မော်ဒယ်မြင့်ကားများနှင့် ခေတ်မီနည်းပညာများကိုစိတ်ဝင်စားသောလူငယ်များအတွက် ဘဝအာမခံချက်ပေးနိုင်သောပညာရပ်
မတ်လ (၁)ရက်နေ့ တန်းခွဲသစ်ဖွင့်မည် သင်ရိုးသစ် (၂)လ သင်တန်း
မော်ဒယ်မြင့်ကားများ စစ်ဆေးပြစ်ချက်ရှာအဖြေထုတ်သင်တန်း
မော်ဒယ်မြင့်ကားတစ်စီးတွင်ပါဝင်လည်ပတ်နေသော စနစ်များအကြောင်း အခြေခံမှ စသင်သည်
ဝါယာရင်းဒိုင်ယာဂရမ်များကို ကိုယ်တိုင်ဖတ်နိုင်သည်အထိသင်သည်
ပြစ်ချက်ရှာကရိယာ စကန်တူးများဖြင့် ကျွမ်းကျင်စွာ စစ်ဆေးနိုင်အောင်သင်သည်
ကားကွန်ပြူတာသုံးဆင်စာများ အင်ဂျင်စီမံခန့်ခွဲစနစ်ပတ်လမ်းများကို လက်တွေ့တိုင်းတာနိုင်အောင်သင်သည်
ခေတ်မီကွန်ပြူတာဆော့ဖ်ဝဲလ်များအသုံးပြုကာ အဖြေထုတ်နိုင်အောင်သင်သည်
အသုံးပြုကိုင်တွယ်ရမည့်ပြစ်ချက်ရှာကရိယာများ
TIS Techstream Cable, Portable Scanner, Maxidas 708, AutoLand VeDis2, G-Scan2
ပြစ်ချက်ရှာကရိယာဖြင့် စမ်းသပ်အသုံးပြုရမည့်ကားများ
Toyota Vitz, Nissan AD-Van, Mazda Demio, Honda Civic, Mark X
ကားကွန်ပြူတာစနစ်သုံးဆင်စာဝါယာရင်းပတ်လမ်းများစစ်ဆေးတိုင်းတာခြင်းကို Toyota Vitz အသုံးပြုကာ သင်ကြားမည်ဖြစ်သည်
အချိန် ၃ နှစ်တာအတွင်း သင်တန်းသားပေါင်း ၈၀၀ ကျော် မွေးထုတ်ခဲ့ပြီးသော သင်တန်းဖြစ်သည်
အခြေခံမှစကာ စာတွေ့လက်တွေ့ဗီဒီယိုသင်ခန်းစာများဖြင့်သင်ကြားပေးခြင်းကြောင့် စိတ်ဝင်စားသူမည်သူမဆိုတက်ရောက်နိုင်သည်
အင်ဂျင်နီယာများကြီးကြပ်သင်ကြားသော သင်တန်းဖြစ်ပြီး သင်တန်းချိန်မှာ နေ့စဉ် မနက် ၈း၃၀ မှ ညနေ ၄း၃၀ အထိဖြစ်သည်
နယ်ကျောင်းသားများအတွက် အဆောင်စီစဉ်ပေးသည်
စာရွက်စာတမ်းကြေးများအပြီး သင်တန်းကြေး (၇)သိန်း
ဆက်သွယ်ရန်
အင်ဂျင်ဒေါက်တာအင်ဂျင်နီးယားရင်သင်တန်းကျောင်း
အမှတ် ၁၀၂ မြေညီထပ် ၅၂လမ်း အလယ်ဘလောက် ရန်ကုန်
ဖုန်း ၀၉ ၄၂၁၁ ၄၄၄၉၅၊ ၀၉ ၄၂၁၁ ၄၄၄၉၆၊ ၀၉ ၄၂၁၁ ၄၄၄၉၇
+ + + + + + + + + + + + + + +
၂လသင်တန်း နဲ့ ပတ်သတ်လို့ အမေးများတဲ့မေးခွန်း ၂၀ကို အမေးအဖြေပုံစံနဲ့ စုစည်းထားပါတယ် ဖတ်ပြီးလို့ မေးစရာရှိရင် ထပ်မေးနိုင်ပါတယ် ကျေးဇူးတင်ပါတယ်
(မေး ၁) သင်တန်းအတွက် ပညာအရည်အချင်းလိုအပ်ချက်ရှိပါသလား
(ဖြေ) သင်တန်းအတွက် ပညာအရည်အချင်း သီးခြားကန့်သတ်ချက် မရှိပါ
(မေး ၂) ကားနဲ့ ပတ်သက်လို့ အခြေခံမရှိတဲ့သူတွေ တက်လို့ရပါသလား
(ဖြေ) အခြေခံကစသင်လို့ ပညာရပ်အပေါ်စိတ်ဝင်စားပြီး ကြိုးစားမှုရှိတဲ့သူတိုင်း တက်လို့ရပါတယ်
(မေး ၃) စာတွေ့ပဲသင်တာလား လက်တွေ့ရောပါသလား
(ဖြေ) အခုသင်ရိုးက စာတွေ့လက်တွေ့ ခွဲလို့မရတဲ့သင်ရိုးဖြစ်ပါတယ်
(မေး ၄) ပညာအရည်အချင်းက အလယ်တန်းအဆင့်ပဲရှိပါတယ် တက်လို့ရပါ့မလား
(ဖြေ) ရပါတယ် ကြိုးစားအားထုတ်မှုပိုပြီးလိုအပ်ပါတယ် ပညာရပ်အပေါ်စိတ်ဝင်စားမှုအားကြီးတယ် မဆုတ်မနစ်ကြိုးစားတယ် သင်တန်းချိန်မှန်မှန်တက်ပြီး အိမ်စာမှန်မှန်လုပ်တယ်ဆိုရင် သင်ရိုးကုန်တတ်မြောက်နိုင်ပါတယ်
(မေး ၅) ကားမမောင်းတတ်ပဲနဲ့တက်လို့ရပါ့မလား
(ဖြေ) သင်တန်းတက်ဖို့ ကားမောင်းတတ်စရာမလိုပါ တက်လို့ရပါတယ်
(မေး ၆) သင်တန်းတက်ဖို့ လက်ပတော့ လိုပါသလား
(ဖြေ) သင်တန်းတက်ဖို့ လက်ပတော့ လိုပါတယ် အိတ်စတာနယ် ဟာ့ဒစ်ဝမ်းတယ်ရာဘိုက် တစ်လုံးလိုပါတယ် ဒစ်ဂျစ်တယ်မီတာတစ်လုံးလိုပါတယ်
(မေး ၇) အဆောင်နဲ့ သင်တန်းက နီးပါသလား
(ဖြေ) အဆောင်က သင်တန်းနဲ့ တစ်လမ်းတည်းမှာပါ
(မေး ၈) သင်တန်းက နေ့တိုင်းတက်ရမှာလား ဘယ်အချိန်ကနေဘယ်အချိန်အထိလဲ
(ဖြေ) သင်တန်းက နေ့စဉ်တက်ရပါမယ် မနက် ၈နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိတက်ရမှာပါ
(မေး ၉) သင်တန်းမှာ လက်တွေ့စစ်ဆေးတဲ့ကိရိယာတွေ ကိုယ်တိုင်ကိုင်ရမှာလား
(ဖြေ) သင်တန်းမှာ စစ်ဆေးကိရိယာတွေ ကိုယ်တိုင်ကိုင်ရမှာပါ အနည်းဆုံး ၅ မျိုးကို ကိုင်တွယ်ပြီး စစ်ဆေးရမှာဖြစ်ပါတယ် TIS Techstream Cable, Portable Scanner, Maxidas 708, AutoLand VeDis2, G-Scan2
(မေး ၁၀) ကားအစစ်တွေနဲ့ စစ်ဆေးရမှာလား
(ဖြေ) စီမြူလေတာ လို့ခေါ်တဲ့ သင်ထောက်ကူစက်ကိရိယာတွေနဲ့ အရင် စစ်ဆေးရပါမယ် ကျွမ်းကျင်လာပြီးဆိုရင် ကားအစစ်တွေနဲ့လည်း စစ်ဆေးရပါတယ် Toyota Vitz, Nissan AD-Van, Mazda Demio, Honda Civic, Mark X
(မေး ၁၁) သင်တန်းတက်ပြီးရင် အလုပ်ရနိုင်လား
(ဖြေ) သင်ရိုးကုန်စာကြေတယ် ပေါင်းသင်းဆက်ဆံရေးပြေပြစ်တယ် အလုပ်ခွင်အပေါ်သိတတ်နားလည်ပြီး ရိုးသားမှု ကြိုးစားမှုရှိတယ်ဆိုရင် အလုပ်တွေက အသင့်ရှိပါတယ်
(မေး ၁၂) သင်တန်းကြေးက တခါထဲပေးရတာလား ခွဲပေးလို့ရလား
(ဖြေ) သင်တန်းကြေးကို ခွဲပေးလို့ရပါတယ် ပထမလမှာ ၅ သိန်း ဒုတိယလဆန်း ၂ သိန်း ခွဲပေးလို့ရပါတယ်
(မေး ၁၃) သင်တန်းကြေး ၇ သိန်းက အဆောင်ကြေးပါသလား စားစရိတ်ရောပါသလား
(ဖြေ) သင်တန်းကာလ ၂ လစာအတွက် စာရွက်စာတမ်းကြေးအပါ သင်တန်းကြေး ၇သိန်းဖြစ်ပါတယ် အဆောင်ကြေးက သီးခြားဖြစ်ပါတယ် လောလောဆယ် အဆောင်ကြေးတလကို ၃၅၀၀၀ကျပါတယ် အဆောင်နားမှာ သန့်ရှင်းပြီးသက်သာတဲ့
ထမင်းရောင်းတဲ့ဆိုင်တွေရှိပါတယ်
(မေး ၁၄) ဟိုအရင် ၃လသင်တန်းနဲ့ အခု ၂ လသင်တန်း ဘယ်လိုကွာခြားပါသလဲ
(ဖြေ) အရင် ၃လသင်တန်းက သင်ရိုးပိုများပါတယ် အခု ၂လသင်တန်းက လုပ်ငန်းခွင် အမြန်ဝင်ချင်နေသူတွေအတွက် သင်ရိုးကို ပိုင်းဖြတ်ပြုပြင်ထားပါတယ် စနစ်အစုံ သိချင်တဲ့သူတွေအတွက် တတိယလကို ဆက်တက်နိုင်ပါတယ် တတိယလမှာ
ကားကွန်ပြူတာစနစ်သုံးဆင်စာဝါယာရင်းပတ်လမ်းများ စစ်ဆေးတိုင်းတာခြင်းကို Mark X အသုံးပြုကာ သင်ကြားပါတယ်
(မေး ၁၅) သင်တန်းပြီးသွားရင် ကိုယ်ပိုင်ဝပ်ရှော့ချက်ခြင်းဖွင့်လို့ရသလာုး
(ဖြေ) သင်တန်းက ပညာရပ်ကိုသင်ပေးတာဖြစ်ပါတယ် ကိုယ်ပိုင်ဝပ့်ရှော့ဖွင့်ဖို့ဆိုရင် ဈေးကွက်အနေအထား ဖောက်သည်တွေရဲ့အလေ့အထ စတာတွေ ထပ်သိဖို့လိုပါတယ် ကားလောကနောက်ခံ မရှိရင် ချက်ခြင်းဆိုင်ဖွင့်တာထက် မိတ်ဆွေဝပ်ရှော့တစ်ခုခုမှာ
အတွေ့အကြုံယူသင့်ပါတယ်
(မေး ၁၆) အင်္ဂလိပ်စာအားနည်းတယ် တက်လို့ရပါ့မလား
(ဖြေ) တက်လို့ရပါတယ် အင်္ဂလိပ်စာက ကားပညာထက်ပိုလွယ်ပါတယ် သင်တန်းမှာ ကိုယ်နားလည်သလိုလိုက်မှတ်နေရင်း အင်္ဂလိပ်စာနဲ့ အကျွမ်းတဝင်ရှိသွားပါလိမ့်မယ်
(မေး ၁၇) သိပ်နားမလည်လို့ သင်တန်းက ဘာတွေသင်ပေးတာလဲ
(ဖြေ) မော်ဒယ်မြင့်ကားတွေမှာပါတဲ့ စက်ကရိယာတွေက ဘယ်လိုဟန်ချက်ညီညီနဲ့လည်ပတ်နေသလဲ ကွန်ပြူတာစနစ်က မော်တော်ကားကို ဘယ်လိုစီမံခန့်ခွဲနေတယ် အင်ဂျင်ကဘယ်လိုအလုပ်လုပ်နေတယ် ဆားကစ်ပတ်လမ်းတွေဘယ်လိုရှိနေတယ်
ကားကွန်ပြူတာဘောက်နဲ့ ဆင်စာတွေဘယ်လိုချိတ်ဆက်ထားတယ် ကားရဲ့ဆားကစ်ပတ်လမ်းမှာပါတဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုစစ်ဆေးရတယ် ကားကွန်ပြူတာစနစ်ကို ဘယ်လိုပြစ်ချက်ရှာရတယ် ကွန်ပြူတာဆော့ဝဲလ်တွေသုံးပြီး ဘယ်လိုအဖြေထုတ်ရတယ်
ဆိုတာတွေ သင်ပေးတာဖြစ်ပါတယ်
(မေး ၁၈) သင်တန်းမှာ ဝါယာတိန်း သင်ပေးပါသလား အင်ဂျင်ကိုင်ရတာကောပါသလား
(ဖြေ) သင်တန်းမှာ အင်ဂျင်အဖြုတ်အတပ်လုပ်ရပါတယ် ၃လုံးထိုး ၄လုံးထိုး ၆လုံးထိုး ၈လုံးထိုး အင်ဂျင်တွေ နဲ့ ဂီယာဘောက်တွေကို အဖြုတ်အတပ်လုပ်ရပါတယ် ကားကွန်ပြူတာဘောက်နဲ့ ဆက်သွယ်ထားတဲ့ ဆင်စာတွေ အကြူရေတာတွေကို ဝါယာရိမ်း လိုက်ပြီး
စစ်ဆေးရတာတွေလည်း သင်ကြားပေးပါတယ် မော်ဒယ်မြင့်ကားတစ်စီး မှပါတဲ့ စနစ်တွေကို မိတ်ဆက်သင်ပေးပါတယ် အင်ဂျင်လည်ပတ်ပုံကိုတော့ အသေးစိပ်နီးပါးသင်ပေးပါတယ် အီလက်ထရစ်နဲ့အီလက်ထရောနစ်အခြေခံတွေလည်း သင်ပေးပါတယ်
ကွန်ပြူတာအခြေခံနဲ့ ကားနဲ့ပတ်သတ်တဲ့ဆော့ဖ်ဝဲလ်တွေ ကိုင်တွယ်တတ်အောင်လည်း သင်ပေးပါတယ် ဝါယာရင်းဒိုင်ယာဂရမ်တွေ ကိုယ်တိုင်ဖတ်နိုင်အောင်လည်း သင်ကြားပေးပါတယ်
(မေး ၁၉) အချိန် ၂လထဲနဲ့တတ်ပါ့မလား
(ဖြေ) ၃ နှစ်တာ အတွေ့အကြုံနဲ့ သင်ရိုးသစ်ရေးဆွဲထားတာဖြစ်ပါတယ် ပညာရပ်အပေါ်စိတ်ဝင်စားမှုအားကြီးတယ် မဆုတ်မနစ်ကြိုးစားတယ် သင်တန်းချိန်မှန်မှန်တက်ပြီး အိမ်စာမှန်မှန်လုပ်တယ်ဆိုရင် သင်ရိုးကုန်တတ်မြောက်နိုင်ပါတယ်
(မေး ၂၀) တတိယလ ဆက်တက်မယ်ဆိုရင် သင်တန်းကြေး ဘယ်လောက်ထပ်ပေးရမလဲ
(ဖြေ) တတိယလအတွက် သင်တန်းကြေးက ၃ သိန်း ဖြစ်ပါတယ်

posted from Bloggeroid
No comments:
Post a Comment