Sunday, January 10, 2016

အစိုးသစ်ဝန်ကြီးအတွက်NLDအဓိကဆွေနွေး

NLD အစည်းအဝေးက အစိုးရသစ် ဝန်ကြီးရွေးချယ်ရေး နှင့် ဝန်ကြီးဌာနများအရေး အဓိကဆွေးနွေး.......

=================

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုအလုပ်မှုဆောင်အစည်းဝေးကို ဇန်န၀ါရီလ (၁၀) ရက်က နေပြည်တော်တွင် ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် အစိုးရအသစ်အတွက် ဝန်ကြီးများ ရွေးချယ်ရေး နှင့် ဝန်ကြီးဌာနများပေါင်းစည်းရေးကို ဦးစားပေးဆွေးနေခဲ့ကြောင်း (NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟို အလုပ်မှုဆောင် ဦးဥာဏ်ဝင်းကပြောသည်။

“နေရာတွေ စဉ်းစားတယ်၊ ရာထူးတွေစဉ်းစားတယ်၊ ဆုံးဖြတ်ချက်မကျသေးဘူး" ဟု (NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်မှုဆောင် ဦးဥာဏ်ဝင်းက အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

နိုဝင်ဘာလ ရွေးကောက်ပွဲရလာဒ်အရ အစိုးရသစ်ဖွဲ့စည်းရတော့မည့် (NLD)ပါတီသည် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်၊ ဥတ္တရသီရမြို့နယ်ရှိ (NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းဆုကြည်၏ နှင်းဆီစံအိမ်တွင် နှစ်နာရီခွဲ ကြာ ကျင်းပခဲ့သည်။

“ကဏ္ဍနှစ်ခုစလုံးကို ဒီနေ့တော်တော် ဆွေးနွေးဖြစ်တယ်။ မကြာခင် ဒီဥစ္စာအဖြေထွက်တော့မှာ" ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ၎င်းတို့၏ အစိုးရအသစ်လက်ထက်တွင် ယေဘုယျအားဖြင့် အနည်းဆုံး ဝန်ကြီးဌာနနှစ်ခု၊ သုံးခန့်ကို ပေါင်းစည်းဖို့ ရှိကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောသည်။

နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ (NLD)ပါတီ၏ ဗဟိုအလုပ်မှူဆောင်ကော်မတီဝင်များဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဒေါက် တာဇော်မြင့်မောင်၊ ဒေါက်တာမေဝင်းမြင့်နှင့် ကော်မတီဝင်များတက်ရောက်ခဲ့သည်ကို တွေ့ရသည်။


posted from Bloggeroid

No comments:

Post a Comment