Sunday, February 14, 2016

သပိတ်စခန်းဖွင့်ပြီ

ဖားကန့် ဒေသခံတွေ သပိတ်စခန်းဖွင့်ပြီ။
========================
ကျောက်စိမ်းအဆမတန် တူးဖော်နေပြီး စနစ်တကျ မြေစာ စွန့်ပစ်သည့် ကျောက်စိမ်းကုမ္ပဏီ များကို တားဆီးပေးရန် ဖားကန့် ဒေသခံများက သပိတ်စခန်းဖွင့်၍ တားဆီးလိုက်ကြောင်း သတင်းရ ရှိသည်။

ဖားကန့်မြို့နယ် ဆိပ်မူနှင့် ရွာဟောင်းကျေးရွာတို့မှ ဒေသခံ အင်အားတစ်ရာကျော်က ကုမ္ပဏီ ကားများ သွားလာနေသည့် လမ်း ကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၀ နာရီမှ စတင်ပိတ်ဆို့ကာ သပိတ်စခန်း ဖွင့်လိုက်ကြောင်း ဒေသခံ ဦးနောင်လတ်က ပြောသည်။

‘‘ဒေသခံတွေက ကုမ္ပဏီ တွေအနေနဲ့ စနစ်တကျမြေစာပုံ ပေးဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ပုံမြဲအတိုင်း ပုံနေတော့ အခုလို ဖြစ်ကုန်တာပဲ။ အစိုးရကနေ ကုမ္ပ ဏီတွေကို စနစ်တကျ ကြပ်မတ် ပေးဖို့လိုနေပြီ။ မျက်နှာလွှဲခဲပစ် လုပ်နေတာ မကောင်းဘူး။ မြေ စာပုံက ခဏခဏပြိုကျလည်း ဒုံး ရင်းက ဒုံရင်းပဲဖြစ်နေတယ်’’ဟု ဦးနောင်လတ်ကပြောသည်။

သပိတ်စခန်းဖွင့်ကာ ဆန္ဒ ထုတ်ဖော်နေသူများက သဘာဝ ပတ်ဝန်းကျင်အလွန်အကျွံဖျက် ဆီးနေမှုများကို အလိုမရှိ၊ကုမ္ပဏီ ပိုင်မြေစာသွန်ကားများစည်းကမ်း မဲ့မြေစာသွန်နေမှု ချက်ချင်းရပ်ဟူ သောစာတန်း ဗီနိုင်းများကို ၀ါးလုံးဖြင့် တန်း၍ လမ်းပိတ်ဆို့ထားသည်။ ဖေဖော်ဝါရီ ၁၃ရက်နေ့လယ်တွင် ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့က သပိတ်စခန်းပိတ်သိမ်းပေးရန် လာရောက်တောင်းဆိုခဲ့သော် လည်း ဒေသခံများ၏ တောင်းဆို ချက်များကို ကျောက်စိမ်းကုမ္ပဏီ များက လိုက်လျောမှသာရုပ်သိမ်း ပေးမည်ဟု တုံ့ပြန်ခဲ့ကြောင်း သ တင်းရရှိသည်။

"ဒီနေ့ကတော့ ရင်ထဲမှာ မခံနိုင်လွန်းလို့ ပွင့်ထွက်လာတာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီတွေကို ပိတ်ပါလို့ မပြောဘူး။ အများပြည်သူပိုင် လမ်းကနေ မသွားပေးပါနဲ့။ ဒီမှာမကြာခဏ ကားကြိတ်ပြီး သေသွားတဲ့ အဖြစ်တွေကလည်း အများကြီး ရှိနေပြီ။ နောက်တစ်ခု ၂၀၁၅၊ ၂၀၁၆ ခုနှစ်မှာ အရင်က မကြုံဖူးတဲ့ မြေစာပုံ ပြိုကျမှုဟာလည်း ခဏခဏဖြစ်လာတယ်။ ဒါဟာ စည်းကမ်းမဲ့ မြေစာပုံကြီးတွေ ပုံကြလို့ ဖြစ်တယ်။ မကြာခင်မှာ ဒီနားက မြေစာပုံတွေဟာလည်း ပြိုကျမယ့် အနေအထားမှာ ရှိနေတယ်။ စွန့်ပစ်မြေစာတွေကြောင့်ပဲ ဥရုချောင်းဟာလည်း တစ်နှစ်ကို သုံးလေးပေ မြင့်တက်နေတယ်။ ချောင်းက ပိုတိမ်လာတော့ လုံးခင်း တိုက်နယ်တစ်ခုလုံးဟာ မနှစ်ကထက် ပိုလို့ ရေလွမ်းမိုးသွားနိုင်တယ်။ နောက်တစ်ချက်ကတော့ သူတို့ ဒိုင်းနမိုက် ခွဲတဲ့အတွက်ကြောင့် လွင့်စင်လာတဲ့ ခဲလုံးတွေက အိမ်ခေါင်မိုး ပေါက်တာတွေလည်း ကြုံနေရတယ်။ သူတို့ ကုမ္ပဏီ ဖျက်သိမ်းပါလို့ မပြောဘူး။ ဒေသခံတွေနဲ့ညှိနှိုင်းပြီး လုပ်စေချင်တယ်" ဟု လုံးခင်းကျေးရွာအုပ်စုမှ ဆန္ဒပြ အဖွဲ့ခေါင်းဆောင် ဦးနောင်လတ်က ပြောကြားသည်။


posted from Bloggeroid

No comments:

Post a Comment