Monday, February 15, 2016

ယာဉ်တိုက်မူ့


“စက်ချို့ယွင်း၍ရပ်ထားသောခရီးသည်တင်ယာဉ်ကို နိုင်ငံခြားသားမောင်း လာသည့် ပါဂျဲရိုးကားဝင်တိုက်”

-

ရန်ကုန်မြို့၊နာနတ်တောလမ်းထိပ်အနီးလှည်းတန်းခုံးကျော်တံတားအတက်တွင် စက်ပျက်၍ ရပ်ထားသော ယာဉ်လိုင်းအမှတ်(၂၃၁) ပါရမီ ခရီးသည်တင်ယာဉ် ၏နောက်ကျော ကို ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)ည၇နာရီခွဲအချိန် က နိုင်ငံခြားသား တစ်ဦးမောင်းနှင်လာသောမစ်ဆူဘီရှီ ပါဂျဲရိုးယာဉ်က ဝင်တိုက်ခဲ့သည်။

---

ဝင်တိုက်သည့် အရှိန်ကြောင့် ခရီးသည်တင်ယာဉ်မှာ အရှေ့သို့ ပေနှစ်ဆယ် ခန့်ရွေ့လျားသွားပြီး ခရီးသည်တင်ယာဉ်အောက်တွင် ဝင်ရောက်ကာ စက်ပြုပြင်နေသည့် ယာဉ်နောက်လိုက်လည်း တရွတ်ဆွဲပါသွားကာ လက်နှင့်ခြေထောက်တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။

-


ယာဉ်တိုက်မှုကြောင့်နိုင်ငံခြားသား မောင်းနှင်လာသည့် ပါဂျဲရိုးယာဉ် ခေါင်းပိုင်းမှာ ပျက်စီးသွား ပြီး ကားခေါင်းခန်းရှေ့တွင် လိုက်ပါလာသည့် နိုင်ငံခြားသူတစ်ဦးမှာ ခြေထောက်ဒဏ်ရာ ရရှိခဲ့သည်။

====================
====================

ဓာတ်ပုံ -ဂျေမောင်မောင် (အမရပူရ)

7Day News Journal

ဖေဖဝါရီ ၁၅

posted from Bloggeroid

No comments:

Post a Comment