်သက်သေး ဦးမြင့်မောင်ကပြောသည်"

လမ်းကအကျယ်ကြီး ဘယ်ကဘယ်သူဆိုတာမသိရသေဘူး ကားက
ဟွန်ဒါ FiT မီးခိုးရောင်း ကားနံမှတ်ကတော့ 6F-9185 တစ်ယောက်တည်း
မောင်းလာပြီး အခုလိုသစ်ပင်ဝင်တိုက်ကာ သေဆုံးသွားတာ ဖြစ်ပြီး
အမရပူရမြို့နယ်ယာဉ်တိုက်မှု့ဖြစ်သေဆုံးသူအား ဆုံးဆန်စစ်
ဆေးကာဖေါ်ထုတ်လျှက်ရှိကြောင်းသိရသသည်ဟု၎င်းကပြောသည်။

အဆိုပါကိစ္စအားအမရပူရမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းအားဆက်သွယ်မေး
မြန်ခဲ့ရာ သေဆုံးသူ၏အမည်က ကိုမျိုးမင်းထွန်း အဘ ဦးခင်မင်း အသက်
၃၁ နှစ်ရှိပြီ
ပြင်ဦးလွင်မြို့နယ် နောင်ခမ်းကြီးရွာဖြစ်ပြီး သေဆုံးသူအားမြို့နယ် ဆေးရုံး
ရင်ခွဲရုံးဌာနသိုပို့ဆောင်ထားကြောင်းသိရသည်။

posted from Bloggeroid

No comments:

Post a Comment