Saturday, January 16, 2016

KTVနှင့်အနိပ်ခံတွေသတိထားသွားစေလို

KTVနှင့်အနိပ်ခံတွေကပြသာနာတက်လျှင်အမှု့ဆင်၍လုပ်တက်သည်ဟုဆို
==================================================
စစ်ကိုင်း ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ
ပါဝါလိုက် ကေတီဗီနှင့်အနိပ်ခန်းမှာဆိုင်လာသည့်ဧည့်သည်တစ်ဦးအား
ဆိုင်းအတွင်းပြသာနာတက်ခဲ့သဖြင့် ဝိုင်းဝန်းထိုးနက်ခြင်း ရှော့တိုက်ခြင်း
များပြုလုပ်ပြီး ဧည်သည့်ကျန်ရစ်သော ရွှေနှင့်ငွေများကိုယူကာ ဧည်သည်
၏အိပ်အတွင်းအား WY ဆေးများထည့်ကာ ရဲတပ်ဖွဲ အုပ်ချုပ်ရေးမှူးတို့ပေါင်
းကား အမှု့စဉ်ခံရကြောင်းကာယကံရှင်မိသားစုကပြောသည်။

"ကျွန်မယောက်ကျား ကိုဇော်မင်းအောင်(ခ)ပလာတူးက ၂၄.၆.၂၀၁၅ရက်
နေက ကျွန်မ ခရီးသွားမှာမို့ ရွှေထည့်ပစ္စည်များနှင့် ငွေများအားယောက်
ကျားဖြစ်သူအား ပေးကာခရီးထွက်သွားပါတယ် အဲဒီနေညမှဘဲ ပါဝါလိုက်
KTVနှင့်အနိပ်ခန်းကို ငွေနဲ့ရွှေထည်ပစ္စည်းများယူ၍သွားပါတယ် အဲဒီမှာဘဲ
ကျွန်မယောက်ကျားကမှူးနေပြီး ဝိတာတွေနဲ့ စကားများပြီးရန်ဖြစ်တယ်လို
ကိုဇော်မင်းအောင် ပြောပြချက်အရသိရပါတယ်။

အဲဒီလိုစကားများပြသာနာတက်တော့ သူကို ဆိုင်က ဝန်ထမ်းတွေက
ဝိုင်းပြီး ရိုက်နက်ခြင်း ကျင်စက်ဖြင့်ရှော့တိုက်ခြင်းတွေခံခဲရကာ အိမ်မှ
ပါသွားသော ကျွန်မ လက်ဝတ်ရတနာနှင့် ငွေဆယ်သိန်းကျော်ကို
ပါဝါလိုက် ဆိုင်ကသိမ်းယူသွားပါတယ် အဲဒီဖြစ်ပွားပြီး ၂၅.၆.၂၀၁၅နေ့မှာ
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ညွန့်ကိုခေါ်ကာ သူကျန်ရစ်ခဲသော
အိပ်ပြန်သွားယူပါတယ် သွားယူတော့ သူအိပ်ထဲ့မှဘာပစ္စည်းမှမပါဘူးလို
ဆိုင်ရှင်ဦးဇော်မြင့်က ပြောပါတယ် ကျွန်မယောက်ကျားလည်း မကျေနပ်
တာနဲ့ ရဲစခန်းသို့အမှု့ဖွင့်တိုင်ကြားခဲ့ပါတယ် ကျန်ရစ်သောသူပစ္စည်းကို
မပေးလိုက်ပါဘူး အုပ်ချုပ်ရေးမှူးရုံမှပေးမယ်ဆိုပြီး ပြောပါတယ် နောက်
တစ်ရက်သွားအယူမှ အိပ်အတွင်းမှာ မသကာင်္ဖွယ်ရာပစ္စည်းတွေတယ်
လိုပြောပါတယ် အဒီနောက်သူကို မူးယစ်ဆေးမှု့ဖြစ်ဖမ်းမယ်ဆိုတာသိ
တာနဲ့ ညအချိန်မှာရွာက ထွက်ပြေးတိမ်းရှောင်နေခဲ့တာယနေ့ထိပါဘဲ
ဟုဒေါ်ဌေးဌေးဝင်းကပြောသည်။

posted from Bloggeroid

No comments:

Post a Comment